နှစ်ဖက်မိသားစုဝင်တွေကို အသက်သေဆုံးစေခဲ့ပြီး ပွဲလာဧည့်သည်တွေကို ဒုက္ခရောက်စေခဲ့တဲ့ မင်္ဂလာပွဲ

နှစ်ဖက်မိသားစုဝင်တွေကို အသက်သေဆုံးစေခဲ့ပြီး ပွဲလာဧည့်သည်တွေကို ဒုက္ခရောက်စေခဲ့တဲ့ မင်္ဂလာပွဲ Daily News

အင်ဒိုနီးရှားနိုင်ငံမှာ Covid -19 ရောဂါကူးစက်မှုမြင့်မားနေချိန် ၊ Semarang မြို့မှာနေထိုင်စုံတွဲဟာ ၎င်းတို့ရဲ့ မင်္ဂလာပွဲကိုကျင်းပခဲ့ပါတယ်။

အဆိုပါနိုင်ငံရဲ့ ဘာသာရေးအဖွဲ့အစည်းက June 10 ရက်နေ့ကနေစပြီး မင်္ဂလာပွဲကျင်းပခွင့်ပေးခဲ့ပေမဲ့ နေရာနှင့်ပက်သက်ပြီး လူဦးရေအကန့်အသတ်ဖြင့်မင်္ဂလာပွဲကျင်းပခွင့်ပေးခဲ့တာပါ ။ မင်္ဂလာပွဲကိုနေအိမ်အတွင်းကျင်းပမယ်ဆိုရင်တော့ ဧည့်သည် 10 ဦးခန့်သာ ခွင့်ပြုထားပြီး ၊ ကြီးမားတဲ့ခန်းမတွေမှာ ကျင်းပမယ်ဆိုရင်တော့ လူ 20 ဦးအထိ လာရောက်ခွင့်ပြုထားပါတယ်။

 

 

သို့ပေမဲ့လည်း အဆိုပါစုံတွဲဟာ ခွင့်ပြုထားတဲ့လူအရေအတွက်ထက် ကျော်လွန်ပြီး ဧည်သည်တွေကိုဖိတ်ကြားကာ မင်္ဂလာပွဲကျင်းပခဲ့တဲ့အတွက် မင်္ဂလာပွဲသို့လာရောက်ခဲ့ကြသူများဟာ နောက်ပိုင်းတစ်ဦးပြီးတစ်ဦး ဖျားနာလာခဲ့ကြပါတော့တယ် ။ ကျန်းမာရေးညွန်ကြားချက်အတိုင်း လိုက်နာခြင်းမရှိတဲ့အပြင် သတို့သား၊သတို့သမီးတို့ဟာ လူအယောက် 30ထက်ကျော်လွန်ပြီး ဖိတ်ကြားခဲ့ကြတာဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောကြားသွားခဲ့ပါတယ်။

 

ထို့ကြောင့် မင်္ဂလာပွဲသို့လာရောက်ခဲ့ကြသူပေါင်း 30ကျော်ဟာလည်း Covid-19 ရောဂါ ကူးစက်ခြင်းခံခဲ့ရပါတယ် ။ ထို့အပြင် သတို့သား၏မိခင် နှင့် သတို့သမီး၏ညီမဖြစ်သူတို့ဟာလည်း Covid-19 ကူးစက်ခံရမှုကြောင့် အသက်သေဆုံးသွားခဲ့ရပါတယ် ။

 

 

 

Ref: DailyCiNews

Read times
Rate this item
(0 votes)