ငွေကို မစု ရွှေကို စုကြသည်

ငွေကို မစု ရွှေကို စုကြသည်

ဘဏ်မှာ ငွေကို စုတာထက် အိမ်မှာ ရွှေကို စုဆောင်းတာ ရှိတန်ဆာ မရှိဝမ်းစာ ဆိုတဲ့ရည်ရွယ်ချက်ထက် ပိုပါတယ်။  အိန္ဒိယနိုင်ငံမှာ ရွှေစုတာ ထက်သန်ကြတယ်။

An Indian bride (L) waits with her sister (R) for her wedding ceremony.

 

ကမ္ဘာ့ရွှေကောင်စီ World Gold Council မှ ပြီးခဲ့တဲ့နှစ်မှာ ခန့်မှန်းခဲ့တာ အိန္ဒိယနိုင်ငံရှိ အိမ်တွေမှာ စုထားတဲ့ ရွှေပမာဏ စုစုပေါင်းက တန်ချိန် ၂၅ ၀၀၀ ရှိမယ်လို့ ဆိုပါတယ်။ အိမ်မှာ ရွှေစုဆောင်းတာအတွက် ကမ္ဘာပေါ်မှာ အကြီးမားဆုံးနိုင်ငံ ဖြစ်ပါတယ်။
ရွှေကို ယုံတယ်။ ရွှေက ဘဏ်မှာ ငွေစုတာထက် ပိုစိတ်ချရတယ်လို့ ခံယူထားကြတယ်။

 

ကိုဗစ်ကပ်ရောဂါဘေး ဆိုက်ရောက်ချိန်မှာ ဘဏ်တွေ အလုပ်ကောင်းကောင်း မလုပ်နိုင်ကြဘူး။ ဘဏ်တချို့ ပြိုလဲတာလည်း ဖြစ်ပွားတယ်။ အမေရိကန်ဒေါ်လာ ၂.၅ ထရီလီယံရှိတဲ့ နိုင်ငံစီးပွားရေး ကမောက်ကမ ဖြစ်ကုန်တယ်။ အဲဒီအချိန် ငွေလိုရင် ရွှေကို ထုတ်ရောင်းပြီး ငွေဖော်လို့ ရနေတယ်။ ဒီတော့ ရွှေကိုပဲ လက်ထဲ ထားကြတယ်။ ဘဏ်ငွေစာရင်းကို အရန်အဖြစ်သာ သုံးကြတယ်။

 

A jewellery shop in Thiruvananthapuram, Kerala, India, on February 03, 2020.

 

ရွှေရှိရင် ငွေချေးဖို့ လွယ်တယ်။ ဘဏ်မှာ ချေးငွေရဖို့ လုပ်ရကိုင်ရတာ ခက်ခဲတယ်။ ချက်ချင်း မရဘူး။ ရွှေပေါင်ထားပြီး ငွေချေးရင် ချက်ချင်းရတယ်။ ရွှေဈေးက တစ်နှစ်တာကာလ ခြုံငုံကြည့်ရင် ဈေးတက်သွားတာချည်းပဲ။ ဒီတော့ ဘဏ်မှာ ငွေစုရင်း အတိုးရသလိုမျိုး ရွှေကို စုရင်လည်း အတိုးရတဲ့သဘော ဖြစ်နေတယ်။

 

အိန္ဒိယနိုင်ငံမှာ ယခုနှစ်အတွင်း ရွှေဈေးက ၂၈% တက်ခဲ့တယ်။ ၁၀ ဂရမ်ကို ရူပီ ၅၀ ၀၀၀ ကျော် (အမေရိကန်ဒေါ်လာ ၆၆၈) ပေါက်ဈေး ဖြစ်သွားတဲ့အထိ တက်တယ်။ တခြားအာရှနိုင်ငံတွေမှာလည်း ရွှေဈေးတွေ စံချိန်တင် တက်ကုန်တယ်။ အခုလို ရွှေဈေးခုန်တက်တာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပါတယ်။

 

