MEMORY! Cinéma သည် Myanmar Script Fund 2020 ၏ ဆန်ကာတင် ရွေးချယ်ခံရသူများနှင့် အစီအစဉ်ကို သတင်းထုတ်ပြန်ကြေညာ

MEMORY! Cinéma သည် Myanmar Script Fund 2020 ၏ ဆန်ကာတင် ရွေးချယ်ခံရသူများနှင့် အစီအစဉ်ကို သတင်းထုတ်ပြန်ကြေညာ MSF

MEMORY မှ ပြုလုပ်သည့် အဆိုပါ အွန်လိုင်း သတင်းစာရှင်းလင်းပွဲတွင် MEMORY ၏ Chairman ဖြစ်သော Séverine Wemaere နှင့် MEMORY ပွဲတော်ကို စဉ်ဆက်မပြတ် အဓိက ကူညီပံ့ပိုးပေးသူ တစ်ဦးဖြစ်သော ဒေါ်ဆွေဇင်ထိုက်တို့က

 

၅ ကြိမ်မြောက် ကျင်းပမည့် Myanmar Script Fund 2020 (MSF) တွင် ပါဝင်သည့် အကြောင်းအရာများ၊ ပါဝင်ခွင့် ရရှိမည့် ဆန်ကာတင် ရွေးချယ်ခံရသူများ၊ ပါဝင်ဆွေးနွေးသွားမည့် ဖိတ်ကြားထားသော နိုင်ငံတကာအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ၊ အကဲဖြတ်ဒိုင်များ စသည့် အချက်အလက်များကို သတင်းထုတ်ပြန်ကြေညာ လိုက်သည်။

အဆိုပါ ၅ ကြိမ်မြောက် Myanmar Script Fund 2020 (MSF) အကဲဖြတ်အဖွဲ့၏ ဥက္ကဌအဖြစ် ဘာလင်ရုပ်ရှင်ပွဲတော်တွင် ဆုချီးမြှင့်ခြင်းခံရသည့် Bouthan မှ ဒါရိုက်တာတစ်ဦးဖြစ်သူ Mrs Dechen Roder ကို ကြေညာခဲ့သည်။ Mrs Deche Roder သည် နိုင်ငံတကာ MSF အကဲဖြတ် အဖွဲ့ဝင် ဒါရိုက်တာများဖြစ်သည့် Michel Hazanavicius (ပြင်သစ်)၊ Midi Z (မြန်မာ - ထိုင်ဝမ်)၊ Phan Dang Di (ဗီယက်နမ်)၊ Tran Anh Hung (ပြင်သစ်- ဗီယက်နမ်) တို့ပါဝင်သော အဖွဲ့ဝင် ၆ ဦးပါ MSF အပြည်ပြည်ဆိုင်ရာ အကဲဖြတ်အဖွဲ့ကို ဦးဆောင်မည်ဖြစ်သည်။

 

MEMORY! Cinéma သည် Myanmar Script Fund 2020 ၏ ဆန်ကာတင် ရွေးချယ်ခံရသူများနှင့် အစီအစဉ်ကို သတင်းထုတ်ပြန်ကြေညာ

 

Myanmar Script Fund (MSF) သည် မြန်မာရုပ်ရှင်ရိုက်ကူးသူများအတွက် ရည်ရွယ်သည့် အစီအစဉ်တစ်ခုဖြစ်သည်။ MSF ၏ အဓိက ရည်မှန်းချက်မှာ နောက်ဆုံးဆန်ကာတင်ရွေးချယ်ခံရသူများအတွက် ၎င်းတို့၏ ကျွမ်းကျင်မှုကို မြှင့်တင် ပေးရန်နှင့် ပရော်ဖက်ရှင်နယ်များနှင့် တွေ့ဆုံဆွေးနွေးမှုများကျင်းပရန်ဖြစ်ပြီး ဇာတ်ညွှန်းရေးသားခြင်း သို့မဟုတ် ထုတ်လုပ်မှုအတွက် တစ်ဦးချင်း အကြံပေးခြင်း စုံညီအစည်းအဝေးများကို ဖြစ်ပေါ်စေရန်ဖြစ်သည်။

 

