Monday, 13 July 2020 13:43

ပြီးပြည့်စုံတဲ့ မိသားစုဘဝတစ်ခု ပိုင်ဆိုင်နိုင်ဖို့ အရေးကြီးတဲ့အချက် (၅)ချက်

လူတိုင်းက ပျော်ရွှင်နွေးထွေးတဲ့ မိသားစုဘဝကို လိုချင်ကြသူတွေချည်းပါပဲ။ မိဘတွေအနေနဲ့လည်း ကိုယ့်သားသမီးအတွက် စိတ်လုံခြုံမှုကို ပေးချင်ကြပါတယ်။ ယနေ့ခေတ်မှာတော့ မိသားစုဘဝကို သက်ရောက်မှုတွေက အကောင်းဘက်ကထက် အဆိုးဘက်ကနေသာ ပိုများလာပါတယ်။

ဒါဆို အိမ်ထောင်ကို ဦးစီးနေကြတဲ့ ဇနီးမောင်နှံတွေအတွက် ပျော်ရွှင်ကျန်းမာတဲ့ မိသားစုကို ဘယ်လိုတည်ဆောက်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။

Wednesday, 08 July 2020 15:16

လက်ထပ်ပြီးလည်း အချစ်မလျော့အောင်

အိမ်ထောင်တစ်ခုတည်ထောင်ခါစ ဒါမှမဟုတ် relationship တစ်ခုအစပြုချိန်ကတော့ ပျားရည်စမ်းကာလလေးဖြစ်နေတတ်ပါတယ်။ ဘာလုပ်လုပ်အပြစ်မမြင်ဘဲ ချစ်ချင်နေတဲ့အချိန်လေးတွေပေါ့။ အများစုက အဲ့လိုအချိန်လေးတွေကုန်ဆုံးသွားတဲ့နောက်မှာ ဒီလိုစိတ်လှုပ်ရှားမှု နဲ့မျှော်လင့်ချက်လေးတွေက ချစ်ခါစကလိုပြန်မရနိုင်တော့ဘူးလို့ယုံကြည်နေတတ်ကြပါတယ်။ ပျိုမေလေးတို့ လက်ထပ်ပြီးချိန်မှာလည်း ဒီလိုပျော်ရွှင်မှုလေးတွေပြန်ရစေဖို့ လျှို့ဝှက်ချက်လေးတွေကို ပြောပြပေးပါမယ်။

Thursday, 02 July 2020 15:20

မိန်းကလေးများအတွက် စေ့စပ်အပြီး Relationship ထိန်းသိမ်းနည်းများ

Relationship ခိုင်မြဲအောင်ဘယ်လိုထိန်းသိမ်းသင့်လဲဆိုတာ Sharing လုပ်ပေးသွားပေးပါမယ်။



ဘော်ဒါတွေနဲ့အပြင်ထွက်တာကိုထွက်ပါစေ

---------------------------------------------------

ယောကျ်ားဆိုသည်မှာ အပေါင်းအသင်းမက်ပါတယ်။ ဒါကြောင့်မို့ လွတ်လပ်ခွင့်လေးတော့ပေးလိုက်ပါ မခင်လေးရယ်။ သူအဲ့လိုထွက်ချိန်မှာ ဖုန်းခဏခဏမဆက်ပါနဲ့။ တစ်ခေါက်လောက် Video Call ခေါ်ပြောလိုက်ပါ။ ဒီလောက်ဆို စိတ်ချရပါပြီ။


အလုပ်နဲ့ပတ်သတ်ပြီးတော့သဝန်မတိုပါနဲ့

------------------------------------------------

လုပ်ငန်းခွင်ဆိုတာကသိတဲ့အတိုင်း ယောကျ်ား ၊ မိန်းမ မရွေး ပတ်သတ်နေရတာပါ။ ကိုယ့်ကြောင့်နဲ့ ကိုယ့်ချစ်သူကိုလုပ်ငန်းခွင်မှာ မထိခိုက်စေပါနဲ့။ တစ်ခါတစ်ရံ သင်နဲ့ရှိတဲ့အချိန် အလုပ်ကိစ္စနဲ့ မိန်းကလေးတစ်ယောက်ကဖုန်းဆက်တဲ့အခါ Speaker ဖွင့်ခိုင်းတာမျိုးတွေမလုပ်ပါနဲ့။ သူ့ကိုလဲစော်ကားရာရောက်သလို အလုပ်နဲ့ပတ်သတ်တာတွေမို့ သူ့Privacy ကို ထိခိုက်စေပါတယ်။

