Song&Song Couple ကွာရှင်းမှုနဲ့ ပတ်သက်ပြီး ရှေ့နေ၊ သတင်းထောက်တို့ရဲ့ သုံးသပ်ချက်

Song&Song Couple ကွာရှင်းမှုနဲ့ ပတ်သက်ပြီး ရှေ့နေ၊ သတင်းထောက်တို့ရဲ့ သုံးသပ်ချက် Koreaboo

Song Joong Ki နဲ့ Song Hye Kyo တို့ ကွာရှင်းခဲ့တာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပေမဲ့ သူတို့နှစ်ယောက်အကြောင်းကို လူပြောများနေဆဲဖြစ်ပြီး

 

ရှေ့နေ၊ သတင်းထောက်တို့ရဲ့ သုံးသပ်ချက်ကလည်း စိတ်ဝင်စားစရာ နာမည်ကျော် ကိုရီးယား ထိပ်တန်းသရုပ်ဆောင်တွဖြစ်ကြတဲ့ Song Joong Ki နဲ့ Song Hye Kyo တို့ဟာ DOTS ဇာတ်လမ်းတွဲမှာ ဆုံတွေ့ခဲ့ကြပြီး လက်ထပ်ခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အချစ်ရေးဟာ ဇာတ်သိမ်းမလှခဲ့ဘဲ ၂၀၁၉ ခုနှစ်မှာတော့ တရားဝင် ကွာရှင်းခဲ့ပါတယ်။ အဲဒီတုန်းက Song Joong Ki အနေနဲ့ ကွာရှင်းဖို့ စာရွက်စာတမ်းတွေကို တရားရုံးမှာ တင်ပြပြီး နောက်တစ်ရက်အကြာမှာ သူတို့ကွာရှင်းတော့မဲ့အကြောင်း ရှေ့နေ့ကနေ ထုတ်ပြန်ခဲ့တာပါ။ အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ရှေ့နေနဲ့ သတင်းထောက်တို့ရဲ့ သုံးသပ်ချက်ကလည်း စိတ်ဝင်စားစရာပါ။

ရှေ့နေ Kim Nam Gook ကတော့ နာမည်ကျော်စူပါစတားတွေရဲ့ ကွာရှင်းမှုဟာ လျှို့ဝှက်လွန်းပြီး သူတို့နှစ်ယောက် သဘောတူညီမှု မရမချင်း ချပြလေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီကိစ္စမှာ Song Joong Ki က အရင်ချပြလိုက်တာ Song Hye Kyo ကို ကွာရှင်းမှု ပိုမိုတက်ကြွစွာ ပါဝင်စေလိုတဲ့သဘောလို့ သုံးသပ်ခဲ့ပါတယ်။

 

Descendants of the Sun' stars Song Joong Ki, Song Hye Kyo to divorce |  PUSH.COM.PH: Your ultimate showbiz hub!

 

“နာမည်ကျော် အနုပညာတွေဟာ ကွာရှင်းတဲ့အခါ သူတို့နှစ်ယောက် သဘောတူညီမှု မရခင်အထိ လျှို့ဝှက်ထားလေ့ရှိပါတယ်။ Song Joong Ki က ကွာရှင်းမှုသတင်းကို တရားရုံးမှာ လျှောက်ထားပြီး တစ်ရက်အကြာမှာ ကြေညာခဲ့တာကို ကြည့်ရင် Song Hye Kyo ဘက်က ပိုမို တက်ကြွစွာ ပါဝင်လိုတဲ့ သဘောပါပဲ”လို့ ရှေ့နေ Kim

Nam Gook က ဖွင့်ဟခဲ့ပါတယ်။ ဖျော်ဖြေရေးနယ်ပယ်ထဲက ဝါရင့်သတင်းထောက် Kim Dae Oh ကလည်း ကွာရှင်းမှုဖြစ်စဉ်မှာ သူတို့နှစ်ယောက်က မျက်နှာချင်း မဆိုင်ခဲ့ဘူးလို့ သုံးသပ်သွားခဲ့ပါတယ်။ “သူတို့ရဲ့ဖြစ်စဉ်က ကွဲပြားမယ်လို့ ကျွန်တော် ယုံပါတယ်။ Song Joong Ki က သူ့ရဲ့ရှေ့နေကတစ်ဆင့် ထုတ်ပြန်သလို Song

Hye Kyo ကလည်း အေဂျင်စီက နေတစ်ဆင့် ထုတ်ပြန်ခဲ့တာပါ။ Song Joong Ki က ကွာရှင်းမှု ဖြစ်စဉ်ကို ပထမဆုံး စတင်ဆောင်ရွက်သူ ဖြစ်နိုင်ပါတယ်”လို့ သတင်းထောက် Kim Dae Oh က ဆိုခဲ့ပါတယ်။

 

 

 

Ref: Koreaboo

Read times Last modified on Wednesday, 21 October 2020 11:59
Rate this item
(0 votes)