သတို့သမီးကို ကိုယ်ချင်းစာတဲ့အနေနဲ့ ဧည့်သည်တွေမျက်လုံးစီးပြီး ကျင်းပခဲ့တဲ့မင်္ဂလာပွဲ

သတို့သမီးကို ကိုယ်ချင်းစာတဲ့အနေနဲ့ ဧည့်သည်တွေမျက်လုံးစီးပြီး ကျင်းပခဲ့တဲ့မင်္ဂလာပွဲ

အသက် (၃၂) နှစ်အရွယ် Stephanie Agnew ဟာ ချစ်သူ Robbie Campbell နဲ့ လက်ထပ်ပွဲကျင်းပပြီး Maleny, Queensland မှာ မင်္ဂလာဆာင်ခဲ့ကြပါတယ်။

 

ထူးခြားတာတစ်ခုက မင်္ဂလာပွဲကိုလာသမျှ ဧည့်သည်တွေ အားလုံးကို မျက်လုံးစည်းတဲ့အရာတွေနဲ့ ဘာမှမမြင်နိုင်တေအောင် မျက်လုံးပိတ်ခိုင်းထားတာပါ။ Stephanie ရဲ့ မိခင်ဖြစ်သူမှလွဲပြီး ပွဲလာဧည့်သည် (၅၃) ယောက်လုံးဟာ တောင်းဆိုထားတဲ့အတိုင်း ကတိသစ္စာပြုနေချိန်မှာ မျက်လုံးတွေအားလုံးကိုစည်းထားခဲ့ကြပါတယ်။

 

ဒါဟာမင်္ဂလာသတို့သမီးကို ကိုယ်ချင်းစာနာသောအားဖြင့် ကြိုတင်စီစဉ်ခဲ့ကြတာပါ။ Stephanie ဟာ Robbie ရဲ့မျက်နှာကို ဘယ်တုန်းကမှ သေသေချာချာမမြင်ဖူးသေးပါဘူး။ Stephanie အသက် (၁၈) နှစ်မှာ သူမမိခင်ဟာ Cone-Rod Dystrophy ကိုခံစားခဲ့ရပါတယ်။ စစချင်းတုန်းကတော့ ဦးနှောက်အကျိတ်လို့ထင်ခဲ့ပေမယ့် မဟုတ်ခဲ့ဘဲ အမြင်အာရုံချို့ယွင်းမှုရောဂါတစ်မျိုးခံစားခဲ့ရတာပါ။

 

ဒီရောဂါဟာမျိုးရိုးလိုက်တဲ့ရောဂါမှန်း Stephanie အသက် (၁၉) နှစ်အရောက် မိခင်နဲ့အလားတူရောဂါမျိုးခံစားခဲ့ရတဲ့အခါမှ သိလိုက်ခဲ့ရပါတယ်။ Stephanie ဖြစ်ပြီးနောက်ပိုင်း မွေးချင်း (၄) ယောက်ရှိတဲ့နက် သူမအပါအဝင်နောက်ထပ် (၂) ဦးပါ ဒီရောဂါဆိုးကြီးကို လက်ဆင့်ကမ်းခဲ့ရပါတယ်။ ရောဂါကြောင့် Stephanie ရဲ့မိခင်ဟာ အမြင်ရာအာရုံ လုံးဝကွယ်သွားခဲ့ပေမယ့် Stephanie ကတော့ တဖြည်းဖြည်းနဲ့မှ ရောဂါခံစားခဲ့ရတာပါ။

 

