ကိုယ့်မင်္ဂလာပွဲအတွက်ကို Wedding Planner သုံးသင့်၊ မသုံးသင့် ?

ကိုယ့်မင်္ဂလာပွဲအတွက်ကို Wedding Planner သုံးသင့်၊ မသုံးသင့် ? Google

Wedding Planner အမျိုးအစား (၃)မျိုးကို ဖော်ပြပေးချင်ပါတယ်။

 

၁။ ဝတ်စုံ၊ မိတ်ကပ်၊ Pre-Wedding Studio ဖိတ်စာ စတာတွေကို သက်ဆိုင်ရာ ဆိုင်တွေကို ဘွတ်ကင် တင်ပေးတယ်။ သတို့သား သတို့သမီးနဲ့ တွေ့ဖို့ ချိတ်ပေးတယ်။ စိတ်ကြိုက်မဟုတ်သေးရင် နောက်တစ်ဆိုင် ထပ်ချိတ်ပေးတာပေါ့။ သတို့သား၊ သတို့သမီး လျာထားတဲ့ တန်ဖိုးအတိုင်း ကြိုက်တာရွေးလို့ရတယ်။ ဆိုင်တွေနဲ့ ပြောကြ ဆိုကြပေါ့။ သူတို့က ချိတ်ပေးရုံသက်သက်ပဲလေ။

 

၂။ ဒုတိယ Wedding Planner အမျိုးအစားကတော့ ပွဲ စ၊ ဆုံး ကုန်ကျစရိတ်ကို သူတို့ကို ပေး၊ သူတို့က စဆုံး စီစဉ်ပေးတယ်။ သူတို့သတ်မှတ်ထားတဲ့ ဆိုင်တွေမှာသာ ဝတ်စုံတွေ ဖိတ်စာတွေကို ရွေးခွင့်ရှိတယ်။

 

၃။ နောက်ဆုံး Wedding Planner အမျိုးအစားကျတော့ Dinner လို ပွဲလေးတွေကို Game လေးတွေ ထည့်ပြီး ပွဲလေး မြိုင်အောင် တာဝန်ယူစီစဉ်ပေးတာမျိုးလည်းရှိတယ်။ အခုပြောပြခဲ့တဲ့ အမျိုးအစားတွေထဲမှာ တစ် အမျိုးအစားကတော့ သဘောကျစရာ သိပ်မကောင်းပါဘူး။ ခုလိုခေတ်ကြီးထဲမှာ အဲဒီလိုချိတ်ခိုင်းပြီး ငွေပေးမယ့် အစား Wedding မဂ္ဂဇင်း တစ်အုပ်ဝယ်ပြီး Ph လိုက်ဆက်၊ စုံစမ်းရင်တောင် ကိုယ့်စိတ်ကြိုက်ရတာမို့ ပိုအဆင်ပြေပါဦးမယ်။

 

နောက်ဆုံး Wedding Planner အမျိုးအစားကတော့ သုံးလို့ အကောင်းဆုံးနဲ့ အသုံးသင့်ဆုံးလို့ ပြောရမှာပါ။

 

နံပါတ်နှစ် Wedding Planner ကတော့ အသုံးအများဆုံး ပုံစံပါ။ တချို့ကတော့ ဟိုတယ် နဲ့ အစားအသောက်ပါ စီစဉ်ပေးတယ်။ တချို့ကတော့ ခန်းမနဲ့ အစားအသောက်က လွဲပြီး ကျန်တာ အားလုံးစီစဉ်ပေးတယ်။ အဲဒီလို Wedding Planner နဲ့ပတ်သတ်ပြီး ကောင်းကျိုးတွေရှိသလို ဆိုးကျိုးလည်း ရှိနိူင်ပါတယ်။

 

ဘယ်လိုလူတွေ Wedding Planner အပ်သင့်လဲ။

 

အချိန်လုံးဝ မပေးနိုင်တဲ့ စုံတွဲတွေ အတွက်ကတော့ ကိုယ်က အချိန် မပေးနိုင်လို့ အစီအစဉ်မကျ ဖြစ်ကုန်မယ့်အစား Plannerကို အပ်လိုက်တော့ အစီအစဉ်ကျမယ်၊ မပင်ပန်းတော့ဘူး၊ အရာရာ အဆင်သင့်လေး ဆောင်လိုက်ရုံပဲပေါ့။ နောက်တစ်ချက်က ၁ လ လောက် အလိုမှ ကပ်ပြီး အမြန်စီစဉ်ရမှာမျိုး၊ အမြန်ကျင်းပရဖို့ အရေးပေါ် ဖြစ်လာတယ်ဆိုရင်တော့ Wedding Planner သုံးတာဟာ အသင့်တော်ဆုံးပါပဲ။

