ဆန်းဆန်းပြားပြား ခိုသွေးရည် ပတ္တမြား ဖြစ်သွားသည့် ကြက်ဥပြုတ်

ဆန်းဆန်းပြားပြား ခိုသွေးရည် ပတ္တမြား ဖြစ်သွားသည့် ကြက်ဥပြုတ်

ဆန်းဆန်းပြားပြား ခိုသွေးရည် ပတ္တမြား ဖြစ်သွားသည့် ကြက်ဥပြုတ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

နှစ်ပေါင်း ၂၀ တိုင်တိုင် မေ့လျော့နေခဲ့သည့် ကြက်ဥပြုတ်သည် ခိုသွေးရည် 'ပတ္တမြား' အဖြစ်သို့ ပြောင်းလဲသွားသော အဖြစ်ကို တရုတ်အမျိုးသမီးတစ်ဦး ကြုံတွေ့ခဲ့ပါသည်။

၎င်းကြက်ဥကို နေ့လည်စာ ကျောင်းထမင်းဘူးတွင် ထည့်ပေးရန် မိခင်ဖြစ်သူက ပြုတ်ခဲ့ပြီး ထမင်းဘူးထဲ မထည့်ဖြစ်ဘဲ မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။ 

ရှေးခေတ် အီဂျစ်ဘုရင်၏ ရတနာအဖြစ်တင်စားပြီး "ဖာရောဘုရင်ကြက်ဥ" ဟု အွန်လိုင်းတွင် အမည်တွင်နေပါသည်။

 

photo_2023-03-16_19-15-58.jpg

 

ရတနာကြက်ဥပိုင်ရှင် အမျိုးသမီး Fu က တရုတ်ပြည်တွင်း လူမှုကွန်ရက် Douban တွင် တင်ပြခဲ့ရာမှ ဖြစ်ရပ်ဆန်း‌သည် ဟိုးလေးတကျော် ဖြစ်သွားခဲ့ပါသည်။ 

ကြည်လင်တောက်ပသော ခိုသွေးရည် ရှိသည့် "ဖာရောဘုရင်ကြက်ဥ" အသားသည် မာကျောသော ပလပ်စတစ်အလုံးကို ထိတွေ့ရကဲ့သို့ ခံစားရသည်။ နေရောင် နောက်ခံမှာ ကြည့်သောအခါ အထဲတွင် အကြောမျင် အရေးအျကြာင်းများ ရောထွေးယှက်ခင် ဖြစ်နေသည်ကို တွေ့ရကြောင်း Fu က ပြောကြားသည်။

 

 336363361_1258268568110847_7757284827336074331_n.jpg

 

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်မှာ နေထိုင်သူ  Fu ၏ မိခင်က ၎င်းကြက်ဥသည် အထူးတလည် အလွန်သေးငယ်သောကြောင့်  ဝယ်ယူဖြစ်ခဲ့ကြောင်း ဖူက ပြောကြားခဲ့သည်။ လွန်ခဲ့သော နှစ် ၂၀ က ဝယ်ယူခဲ့ခြင်းဖြစ်ပြီး Fu မူလတန်း တက်နေစဉ်က ဖြစ်ကြောင်း Fu က ပြောကြားသည်။ နောက်တစ်နေ့ ကျောင်းသွားသည့်အခါ နေ့လည်စာ ထမင်းဘူးတွင် ထည့်ပေးရန် ပြုတ်ပြီး မေ့လျော့ခဲ့သည်ဟု သူမက ဆိုသည်။ နှစ်ပေါင်း ၂၀ ကြာပြီမှ အိမ်မှာ ပြန်တွေ့ခဲ့ခြင်း ဖြစ်ပါသည်။

Source SCMP

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Thursday, 16 March 2023 19:19
Rate this item
(0 votes)