သူမအမြင်အာရုံအဆင်ပြေနေတုန်း အသက် (၂၃) နှစ်မှာ ကားမောင်းလိုင်စင်ကို ရအောင်ယူခဲ့ပါသေးတယ်။ အသက် (၂၇)၊ (၃၀) လောက်မှာ အမြင်အာရုံလုံးဝပျောက်ကွယ်သွားမယ်လို့ ဆရာဝန်တွေမှ ခန့်မှန်းထားပေမယ့် အသက် (၃၀) ကျော်တဲ့အချိန်အလင်းနဲ့အမှောင်ကို ဝိုးတိုးဝါးတားပုံရိပ်တွေလိုမျိုးတော့ မြင်နေရသေးတယ်ဆိုတော့ ခန့်မှန်းထားတာထက်ပိုပြီး ကောင်းနေသေးပါတယ်။ ဒါပေမဲ့ Robbie နဲ့က သူမအမြင်အာရုံစတင်ပြီး စိုးစိုးရွားရွားချို့တဲ့တဲ့အချိန်မှာကျမှ စတင်တွေ့ခဲ့ရတဲ့အတွက် ချစ်သူရဲ့မျက်နှာကို သေသေချာချာမတွေ့ဖူးတော့တာပါ။

 

မျက်နှာကိုပုံမဖော်နိုင်ပေမယ့် Robbie ရဲ့ ပုံပန်းသဏ္ဍာန်အကြမ်းဖျင်းကိုတော့ Stephanie ကောင်းကောင်းပုံဖော်နိုင်ပါတယ်။ “သူ့ကိုတစ်ခါမှမမြင်ဖူးဘူး။ ဒါပေမဲ့ပုံစံကိုတော့ အရမ်းရင်းနှီးတယ်။ သူ့အရပ်က ခြောက်ပေနဲ့လေးလက်မရှိတော့ ငါးပေ၊လေးလက်မရှိတဲ့ကျွန်မနဲ့က အရပ်အရမ်းကွာတယ်လေ။ နောက်ပြီးရင်အုပ်အကျယ်ကြီးတွေလည်းရှိတယ်” ဆိုပြီး Robbie ရဲ့ပုံစံကို သိသလောက်လေးပြောပြနေပါတယ်။

 

Robbie ဟာ ရဲဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။ အိမ်နီးနားချင်းအဖြစ် (၁၈) လအကြာနေပြီးနောက်မှာတော့ တစ်ယောက်နဲ့တစ်ယောက် ၂၀၁၆ အောက်တိုဘာလမှာ မှ အချင်းချင်းရင်းနှီးခဲ့ကြပါတယ်။ ချစ်သူဖြစ်ပြီး တစ်နှစ်ကျော်အကြာ ခရစ်စမတ်နေ့မှာပဲ Robbie က Stephanie ကို လက်ထပ်ခွင့်တောင်းခဲ့တာပါ။ မင်္ဂလာဆောင်ကိုတော့ မမြင်ရသည့်တိုင်အောင် တရင်းတနှီးနဲ့စိတ်ကူးထဲပုံဖော်လို့ရမယ့်နေရာမှာစီစဉ်ခဲ့ပါတယ်။ Stephanie အမြင်အာရုံမချို့တဲ့စဉ်နေထိုင်ခဲ့တဲ့ အဒေါ်အိမ်အနီးအနားမှာရှိတဲ့နေရာမှာပဲ ကျင်းပခဲ့ပါတယ်။

 

အမြင်အာရုံချိုတဲ့နေတဲ့ Stephanie အတွက် မင်္ဂလာပွဲကျင်းပဖို့ငှားရမ်းထားတဲ့နေရာမှ ဝန်ထမ်းများက အနံ့အရမ်းမွှေးတဲ့ပန်းတွေနဲ့ချည်း နေရာတစ်ခုလုံးကို အလှဆင်ပေးခဲ့ပါတယ်။ သတို့သမီးထွက်လာတဲ့အချိန်မှာတော့ သူမဟာဂါဝန်လေးနဲ့မင်းသမီးလေးတစ်ပါးနဲ့တူတယ်ဆိုပြီး Robbie ခင်ဗျာဝမ်းသာမျက်ရည်ကျရပါသေးတယ်။

 

Stephanie ကတော့ ဒီဝေဒနာအတွက် ကုသဖို့နည်းလမ်းမရှိတော့ရင်လည်း မိသားစုနဲ့ချစ်ချစ်ခင်ခင်နေနိုင်ပြီး ချစ်သူနဲ့တစ်သက်လုံးရှိနေတော့မှာမို့ မမှုဘူးလို့ဆိုပါတယ်။

 

celemmrnew

Read times
Rate this item
(0 votes)