အသက် (၂၆) နှစ်သားလေးနဲ့ လက်ထပ်ဖို့တွက် တစ်ကိုယ်လုံး ခွဲစိပ်ပြုပြင်ခဲ့တဲ့ (၆၂) နှစ်အရွယ် အဖွား

အသက် (၂၆) နှစ်သားလေးနဲ့ လက်ထပ်ဖို့တွက် တစ်ကိုယ်လုံး ခွဲစိပ်ပြုပြင်ခဲ့တဲ့ (၆၂) နှစ်အရွယ် အဖွား WOB

အချစ်ဆိုတာ ဆန်းကျယ် တယ်လို့ဘဲ ဆိုမလား။ ကြီးကောင် ကြီးမားကျမှ သူငယ်ပြန်တယ်လို့ ဆိုမလား။

 

ဒါမှမဟုတ် လူငယ်တွေ ဖြတ်လမ်းလိုက်တယ်လို့ အပြစ်တင်ရ မလား။ တကယ်ပဲ အချစ်က အရာရာကို ကျော်ဖြတ်နိုင်သွားတယ်လို့ ဆိုရမလား မသိတော့ပါဘူး။ ထူးထူးခြားခြား ဖြစ်စဉ် တစ်ခုကတော့ ဗီယက်နမ် နိုင်ငံမှာ ဖြစ်ခဲ့ပါတယ်။ အသက် (၆၂) အရွယ် မုဆိုးမတစ်ဦးက (၂၆)နှစ်အရွယ်လူပျို ကလေးနဲ့ မင်္ဂလာဆောင် ဖို့အတွက် တစ်ကိုယ်လုံး ပလက်စတစ် ဆာဂျူရီ လုပ်ပြီး မင်္ဂလာဆောင် ခဲ့ပါတယ်။ သမီး(၂) ယောက်နဲ့ အဖွားအိုဝမ်က သူမရဲ့ ခင်ပွန်းဆုံးသွားပြီးကတည်းက ကော်ဖီဆိုင်နဲ့ တွဲထားတဲ့ ကုန်စုံဆိုင်လေးဖွင့်ကာ အသက်မွေး ဝမ်းကျောင်း လုပ်နေခဲ့ပါတယ်။

 

 

သူမအသက် (၆၀)ပြည့်တဲ့ (၂၀၁၈) ခုနှစ်လောက်မှာ သူမရဲ့ ဆိုင်ကို ပုံမှန်လာပြီး စားသောက် နေတဲ့ ကောင်လေး တစ်ယောက်က သူမကို ချစ်ခွင့်ပန် ခဲ့ပါတယ်။ ကောင်လေးနဲ့ သူမတို့ကို ရင်းနှီးနေတာ ကြာပေမဲ့ သူမက ကောင်လေးကို မောင်လေးလိုပဲ သဘောထားရာက သံယောဇဉ်တွေ ပိုခဲ့ပါတယ်။ (၂)နှစ်နီးပါး လောက်ချစ်ခွင့် ပန်နေတဲ့ ကောင်လေးရဲ့ ဇွဲကို အသိမှတ်ပြု တဲ့အနေနဲ့ သူမက သူ့ကို လက်ခံခဲ့ ပါတယ်။

 

 

ပတ် ဝန်းကျင်ရဲ့ အတင်းဖျင်းတွေ သွားပုတ်လေလွင့် ပြောစကားတွေကို ကျော်ဖြတ်ပြီး သူတို့ (၂)ဦး မင်္ဂလာ ဆောင်ဖို့အတွက် လုပ်လိုက်ကြ ပါတယ်။မင်္ဂလာဆောင်မှာ ကောင်လေး ဂုဏ်မငယ်အောင် လို့ သူမက မျက်နှာပြင်နဲ့ ခန္ဓာကိုယ်က အရေး ကြီးတဲ့ အစိတ်ပိုင်းတွေကို ဗီယက်နမ်ငွေ သန်းနဲ့ချီအကုန်ခံပြီး ပလက်စတစ် ဆာဂျယ်ရီ လုပ်ခဲ့ပါတယ်။ အခုတော့ သတို့သားနဲ့ သတို့သမီး စုံတွဲက လူမြင်ကွင်းမှာ တင့်တင့်တယ်တယ် နဲ့ (၂) ကို ယ်ယှဉ်တွဲ နိုင်ပါပြီ။ “ ကျမကို ကောင်လေးနဲ့ တွဲနေစဉ် အခိုက်မှာ အမျိုးမျိုး တိုက်ခိုက်ကြပါ တ ယ် စကားလုံးတွေက နားနဲ့ မဆံ့အောင်ကိုပဲ ကြားနေခဲ့ရပါတယ် သမီးတွေလဲ ကျမကြောင့် အပြော ခံခဲ့ရပါတယ် ဒါပေမဲ့ အဲ့ဒါတွေက ခဏတာပါပဲ၊ အခုတော့ ကျမမှာ ပျောက်ဆုံးနေတဲ့ နွေးထွေးတဲ့ မိသားစုက လေးပြန်ရနေပါပြီလို့ သူမက ဗီယက် နမ် အိတ်စပတ် သတင်းစာ အင်တာဗျူး မှာဖြေခဲ့ပါတယ်။


REF: world of bozz, Jeeptoo

Read times
Rate this item
(0 votes)