ဘာကြောင့် Eskala မှာ လက်ထပ်မင်္ဂလာအခမ်းအနား ကျင်းပသင့်သလဲ?

ဘာကြောင့် Eskala မှာ လက်ထပ်မင်္ဂလာအခမ်းအနား ကျင်းပသင့်သလဲ?

၁။ မီတာ ၅၀၀ ကျော် ရှည်လျားတဲ့ အကြီးမားဆုံး သဲသောင်ပြင် မှာ လက်ထပ်မင်္ဂလာကို ခမ်းခမ်းနားနားကျင်းပနိုင်မယ်။

 

၂။ အကောင်းဆုံး သဘာဝနောက်ခံကားချပ်များအဖြစ် လှပတဲ့ပင်လယ်ပြင်နှင့် ဟိုတယ်ကလည်းရှိနေမယ်။ 

 

Eskala Hotal & Resorts Facebook Page ကို ကြည့်ရှုရန် ပုံကို နှိပ်ပါ

 

၃။ စိမ်းလန်း စိုပြည်ပြီး အလှပဆုံးဖြစ်နေမယ့် ဥယျာဉ်၊ မြန်မာနိုင်ငံမှာ အကြီးမားဆုံးသော ရေကူးကန်၊ ချစ်ကြည်နူးစရာ တံတား တို့နဲ့ပြည့်စုံနေတဲ့ အထက်တန်းစား ဇိမ်ခံဟိုတယ်မှာ အကောင်းဆုံးသောအစားအစာတွေ တည်ခင်းပြီး လက်ထပ်မင်္ဂလာကို ကျင်းပနိုင်မယ်။

 

Eskala Hotal & Resorts Website ကို ကြည့်ရှုရန် ပုံကိုနှိပ်ပါ 

 

၄။ အဲ့ဒါတင်မကသေးပဲ ငွေဆောင်မှာ အမိုက်ဆုံး သဲသောင်ပြင်ဘားဖြစ်တဲ့ Brizo Beach Bar မှာ Wedding Sunset Cocktail သောက်ရင်းလည်း နေ၀င်ဆည်းဆာအလှကိုခံစားနိုင်ပါသေးတယ်။

 

Eskala Hotal & Resorts Facebook Page ကို ကြည့်ရှုရန် ပုံကို နှိပ်ပါ

 

၅။ အခုလိုပြီးပြည့်စုံတဲ့ မင်္ဂလာပွဲကို ကျင်းပနိုင်တဲ့နေရာကတော့ နိုင်ငံတကာမှ အသိအမှတ်ပြုသောဆုများဖြစ်တဲ့ 2017 Best Romantic Resort - Asia နဲ့ Best Honeymoon Resort (World Luxury Award) တို့ရဲ့ Award Winner၊ Tripadvisor မှ Top 10 Hotel Myanmar Award အတွက် နှစ်စဉ်ရွေးချယ်ခံရတဲ့ Hotel လည်းဖြစ်၊ World Travel Award မှချီးမြှင့်သော Best Resort in Myanmar ဆုကို ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀ (၃) နှစ်ဆက်တိုက် ရွေးချယ်ခံရတဲ့ Eskala Hotel ပဲဖြစ်ပါတယ်။

 

Eskala မှာ မင်္ဂလာပွဲကို ကျင်းပမယ်ဆိုရင် အင်မတန် သာယာလှပတဲ့ သဘာဝရှုခင်းအလှဖြစ်တဲ့ နေဝင်ဆည်းဆာအလှနဲ့အတူ သဲသောင်ပြင်မှာ မင်္ဂလာပွဲကို ပျော်ရွှင်ကြည်နူးခြင်းများဖြင့် ကျင်းပနိုင်မှာပါ။ သဲဖြူသောင်ပြင်ပေါ် အရောင်အလှအပတွေ ဆင်ထားတဲ့ အခမ်းအနားမှာ ရင်သပ်ရှုမောစရာ အဖြစ်ရဆုံး အိန္ဒိယသမုဒ္ဒရာ သဘာဝနောက်ခံကားချပ်နဲ့သွားရည်ကျစရာ ဂန္ထဝင်ယမကာများလည်း အသင့် ရှိနေမယ်။ သာယာငြိမ့်ညောင်းတဲ့ ဂီတသံလည်း ရှိနေမယ်။ သင့်ဘဝရဲ့ နေ့ထူးနေ့မြတ် မင်္ဂလာရက်မြတ်မှာ ဘယ်လောက်တောင် ကြည်နူးစရာ ကောင်းနေမလဲဆိုတာ စိတ်ကူးကြည့်လိုက်စမ်းပါ။