“MSF ဟာ စွမ်းဆောင်ရည်ရှိသူတွေကို မွေးဖွားပေးတဲ့ အဓိကနေရာတစ်ခုဖြစ်ပြီးတော့ ဒီအစီအစဉ်ဟာ ပညာရေးဆိုင်ရာ အစီအစဉ်တွေမှာ မပါဝင်တာကြောင့် လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။  ရွေးချယ်ခံရသူတွေကို ဒီကဏ္ဍမှာ ကာလကြာရှည်စွာ စွဲစွဲမြဲမြဲလုပ်ကိုင်နေတဲ့အဖွဲနှင့် နိုင်ငံတကာရှပ်ရှင် လောကမှ ပြင်ပ ပညာရှင်တွေက ပံ့ပိုး ကူညီပေးသွားမှာ ဖြစ်ပါတယ်။ MSF ကို တစ်နှစ်ပတ်လုံးကျင်းပပြုလုပ်ပြီးတော့ ရွေးချယ်ရာမှာတော့ အထူးကြပ်မတ် ထားတဲ့ အစည်းအဝေးတွေမှာ လုပ်ဆောင်ခဲ့တာြဖစ်ပါတယ်။ ဒါ့အပြင် စီမံကိန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရွေးချယ်ခံ ဇာတ်လမ်းတွေ ရိုက်ကူးဖြစ်စေဖို့ ပါဝင်သူတွေကလည်း စဉ်ဆက်မပြတ် ကျိုးစားကြည့်နေဖို့ လိုအပ်ပါတယ်’’ ဟု MEMORY နှင့် MSF ၏ တွဲဖက်ဦးဆောင်သူ Séverine Wemaere က ပြောကြားခဲ့သည်။

 

MSF 2020 တွင် မတူညီသော ကဏ္ဍ ၂ ခုပါ ဝင်မည်ဖြစ်သည်။ MSF Original သည် Project အသစ်များအတွက်ဖြစ်ပြီး MSF Advanced သည် MSF Alumni ၏ ပိုမိုကောင်းမွန်သော Project များအတွက် ရည်ရွယ်ခြင်းဖြစ်သည်။ အဆိုပါ ကဏ္ဍနှစ်ခုစလုံးသည် စီစစ် ရွေးချယ်ထားသော ကဏ္ဍများဖြစ်ကြသည်။

MSF ORIGINAL (MSFO) ကို Project အသစ်များအတွက် ရွေးချယ်ပြုလုပ်ထားခြင်းဖြစ်ပြီး MSF မှ မြန်မာရုပ်ရှင် ဇာတ်ကား Project ၆ ခုကို စိစစ် ရွေးချယ်ခဲ့ပြီးဖြစ်သည်။ အဆိုပါ ဆန်ကာတင် ရွေးချယ်ခံရသော Project ၆ ခုနှင့် ဖန်တီး ပြုလုပ်ထားသူများကို MSF ၏ နည်းပြများမှ သင်ကြားပြသဆွေးနွေးသွားမည်ဖြစ်သည်။ အဆိုပါ Project များသည် ဒီဇင်ဘာ ၇ ရက်တွင် နိုင်ငံတကာအကဲဖြတ်ဒိုင်လူကြီးများ၏ ရှေ့မှောက်တွင် ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီဇင်ဘာ ၉ ရက် တွင် ဆုရရှိသူများကို ကြေညာသွားမည်ဖြစ်သည်။

 

အဆိုပါဆန်ကာတင် ရွေးချယ်ခံရသော MSFO project ၆ ခု

  • Nay Wunn Ni နှင့် ထုတ်လုပ်သူ Myo Thar Khin တို့၏ CITY BIRDS
  • Mann Pye Pyo Aung နှင့် ထုတ်လုပ်သူ Hink Ei Hlaing တို့၏ CURVE
  • Sic Hmuu Naing နှင့် ထုတ်လုပ်သူ Jose Dennis C. Teodosio တို့၏ INFINITE PAIN
  • Kaung Myat Thu Kyaw နှင့် ထုတ်လုပ်သူ Aye Nilar Kyaw တို့၏ MEL MO
  • Zaw Win Htwe နှင့် Lin Sun Oo တို့၏ THE MIST OF MAYA
  • ထုတ်လုပ်သူ Min Min Hein ၏ THE YELLOW FIELD