အကြောင်းတစ်ချက် အနောက်တိုင်း ဘဏ်လုပ်ငန်းတွေက ကိုဗစ်ကြောင့် စီးပွားကျကုန်ပြီး အခွန်တွေ မရတော့တဲ့အပြင် ကူညီကယ်ဆယ်ရေးအတွက် အသုံးစရိတ်တွေကလည်း မြင့်မားကုန်တာကြောင့် နိုင်ငံသုံး ငွေစက္ကူတွေ ရိုက်နှိပ်ပြီး သုံးစွဲနေကြရတယ်။ အမေရိကန်နိုင်ငံမှာ ဆိုရင် ၂၀၂၀ ခုနှစ် ဇွန်လ တစ်လအတွင်း ရိုက်နှိပ်တဲ့ ငွေစက္ကူတန်ဖိုး ပမာဏဟာ ပြီးခဲ့တဲ့ ရာစုနှစ် နှစ်ခုအတွင်း ရိုက်နှိပ်ခဲ့တဲ့ တန်ဖိုးပမာဏထက် ပိုများတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒီတော့ ဒေါ်လာကို ယုံဖို့ ခက်ကုန်ကြပြီး ရွှေဖက်ကို လှည့်ကုန်ကြတာ သဘာဝ ကျပါတယ်။ 

 

နောက်ထပ် အကြောင်းအချက်တစ်ခုက ကမ္ဘာတစ်လွှားမှာ ရှိနေတဲ့ စတော့ဈေးကွက်တွေ မတည်ငြိမ်ဘူး။ ဒီတော့ စတော့ရှယ်ယာဝယ်မယ့်အစား ရွှေကိုပဲ ဝယ်ထားလိုက်ကြတယ်။ ဝယ်လိုအားတက်တော့ ဈေးထပ်တက်တယ်။ ဈေးတက်တော့ ပိုစိတ်ချရပြီဆိုပြီး ဝယ်ကြတဲ့သူတွေ ရှိလာပြန်တယ်။ ဝယ်လိုအား ထပ်တက်ကုန်ပြီး ဈေးက တက်ရိပ်ပဲ ပြနေပါတော့တယ်။

 

A woman walks out of an ATM of State Bank of India (SBI) in Mumbai, India on 07 February 2020.

 

နောက်ထပ်အကြောင်းတစ်ချက်က ဘဏ်စုငွေတွေကို အတိုးနှုန်းတွေ လျှော့ချသတ်မှတ်ကြလို့ ဘဏ်မှာ ငွေစုရတာထက် ရွှေက ပိုသေချာပြီး ဘဏ်အတိုးနှုန်း အလားတူအကျိုးအမြတ်ကို ရရှိနေစေတယ်။ ဘဏ်မှာ ငွေစုထားရတာထက်တောင် ပိုတွက်ခြေကိုက်နေတယ်။ အဲဒီလို အခြေအနေတွေ ဖြစ်ပွားနေတာကြောင့် ရွှေဈေးက လာမယ့်လတွေမှာလည်း တက်ရိပ် ဆက်ရှိနေဦးမှာ ဖြစ်တယ်လို့ တွက်ဆထားကြတယ်။


ကိုဗစ်ကာလမှာ စီးပွားရေးလုပ်ငန်းတွေ ဝင်ငွေပြတ်လပ်လို့ လက်ထဲထားတဲ့ ဒေါ်လာတွေ ထုတ်ရောင်းကြတယ်။ ရောင်းအားတက်လို့ ဈေးကျတာတွေ ဖြစ်ကုန်တယ်။ ရွှေကျတော့ ရောင်းစရာ မလိုဘူး။ ရွှေပေါင်ထားပြီး ငွေချေးလို့ ရတယ်။ ဒီတော့ ရောင်းအား မဖြစ်ပေါ်ဘူး။ ရွှေပေါင်ထားပြီး ငွေချေးရင် ချက်ချင်းရတယ်။ တကယ်တော့ ရွှေကို စုထားကြတဲ့ လုပ်ငန်းရှင်တွေအဖို့ အခြားငွေချေးနည်းလမ်းတွေနဲ့ နှိုင်းစာရင် ရွှေပေါင်ထားပြီး ငွေချေးတာက အမြန်ဆုံးနဲ့ အသက်သာဆုံး ဖြစ်ပါတယ်။ ဘဏ်မှာ ဘာလို့ ချေးငွေ မယူတာလဲလို့ မေးရင် ဘဏ်မှာ ငွေချေးရတာ လွယ်တာမှတ်လို့၊ အချိန်ကုန်လူပန်းတာပဲ အဖတ်တင်မယ်လို့ ပြန်ဖြေလိမ့်မယ်။

 

Source: BBC News

 

Read times Last modified on Sunday, 02 August 2020 15:50
Rate this item
(1 Vote)
Tagged under