လှပတဲ့ နှာတံလေးတွေ ဖြစ်ဖို့ အလွယ်တကူ ပြုလုပ်နိုငတဲ့ လေ့ကျင့်ခန်း (၅)မျိုး

လှပတဲ့ နှာတံလေးတွေ ဖြစ်ဖို့ အလွယ်တကူ ပြုလုပ်နိုငတဲ့ လေ့ကျင့်ခန်း (၅)မျိုး Google

လူတစ်ယောက်ရဲ့ အလှအပအတွက် မျက်နှာအစိတ်အပိုင်းအားလုံးဟာ အရေး ကြီးပါတယ်။ အဲ့ဒီအထဲမှာ နှာတံဟာလည်း တစ်ခုအပါအဝင်ပါ။

 

အသက်ရှုဖို့အတွက် အစိတ်အပိုင်းတစ်ခုသာ မဟုတ်ပဲ အလှအပနဲ့ဆိုင်တဲ့ အစိတ်အပိုင်း တစ်ခုပါ။ အခုနောက်ပိုင်းမှာတော့ လှပတဲ့ နှာတံကိုပိုင်ဆိုင်နိုင်ဖို့ ခွဲစိတ်ပြုပြင် တာမျိုးတွေအထိ လုပ်လာကြတာကို တွေ့ရပါတယ်။ ခွဲစိတ်ပြုပြင်မှပဲ ရမှာ လား..? လို့ မေးရင်တော့ မဟုတ်ပါဘူး။ ခွဲစိတ်မပြုပြင်ပဲ အောက်မှာ ဖော်ပြထားတဲ့ လေ့ကျင့်ခန်းလေးတွေ လုပ်ပေးလို့ရပါတယ်။ စိတ်ရှည်ရှည်နဲ့ ပုံမှန်လုပ်ပေးဖို့တော့ လိုပါတယ်။

 

၁။ နှာခေါင်း(နှာတံ)ရဲ့ Shape နဲ့ပတ်သက်ပြီး စိတ်ညစ်နေကြသူတွေအတွက်တော့ ဒီလေ့ကျင့်ခန်းလေးကို ပုံမှန်လုပ်ပေးပါ။ ပြုလုပ်ပုံကတော့ လက်ညှိုးကိုသုံးပြီး နှာခေါင်းရဲ့ ဘေးဘက်တွေကို ဖိပေးပြီး အသက်ပြင်းပြင်းလေး အသက်ရှုထု တ်ပေးရမှာပါ။ နှာတံရဲ့အောက်အောက်ပိုင်းကိုလည်း လက်ညှိုးနဲ့ဖိပေးပါ။ ဒီနည်းကိုတော့ တစ်နေ့(၁၀)ကြိမ်လောက် လုပ်ပေးရမှာပါ။

 

၂။ အသက်အရွယ်ဟာ လူတစ်ယောက်ကို ပြောင်းလဲမှုတွေ အများကြီးဖြစ်စေ တတ်ပါတယ်။ အရိုးတွေကို၊ အရွတ်တွေ၊ ကြွက်သားတွေကို ယိုယွင်းပျက်စီးစေ ပါတယ်။ ဒါတွေရဲ့ နောက်ဆက်တွဲအနေနဲ့ နှာတံ တိုဝင်သွားတာမျိုးတွေ၊ နှာတံ ပုံပျက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီပြဿနာအတွက် လေ့ကျင့်ခန်းကတော့ နှာခေါင်းကိုဖွဖွညှစ်ပြီး၊ နှာသီးကို ပင့်တင်ပေးရမှာပါ။ ဒီလေ့ကျင့်ခန်းကိုတော့ တစ်နေ့မှာ ကိုယ်လုပ်နိုင် သလောက် လုပ်ပေးလို့ရပါတယ်။

 

၃။ လက်ချောင်းတွေကို သုံးပြီး နှာသီးဖျားကို အပေါ် သို့ ပင့်တင်ပေးရမှာပါ။ ဒီနည်းက နှာခေါင်းမှာရှိတဲ့ ကြွက်သားတွေအတွက် ကောင်းပါတယ်။ တစ်နေ့မှာ အကြိမ်(၂၀)မှ (၃၀)လောက် လုပ်ပေးပါ။

 

၄။ သက်သောင့်သက်သာအနေအထားနဲ့ထိုင်ပါ။ နှာခေါင်းပေါက်တစ်ဖက်ကို ပိတ် ၊တခြားတစ်ဖက်နဲ့အသက်ရှူပါ။ ဒီအတိုင်း (၄)စက္ကန့်လောက် ကြာအောင်နေပါ။ ပြီးရင်တော့ အပြန်အလှန်အနေနဲ့ (ပိတ်တဲ့ ဖက်ကို ဖွင့်၊ ဖွင့်တဲ့ဘက်ကို ပြန်ပိတ် ပါ)။ တစ်ဖက်စီကို (၁၀)ကြိမ်လောက် လုပ်ပေးရမှာပါ။

 

၅။ ဒီနည်းကတော့ နှာခေါင်းကို လက်နှစ်ဖက်နဲ့ဖိပေးရမှာပါ။ ပုံမှာပြထားတဲ့ အတိုင်း ပါးစပ်ကို ဟထားပါ။ ပြီးရင်တော့ နှာခေါင်းကို လက်နှစ်ဖက်နဲ့ ဟိုဖက်ဒီဖက် ဖိပေးရမှာပါ။တစ်နေ့ကို အကြိမ်ရေ(၁၅)မှ(၂၀)အထိ လုပ်ပေးပါ။

 

 

Source: auntymay

Read times
Rate this item
(1 Vote)