MSF ADVANCED (MSFA) သည် MSF တွင် ပါဝင်တက်ရောက်ဖူးသည့် MSF Alumni များအတွက် ရည်ရွယ်ထားသော အထူးသီးသန့် Project ဖြစ်သည်။ MSF တွင် ပါဝင်တက်ရောက်ဖူးသူများ စိတ်ကူးပုံဖော်ထားသော Projects ၆ ခုကို MSF မှ စိစစ်ရွှေးချယ်သွားမည်ဖြစ်ပြီး MSF နည်းပြများ၏ တစ်ဦးချင်းသင်ကြားပေးမှုများနှင့် ထုတ်လုပ်သူများ၊ ရုပ်ရှင် ပွဲတော်ပျိုးထောင်သူများ၊ နိုင်ငံတကာဇာတ်ညွှန်းအဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေနွေးခွင့်များ ရရှိနိုင်မည် ဖြစ်သည်။

 

အဆိုပါ ဆန်ကာတင် ရွေးချယ်ခံရသော MSFA Project ၆ ခု

  • ဒါရိုက်တာ Maung Sun နှင့် ထုတ်လုပ်သူ Ma Aient တို့၏ FUTURE LAOBANS
  • ဒါရိုက်တာ Zaw Bo Bo Hein နှင့် ထုတ်လုပ်သူ Lamin Oo တို့၏ GARUDA DRAGON
  • ဒါရိုက်တာ Than Lwin Oo နှင့် ထုတ်လုပ်သူ Seng Li Aung တို့၏ SOMEWHERE I BELONG
  • ဒါရိုက်တာ Moe Myat May Zarchi နှင့် ထုတ်လုပ်သူ Angèle de Lorme တို့၏ THE BALLAD OF FALLEN DREAMS
  • ဒါရိုက်တာ Sein Lyan Tun နှင့် ထုတ်လုပ်သူ John Badalu တို့၏ THE BEER GIRL IN YANGON
  • ဒါရိုက်တာ Aung Min ၊ ဇာတ်ညွှန်း San San Oo နှင့် ထုတ်လုပ်သူ Naing Win တို့၏ THE ROOSTER

 

“MSF ဟာ ရန်ကုန်မြို့မှာ လွတ်လပ်စွာ ရုပ်ရှင်ရိုက်ကူးသူတွေ အသိုင်းအဝိုင်းကို နှစ်စဉ်ပြိုင်ပွဲနှင့် တွေ့ဆုံပွဲ အခမ်းအနားတွေ ကျင်းပပေးခြင်းဖြင့် ကူညီအားဖြည့်ပေးခဲ့ပါတယ်။ ဒီပံ့ပိုးမှုဟာ အမှန်တကယ် တန်ဖိုးရှိတဲ့ ပံ့ပိုးမှု ဖြစ် ပြီးတော့ မြန်မာနိုင်ငံရုပ်ရှင်လောကအတွက် ကောင်းမွန်တဲ့ သက်ရောက်မှုတွေလည်း ရရှိမှာပါ။ ဒီ ၅ နှစ်တာ ကာလအတွင်း နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ မကြုံစဖူး ထူးခြားတဲ့ မြန်မာရုပ်ရှင် Projects တွေကို ရွေးချယ်ခဲ့ပြီးတော့ ကြီးမားတဲ့ တိုးတက်မှုတွေနဲ့ တကယ်ကောင်းမွန်တဲ့ ရလဒ်ကောင်းတွေ ရရှိခဲ့ပါတယ်။ MSF 2016 Alumni မှာ ဆုရရှိခဲ့တဲ့ ဒါရိုက်တာ မောင်ဆန်းရဲ့ ပထမဆုံး ရိုက်ကူးထားတဲ့ Money Has Four Legs ရုပ်ရှင်ဟာဆိုရင်  ဘူဆန်နိုင်ငံတကာ ရုပ်ရှင်ပွဲတော် 2020  မှာ ပြသဖို့ တရားဝင် ရွေးချယ်ခံထားခဲ့ရပါတယ်။ နောက်ထပ် တခြား ဒါရိုက်တာတွေလည်း ထွက်ပေါ်လာဦးမှာပါ။ အထူးသဖြင့် မြန်မာရုပ်ရှင် နှစ်တစ်ရာပြည့်ဖြစ်တဲ့ ဒီနှစ်မှာ ယခုလို မြန်မာရုပ်ရှင်တွေကို နိုင်ငံတကာမှာ ပြန်လည်မြင်တွေ့ရတာအတွက် ကျွန်မအနေနဲ့  အင်မတန်ပဲ ဝမ်းမြောက်မိပါတယ်‘’ ဟု ရုပ်ရှင်မင်းသမီး၊ ထုတ်လုပ်သူနှင့် MEMORY ပွဲတော်ကို စဉ်ဆက်မပြတ် အဓိက ကူညီပံ့ပိုးပေးသူတစ်ဦးဖြစ်သော ဒေါ်ဆွေဇင်ထိုက်က ပြောကြားခဲ့သည်။