 

အားသာချက်


-Wedding Planner အပ်ခြင်းရဲ့ အဓိကကောင်းကွက်ကတော့ သူတို့က အစအဆုံး စီစဉ်ပေးတဲ့အတွက် သတို့သမီးလေးတွေ Stress တော်တော်ကို နည်းနိုင်တယ်။ ပွဲနီးလေ ရုပ်ကျလေ မဖြစ်တော့ဘူးပေါ့နော်။ ပွဲရဲ့အစီအစဉ်တွေလည်း တိကျမှု ရှိနိုင်ပါတယ်။

 

အားနည်းချက်


Wedding Planner ရဲ့အားနည်းချက်လေးတွေလည်း ရှိပါတယ်။ Planner သုံး ရင် သတို့သမီး သတို့သား စိတ်ကူးတစ်ခုခု ပေါ်လာတိုင်း သူတို့နဲ့ တစ်ခေါက် ပြန်ညှိနေရတာလေးတွေလည်း ရှိပါတယ်။ Planner အရွေး မှားသွားခဲ့ ရင် ပွဲစ ပွဲဆုံး တောက်လျှောက် စိတ်အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။

 

အကြံပြုချက်


မင်္ဂလာပွဲကို ၁ နှစ်၊ ၁ နှစ်ကျော်လောက် ကြိုစီစဉ်ကြတဲ့အခါ လုပ်ငန်းခွင် ဝင်ရတဲ့သူ ဖြစ်ပေမယ့် အရမ်းမရှုပ်ဘူးဆိုရင် အေးအေးဆေးဆေး ဖုန်းဆက်လိုက်၊ လိုက်မေးလိုက်နဲ့ ကိုယ့်ပွဲကို အကုန် ကိုယ့်ခြေ ကိုယ့်လက် ပုံဖော်ပြီး ကျင်းပတာက ကောင်းပါတယ်။ ကိုယ်တိုင်စီစဉ်တဲ့အတွက် ကုန်ကျစရိတ်က အများကြီးကို ပိုသက်သာစေပါတယ်။ ဥပမာ ပွဲအတွက် ဘယ်နေရာမှာ ပိုသုံးမယ် ဘယ်နေရာကို လျှော့မယ် ဆိုပြီး စိတ်ကြိုက်ငွေ ပမာဏကို ချိန်နိုင်ပါတယ်။ Planner အတွက် ပေးရတဲ့ငွေကိုလည်း တခြားမှာ သုံးလို့ရနိုင်ပါတယ်။ ကိုယ့်ဘာသာကိုယ် စီစဉ်မယ်ဆိုရင် Dress တွေဖိတ်စာတွေဆိုလည်း ကိုယ်အချိန်ပေးနိုင်ရင် ပေးနိုင်သလို တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် အများကြီးလိုက်ကြည့်ပြီး အလှဆုံးကို စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။

 

သတို့သား သတို့သမီးကိုယ်တိုင် ကိုယ့်မင်္ဂလာပွဲကို စိတ်တိုင်းကျ အတူတူ ပုံဖော်ရတဲ့အတွက် ပင်ပန်းပေမယ့် စိတ်ခံစားချက်အရ ကျေနပ်ပြီး အမှတ်တရ ပိုဖြစ်နိုင်တယ်။ ပိုတိကျသေချာချင်တယ်။ အာရုံမနောက်ချင်ဘူး။ ငွေလည်း သုံးနိုင်တယ်ဆိုရင်တော့ Planner သာ ငှားလိုက်ပါ။ Planner သုံးမယ်ဆိုရင် တကယ့်အဖွဲ့အစည်း ခိုင်ခိုင်မာမာနဲ့ နှစ်အသင့်အတင့် အတွေ့အကြုံရှိတဲ့ Planner ကောင်းကောင်းကို သေချာရွေးချယ်ဖို့လည်း အထူးသတိပေးချင်ပါတယ်။ အားလုံးအဆင်ပြေကြပါစေ။

 

Myanmar Wedding Guide

 

 

Read times Last modified on Friday, 14 August 2020 21:18
Rate this item
(1 Vote)