 

Eskala Hotal & Resorts Website ကို ကြည့်ရှုရန် ပုံကို နှိပ်ပါ 

 

နေ့ထူးနေ့မြတ်မှာ မင်္ဂလာဦးညစာစားပွဲအတွက် ညစာတည်ခင်းဧည့်ခံဖို့ ကြည်နူးစရာနေရာ အမျိုးမျိုးထဲက သင်နှစ်သက်ရာနေရာကို စိတ်ကြိုက်ရွေးချယ်နိုင်မှာပါ။  ကောင်းကင်ပြင်ကျယ် ကြယ်တွေအောက် သဲသောင်ပြင်မှာ ညစာစားပွဲ ကျင်းပချင်လည်း ရတယ်။ 

 

စိမ်းလန်းစိုပြေတဲ့ ဥယျာဉ်မှာ ချစ်ကြည်နူးစရာ နွေးထွေးတဲ့ အလင်းရောင်ဖြူတွေနဲ့အတူ ညစာစားပွဲကို ကျင်းပချင်တယ်ဆိုရင်လည်း ဖြစ်တယ်။ အလှပဆုံး ဟိုတယ်ရဲ့ အလှပဆုံး ရေကူးကန်အနီးတဝိုက်မှာလည်း ညစာစားပွဲကို ကျင်းပလို့ ရပါတယ်။ လက်ထပ်မင်္ဂလာပွဲ အစီအစဉ်ကတော့ ချစ်ကြည်နူးစရာ အလွန်ကောင်းပါတယ်။

 

ဟိုတယ်ရဲ့အထွက်ပေါက်ကနေ သဲသောင်ပြင်ဆီကို ထွက်လာတဲ့အခါ အလွန်ကြည်နူးစရာကောင်းတဲ့ တံတားတစ်ခုကို ဖြတ်သန်းပြီး လျှောက်လှမ်းကြရမှာဖြစ်ပြီး ကျွန်ုပ်တို့ရဲ့ အဖွဲ့သူအဖွဲ့သားတွေက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပေးကြမှာ ဖြစ်ပါတယ်။ သဲသောင်ပြင် မင်္ဂလာပွဲလာ ဧည့်ပရိသတ်အပေါင်းကို စားသောက်ဖွယ်ရာများနဲ့ယမကာအမျိုးမျိုးကို တည်ခင်းဧည့်ခံပေးထားပြီး ငြိမ့်ညောင်းတဲ့ တေးဂီတသံသာနဲ့အတူ မင်္ဂလာညစာကို စတင်သုံးဆောင်ကြရမှာ ဖြစ်ပါတယ်။

 

အထူးစီစဉ်ပေးထားတဲ့ မင်္ဂလာရုံမှာ မင်္ဂလာမောင်နှံ နေရာယူထားကြမယ်။ သဲသောင်ထိုင်ခုံတွေမှာ ထိုင်ကြရင်း တကယ့်ကို တစ်သက်တာ မမေ့နိုင်စရာ မင်္ဂလာအခမ်းအနား အတွေ့အကြုံတွေကို ရရှိခံစားကြရမှာပါ။  လက်ထပ်ထိမ်းမြား မင်္ဂလာအခမ်းအနားပြီးတဲ့အခါ ကျွန်ုပ်တို့ရဲ့ အဖွဲ့သူအဖွဲ့သားတွေက နေဝင်ဆည်းတာ ယမကာဖြင့် ဧည့်ခံပေးကြမှာ ဖြစ်ပါတယ်။ ယမကာနဲ့အတူ သုံးဆောင်ဖို့ ဟိုတယ်မှ စီမံပေးတဲ့ ကင်နပေးကိုလည်း သုံးဆောင်နိုင်ကြမှာပါ။

 

Eskala Hotal & Resorts Facebook Page ကို ကြည့်ရှုရန် ပုံကို နှိပ်ပါ

 

မှောင်စပြုလာတဲ့အခါ မင်္ဂလာပွဲကို မြူးမြူးကြွကြွဖြင့် ပျော်ရွှင်စွာ ကျင်းပနိုင်ဖို့ ဂီတတီးဝိုင်းဖြင့် ဖြစ်စေ၊ ဒီဂျေဖြင့် ဖြစ်စေ ဖြေဖျော်မှုကို စတင်လိုက်မှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်ပ်တို့ရဲ့ အချက်အပြုတ်ဆိုင်ရာ အဖွဲ့က ဘူဖေးကို တည်ခင်းပေးထားမှာပါ။