သင့်ချစ်သူကို ဂိမ်းဆော့တတ်ရင် ပေးဆော့ပါ

--------------------------------------------------

ဂိမ်းနဲ့ငါနဲ့ ဘာကိုရွေးမလဲတွေ မလုပ်ပါနဲ့။ ဂိမ်းစွဲတာက ဘိန်းစွဲတာထက်တော့ ကောင်းပါတယ်။ ဒါပေမဲ့ သူ့ကို ကိုယ့်အတွက်အချိန်ပေးဖို့လဲ ပြောပြပါ။ သူသာတကယ်ချစ်ရင် ဂိမ်းချည်းပဲဆော့မနေပဲ သင့်ကို အချိန်ပေးပါလိမ့်မယ်။


အမှတ်တရနေ့တွေမှာ လျှောက်သွားတာမျိုးလုပ်ပေးပါ

---------------------------------------------------------------

ဓာတ်ပုံတွေရိုက်ပါ။ ကိုယ်တတ်နိုင်သလောက် လက်ဆောင်လေးတွေပေးပါ။ ဒီဓာတ်ပုံတွေကို နောင်အချိန်တွေမှာ Throw Back အဖြစ် ပြန်တင်ပါ။ ဒါဟာ နှစ်ယောက်ကြားကို နွေးထွေးစေပါတယ်။ ရုပ်ရှင်အတူတူကြည့်တာမျိုး ၊ ညစာအတူတူစားတာမျိုးကလဲ အချစ်တွေကိုပိုတိုးပွားစေပါတယ်။

ဒါတွေကတော့အကြမ်းဖျင်း Relationship ထိန်းသိမ်းနည်းလေးတွေပါ။ အကြံပေးချင်တာကတော့ အရမ်းချစ်တာမျိုးထက် သံယောဇဉ်ကြီးအောင်ကြိုးစားပါ။ ဘာကြောင့်လဲဆိုရင် အချစ်ထက် သံယောဇဉ်ကြိုးကပိုခိုင်မြဲလို့ပါ။ ချစ်သူများအားလုံး ပျော်ရွှင်ကြပါစေနော်။

 

Ref : https://www.marry.com.mm/blog/how-to-control-your-relationship-after-engagement

Sunday, 19 April 2020 21:37

စနေသားသမီးများအတွက် ၂၀၂၀ ခုနှစ်တစ်နှစ်စာဟောစာတမ်း

စနေသားသမီးများ

Friday, 17 April 2020 19:58

သောကြာသားသမီးများအတွက် ၂၀၂၀ ခုနှစ်တစ်နှစ်စာဟောစာတမ်း

သောကြာသားသမီးများ

Thursday, 16 April 2020 22:59

ကြာသပတေးသားသမီးများအတွက် ၂၀၂၀ ခုနှစ်တစ်နှစ်စာဟောစာတမ်း

ကြာသပတေးသားသမီးများ

Saturday, 11 April 2020 20:29

ဗုဒ္ဓဟူးနေ့ မွေးဖွားသူများအတွက် ၂၀၂၀ ခုနှစ်တစ်နှစ်စာဟောစာတမ်း

ဗုဒ္ဓဟူးနေ့ မွေးဖွားသူများ

Friday, 10 April 2020 17:51

အင်္ဂါသားသမီးများများအတွက် ၂၀၂၀ ခုနှစ်တစ်နှစ်စာဟောစာတမ်း

အင်္ဂါသားသမီးများ

Tuesday, 07 April 2020 16:00

တနင်္ဂနွေသားသမီများအတွက် ၂၀၂၀ ခုနှစ်တစ်နှစ်စာဟောစာတမ်း

တနင်္ဂနွေသားသမီများအတွက်

Monday, 06 April 2020 17:29

၂၀၂၀ ခု ဧပြီလအတွက် စနေသားသမီးကံကြမ္မာ

စနေသားသမီးများအတွက်

Page 2 of 86