Wednesday, 08 May 2019 16:44

ချစ်သူနှစ်ဦးကြားမှာ ထားသင့် တဲ့ ဆက်ဆံရေး

ချစ်ခင်မြတ်နိုးပါ

 

ပြီးပြည့်စုံတဲ့သူတစ်ယောက်ကို ရှာဖွေလက်တွဲမှချစ်ခြင်း လို့မည်တာမဟုတ်ပါဘူး။လူတိုင်းကပြီးပြည့်စုံလှပနေတာ မရှိပါဘူး။ မပြည့်စုံတဲ့ လူတစ်ယောက်ကို ကိုယ့်ရဲ့ ပြီးပြည့်စုံတဲ့  မျက်လုံးတစ်စုံနဲ့ကြည့်ရှုပြီးချစ်ခင်စုံမက်ပါ။

 

တောင်းပန်ပါ

 

ကိစ္စတစ်ခုခုကြောင့် တစ်ယောက်ကိုတစ်ယောက် စိတ်ခုကြပြီဆိုရင် ကိုယ်ကအရင်စပြီး တောင်းပန်လိုက်ပါ။ သူ့ကို ကိုယ်တောင်းပန်လိုက်တာက အောက်ကျတယ်၊ ကိုယ်မမှားဘူးဆိုတာထက် ကိုယ်တွေကြားက ဆက်ဆံရေးကို တန်ဖိုးထားခြင်းအတွက် လုပ်ဆောင်တာပါလို့ ခံယူလိုက်ပါ။

 

တည်ငြိမ်ပါ

 

လူတစ်ယောက်ကို တစ်သက်လုံးမပြောင်းလဲပဲ ချစ်ဖို့ဆိုတာ ဖြစ်နိုင်ချင်မှ ဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်လူတစ်ယောက်ကို ချစ်ခင်နေတဲ့အချိန်မှာတော့ မပြောင်းလဲတဲ့ စိတ်ထားနဲ့ ချစ်ပါ။

အဆင့်တန်းမြင့်စွာနေထိုင်ပါ

 

လူတစ်ယောက်ရဲ့ အဆင့်တန်းကို သူဝတ်ဆင်ထားတဲ့ အသုံးဆောင်တွေနဲ့ မဆုံးဖြတ်ပါနဲ့။ ပင်ကိုစရိုက်ကြောင့် ဖြစ်ပေါ်လာတဲ့ သွင်ပြင်နဲ့ အဆင့်တန်းကို ဆုံးဖြတ်ပါ။

 

အရှိန်အဝါနဲ့နေပါ

 

ရာထူးဂုဏ်ရှိန်ကြောင့် ဖြစ်ပေါ်လာတဲ့ အရှိန်အ၀ါထက် ပင်ကိုယ်သဘောထားကြီးပြီး ကောင်းမွန်တဲ့အတွေးခေါ်ရှိတဲ့သူရဲ့ ကိုယ်ရှိန်ကိုယ်ဝါက ပိုတောက်ပပါတယ်။

 

ဆွဲဆောင်မှုရှိအောင်နေပါ 

 

လူတစ်ယောက်ရဲ့ ဆွဲဆောင်မှုအရှိဆုံးက ပိုက်ဆံ၊ အလှအပ တွေထက် ဥာဏ်ပညာရှိခြင်းဆိုတဲ့ ဆွဲဆောင်မှုက လိမ်းထားတဲ့ မိတ်ကပ်ထက်ပိုပြီး တခြားသူတစ်ယောက်ရဲ့ အမြင်မှာပိုမိုလှပ တင့်တယ်ပါတယ်။

 

ခွင့်လွှတ်ပါ

 

တစ်ခါတစ်လေ လူတစ်ယောက်ကို ခွင့်လွှတ်လိုက်တယ်ဆိုတာက သူ့ရဲ့ အမှားကို ဗွေမယူဘူးဆိုတာထက် သူကောင်းစေချင်တာနဲ့ သူ့ကို လက်လွှတ်ရမှာကို ပိုကြောက်လို့ ခွင့်လွှတ်ပေးလိုက်ပါ ။

 

Myanmar Wedding Guide 

Wednesday, 08 May 2019 12:01

မင်္ဂလာဆောင်ပြီးနောက် လုပ်ဆောင်ရမယ်အချက်များ

စုံတွဲလေးတို့ ဒီအချက်လေးတွေ ပြင်ဆင်ပြီးပြီဆိုရင်တော့ မင်္ဂလာဆောင်ပြီးနောက် အေးအေးဆေးဆေး ဟန်းနီးမွန်း ထွက်ပြီး အနားယူလို့ ရပြီနော်။

Tuesday, 07 May 2019 09:58

Pyi Thit Cafe & Canteen အစားအသောက်ဝန်ဆောင်မှု

အလှူ၊ မင်္ဂလာပွဲများ၊ မွေးနေ့ပွဲများအတွက် Pyi Thit Cafe & Canteen Service တွင်

Monday, 06 May 2019 16:42

ယောင်္ကျားလေးတွေက ရုပ်လှတဲ့ သူထက် ဒီလိုပုံစံမျိုးလေးတွေကို ပိုချစ်ကြတယ်

ရုပ်အလှဟာ မိန်းကလေးတစ်ယောက်အတွက် အရေးကြီးတဲ့ အရာတစ်ခုဖြစ်သလို၊

Monday, 06 May 2019 15:54

မိန်းမတစ်ယောက် ယောင်္ကျားတစ်ယောက်ကို အရှူးအမူးချစ်သွားရင်

အမျိုးသမီးတစ်ယောက်ဟာ အမျိုးသားတစ်ယောက်ကို သိပ်ချစ်မိသွားပြီဆိုရင်

Monday, 06 May 2019 15:02

မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာခန်းမမှာ မင်္ဂလာဆောင်ချင်သူများအတွက်

မိုးကုတ်ဝိပဿနာအဖွဲ့ ချုပ်ရဲ့  မိုးကုတ်ရိပ်သာခန်းမကတော့  အမှတ် (၈၂)၊နတ်မောက်လမ်း၊

Monday, 06 May 2019 11:25

ရန်ကုန်မြို့ အတွင်း Pre Wedding Outdoor ရိုက်ချင်စရာနေရာများ

Pre Wedding Outdoor ကို ရန်ကုန်မြို့ တွင်း ရိုက်ချင်ရင်တော့  နေရာကောင်းလေးတွေ

Friday, 03 May 2019 16:24

မင်္ဂလာဆောင်မယ် ဇနီးမောင်နှံတွေအတွက် Promotion

His & Hers Events and Wedding Studio ရဲ့ ၎နှစ်ပြည့်  နှစ်ပတ်လည် Promotion Fair

Friday, 03 May 2019 15:29

မိတ်ကပ်ပညာရှင်ငှားတဲ့အခါ အဆင်ပြေစေဖို့

မင်္ဂလာဆောင်မယ့် စုံတွဲလေးတို့ရေ မင်္ဂလာပွဲမှာ လှနေဖို့ဆိုတာ မိတ်ကပ်ဆရာပေါ်မှာ မူတည်တယ်နော်။

Friday, 03 May 2019 15:09

ကိုယ့် ထက်အသက်ကြီးတဲ့  မမတွေကိုမှ အမျိုးသားတွေ တမ်းတမ်းစွဲဖြစ်စေတဲ့ အချက်များ

လူအများစုက ချစ်သူစုံတွဲမှာ အမျိုးသားဟာ အမျိုးသမီးထက် အသက်ပိုကြီးသင့် တယ်လို့ 

Page 11 of 90