 

MSF အစီအစဉ်ကို မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြင်သစ်သံရုံး၊ (the Institut français) ဆွစ်ဇာလန်သံရုံးနှင့် ဆွစ်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းရေးအဖွဲ့ (SDC)၊ ဥရောပသမဂ္ဂ (European Union Delegation in Myanmar)၊ CNC (Center National du Cinéma et de l'image animée)၊  Arte၊ အမေရိကန်သံရုံး၊ Locarno Festival-Open Doors နှင့် Forever Group တို့မှ ကူညီပံ့ပိုးပေးထားသည်။

 

မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr Christian Lechervy က ‘’ပြင်သစ်နိုင်ငံဟာ ၂၀၁၄ ခုနှစ် ကတည်းကစပြီး မြန်မာနိုင်ငံမှာရှိတဲ့ Memory ရုပ်ရှင်ပွဲတော်ရဲ့ သမိုင်းဝင် မိတ်ဖက်အဖြစ် ရပ်တည်ခဲ့တာဖြစ်ပါတယ်။ ကိုယ်ပြောချင်တဲ့အရာတွေကို အမှီအခိုကင်းတဲ့ ဖန်တီးမှုတွေကနေ တစ်ဆင့် ဖန်တီးပြလိုတဲ့ မျိုးဆက်သစ်တွေနဲ့ လက်တွဲ ဆောင်ရွက်ဖို့ ရည်ရွယ်ချက်နဲ့ Myanmar Script Fund  အစီအစဉ်ကို ပြင်သစ်နိုင်ငံက အနီးကပ် ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။ တိုးတက်ဖြစ်ထွန်းမှုတွေကိုလည်း လက်တွေ့မြင်နေရပြီး ဒီလို မျိုးဆက်သစ် ဒါရိုက်တာတွေရဲ့ လက်ရာတွေ ဟာဆိုရင် ပြင်သစ်နိုင်ငံ ကိန်းရုပ်ရှင်ပွဲတော်အပါအဝင် နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေထိ ပေါက်ရောက်နေပါပြီ’’ ဟု ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံရှိ ဥရောပသမဂ္ဂ သံတမန်ဖြစ်သူ Ranieri Sabatucci က ‘’မသေချာ မရေရာမှုတွေနဲ့ ကြုံတွေ့ရတဲ့အချိန်မှာ ယဉ်ကျေးမှုက အသက်သွေးကြောဖြစ်ပြီး ရုပ်ရှင်တွေဟာ လွတ်လပ်တဲ့အသံတွေကို ကြားနိုင်စေဖို့နဲ့ လူတွေကို စည်းလုံး စေဖို့အတွက် အံ့သြဖွယ်ကောင်းတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အခြားသူတွေရဲ့ ယဉ်ကျေးမှုတွေနဲ့ အိမ်မက်တွေကို  ဖော်ထုတ်ပြသခြင်းက သူတို့အတွက် စိန်ခေါ်မှုတွေလို့ ခံစားရတယ်ဆိုတာထက် မတူကွဲပြားမှုကို ဂုဏ်ပြုခြင်းဖြစ်ပါတယ်။ ဥရောပသမဂ္ဂအနေနဲ့လည်း မြန်မာနှင့် ဥရောပအကြား ပေါင်းကူးတံတားတစ်ခု တည်ဆောက်ဖို့ ကြိုးပမ်းမှုတစ်ခုအနေဖြင့် Myanmar Script Fund ကို ကူညီပံ့ပိုးရတာအတွက် အလွန်ဝမ်းမြောက်ရပါတယ်’’ ဟု ပြောကြားခဲ့သည်။

 

"ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါကြောင့် ဒီနှစ်ဟာ အလွှာပေါင်းစုံအတွက် စိန်ခေါ်မှုကြီးတဲ့ နှစ်တစ်နှစ်ဖြစ်ပြီးတော့ ဒီလို အချိန်မျိုးမှာ ရရှိတဲ့ ဝင်ငွေတွေနဲ့ စီမံခန့်ခွဲရတာတွေကို ချက်ချင်း မရှိမဖြစ် ပြုလုပ်ဖို့ လိုအပ်တယ်လို့ မယူဆနိုင်သူတွေ ဖြစ်တဲ့ အနုပညာရှင်တွေအတွက် ခုခံတွန်းလှန်ဖို့ ပိုပြီးအရေးကြီးပါတယ်။ အထူးသဖြင့် ယခုလိုအချိန်တွေမှာ အများ ပြည်သူတွေနဲ့ ဆွေးနွေးမှုတွေ၊ လူမှုအသိုင်းအဝိုင်း၏ တည်ရှိမှုကို ထိန်းသိမ်းဖို့နဲ့ စဉ်ဆက်မပြတ်သော ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုတွေဟာ အရေးကြီးတယ်လို့ ကျွန်တော်အနေနဲ့ ယုံကြည်ပါတယ်။ ဒါ့ကြောင့်လည်း ဆွစ်ဇာလန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ယခုလို အပြုသဘောဆောင်တဲ့ လှုပ်ရှားမှုကို ယခုလို ကပ်ရောဂါဖြစ်နေတဲ့ နှစ်အတွင်းမှာ Memory Script Fund ကို ပံ့ပိုးရတဲ့အတွက်လည်း များစွာဝမ်းမြောက်မိပါတယ်" ဟု  မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် သံအမတ်ကြီး Mr Tim Enderlin က ပြောကြားခဲ့သည်။

 

နိုင်ငံတကာ အကဲဖြတ်ဒိုင်အဖွဲ့

•           Mrs. Sophie Bourdon, Head of Open Doors / Locarno Festival, (Switzerland-France)

•           Mrs. Rachel Mathews, Script Professor at the Yangon Film School, (UK, Germany)

•           Mrs. Marianne Dumoulin, Producer, JBA Production, (France)

•           Mrs. Isabelle Glachant, Producer, Head of Chinese Shadow Beijing-based, (France-China

•           Mrs. Marietta Hausswolff von Baumgarten, Script Doctor, (Sweden)

•           Mr. Vit Janecek, Professor at FAMU International, (Czech Republic)

 

ရုပ်ရှင်လုပ်ငန်း၏ အဓိကကျသော နိုင်ငံတကာအဖွဲ့အစည်းများ နှင့်ဆွေးနွေးမှုများ

Cannes Festival Cinéfondation (ပြင်သစ်), Locarno Festival Open Doors (ဆွစ်ဇာလန်), Rotterdam Festival Hubert Bals Fund (နယ်သာလန်), Cannes Festival Semaine de la Critique (ပြင်သစ်),Torino Film Lab (အီတလီ), Ties That Bind (ဥရောပလုပ်ငန်းစု), CNC French Film Commission (ပြင်သစ်),  Autumn Meetings (ဗီယက်နမ်), Busan Festival Asian Project Market (ကိုရီးယား), LIM Groupe Ouest (ပြင်သစ်), La Fabrique Cinéma (ပြင်သစ်)

MEMORY Cinema ၏ Myanmar Script Fund အကြောင်း

Myanmar Script Fund ကို MEMORY Cinema အဖွဲ့အစည်း၏ အစီအစဉ်ဖြင့် ကူညီဆောင်ရွက်ထားခြင်းဖြစ်သည်။ MSF အနေဖြင့် မြန်မာနိုင်ငံရှိ  လွတ်လပ်စွာ ရပ်တည်နေသော ရုပ်ရှင်လုပ်ငန်းများအတွက်အရည်အချင်း ရှိသူများကို ရှာဖွေ ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ၂ဝ၁၆ ခုနှစ်မှစ၍ ရုပ်ရှင် Project ၃ဝ နီးပါးတွင် ကိုယ်စားပြုပါဝင်ခဲ့သော စွမ်းဆောင်ရည်ရှိသူပေါင်း ၇ဝ ကျော်ကို လေ့ကျင့်သင်ကြားပေးခဲ့သည်။ MSF 2020 ယှဉ်ပြိုင်မှုအပြီးတွင် ရွေးချယ် ခံရသူများသည် နောက်ဆက်တွဲအနေဖြင့် ရုပ်ရှင် စီမံကိန်း၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့်  နိုင်ငံတကာ ပလက်ဖောင်းများတွင် လျှောက်လွှာတင်ခြင်းကဲ့သို့သော အစီအစဉ်များကို စိတ်ကြိုက်ရွေးချယ်ခွင့်ရှိလာမည်ဖြစ်သည်။

 

Myanmar Wedding Guide

Read times
Rate this item
(0 votes)