 

အလတ်ဆတ်ဆုံး ပင်လယ်စာတွေကို ဂီတသံနဲ့အတူ သုံးဆောင်နိုင်ကြမှာ ဖြစ်တဲ့အပြင် ဂီတနဲအတူ ကခုန်ပျော်ရွှင်နိုင်ကြမှာ သေချာပါတယ်။ တစ်သက်တာအတွက် အမှတ်ရဖြစ်နေမယ့်နေ့ရဲ့ အဆုံးသတ်အပိုင်းမှာတော့ လောကတစ်ခွင်လုံးကို သူတို့ ထိမ်းမြားလက်ထပ် လိုက်ကြပြီဆိုတာကို သိစေအောင် မီးရှုးမီးပန်းတွေ ပစ်လွှတ်ကြရင်း မင်္ဂလာအခမ်းအနားကို အဆုံးသတ်မှာဖြစ်ပါတယ်။

 

Eskala Hotels & Resorts အကြောင်းပိုမို သိရှိလို့ပါက အောက်ဖော်ပြပါပုံကို နိုပ်၍ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

 

>> Eskala Hotels & Resorts Website ကိုကြည့်ရှုရန် ပုံကိုနှိပ်ပါ <<

>> To See Eskala Hotels & Resorts Facebook Page ကိုကြည့်ရှုရန် ပုံကို နှိပ်ပါ <<

 

 

 

 

Why you should celebrate wedding at Eskala ​

 

Here we need special content why the guest should celebrate wedding at Eskala ​

1. We have the biggest area of sandy beach which is over 500 meters long ​

 

To See Website Page Tap Photo

 

2. Best location background with the beauty of ocean and beautiful hotel ​

3. Lush green Garden - Eskala which is the most beautiful garden we’ve set up ​

3. Biggest Swimming pool in Myanmar ​

 

To See Facebook page Tap Photo

 

4. Luxury hotel set up ​

5. Romantic Bridge ​

6. Best foods offering hotel ​

7. Award winning hotel ​

 

8. Wedding sunset Cocktail session, one of the most stylish beach bar in Ngwe Saung, Brizo Beach Bar

9. Award Winning resorts 2017 Best Romantic Resort - Asia and Best Honeymoon resort awarded from World Luxury Award ​

10 Continuous Top 10 Hotel Myanmar award winning hotel by Tripadvisor ​

11. World Travel Award continuous winner Best resort in Myanmar 2018, 2019 and 2020 ​

 

To See Website Page Tap Photo

 

Let’s talk about the wedding set up on the beach

We need to mention how we can enjoy the wedding on the sands overlooking the beautiful sunset, theme color wedding setup on our white sand beach with a background with the amazing Indian Ocean, having mouthwatering classical cocktails and soft music. Imagine how well you can enjoy everything on your special day.

 

Dining options

On your special day, we have various romantic locations where you prefer to have your wedding dinner

Dine under open sky with the stars at our beach

Dine at our lush green garden with romantic warm white lights

The most beautiful hotel with the most beautiful pool dinner which hosts and guests can enjoy together on the pool deck

 

To See Facebook page Tap Photo

 

Let’s talk about our wedding ceremony program

Romantic gateway from hotel to beach passing our connecting bridge and welcome by our team members to all the beach wedding guests while serving your favorite cocktail or mocktail or sparkling.

 

Background soft music, the wedding ceremony begins for the couple and our specially arranged wedding tent and other beautify set up beach chairs will be unforgettable experiences in your life.

After the wedding ceremony, our team members will start to serve the sunset cocktails with homemade canapé.

 

To See Website Page Tap Photo

 

When it's getting dark, it’s the best time to enjoy your wedding party with Music group or DJ on the beach when our culinary team open buffet. You can have most fresh seafood dish cooked and have the dinner with enjoyment. Still, party will be continued with dance and music and couple of fireworks to end the memorable day, sparkling sticks and fireworks will tell to the world we are married.

 

Eskala Hotels & Resorts အကြောင်းပိုမို သိရှိလို့ပါက အောက်ဖော်ပြပါပုံကို နိုပ်၍ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

 

>> To See Eskala Hotels & Resorts Facebook Page tap photo <<

 

>> To See Eskala Hotels & Resorts Website Tap Photo <<

 

 

 

 

 

Read times Last modified on Thursday, 22 October 2020 21:12
Rate this item
(1 Vote)