Thursday, 25 July 2019 16:49

နေ့နံအလိုက်အချစ်ရေးနှင့်အဆောင်ကျောက်

ဒီနေ့မှာတော့ Myanmar Wedding Guide ပရိသတ်ကြီးအတွက် နေ့နံလိုက်အချစ်ရေးနှင့်

 

နေ့နံအလိုက်ဆောင်ထားသင့်တဲ့ ကျောက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

 

တနင်္ဂနွေ

 

တနင်္ဂနွေသားသမီးတွေဟာချစ်သူကိုကိုယ့်သဘောတိုင်းဖြစ်စေချင်တဲ့သူပါ။

 

ချစ်သူအပေါ်လည်းအနိုင်ယူတယ်။ အရမ်းလည်းချစ်တတ်ပြီး အရမ်းလည်အချစ်ကြီးတယ်။

 

တစ်ခါတလေမှာအချစ်အတွက်တဇွတ်ထိုးနိုင်ကြပါတယ်။ အဲ့တာကြောင့်အချစ်ရေးမှာနဲနဲညံ့တယ်လို့ဆိုနိုင်ပါတယ်။

 

တနင်္ဂနွေသားသမီးတွေဆောင်သင့်တဲ့ကျောက်ကတော့ ပတ္တမြားဖြစ်ပါတယ်။

 

တနင်္လာ

 

သူတို့လေးတွေဟာ ချစ်သူကိုအရမ်းကိုချစ်တတ်ပါတယ်။ ချစ်မိပြီဆိုရင် အသေးအဖွဲ့လေးကအစဂရုစိုက်တတ်ပါတယ်။

 

ကိုယ့်ချစ်သူငြိုငြင်မှာသေမတတ်ကြောက်တယ်။ အစွဲအလန်းကြီးပြီး တစ်ယောက်အပေါ်ကိုပဲ စွဲလမ်းနေတတ်တယ်။

 

တနင်္လာသားသမီးတွေဆောင်သင့်တဲ့အဆောင်ကျောက်ကတော့ ပုလဲရတနာပဲဖြစ်ပါတယ်။

 

အင်္ဂါ

 

သူတို့ကချစ်သူအပေါ်သစ္စာရှိကြတယ်။ ချစ်မိပြီဆိုနှစ်ယောက်မရှိသလို မုန်းမိပြီဆိုရင်လည်း

 

ပြန်လှည့်မကြည့်တတ်တော့ပါဘူး။ သူတို့တွေကအချစ်ရေးကံမကောင်းကြပါဘူး။ ကံကောင်းပြီဆိုရင်လည်း

 

သူမတူအောင်အရမ်းကိုကံကောင်းတတ်ကြပါတယ်။

 

အင်္ဂါသားသမီးတွေဆောင်သင့်တဲ့အဆောင်ကျောက်လေးကတော့ သန္တာကျောက်ပဲဖြစ်ပါတယ်။

 

ဗုဒ္ဓဟူး

 

သူတို့ရဲ့အချစ်ရေးကတော့သူတို့ကိုချစ်တဲ့သူအရမ်းပေါပါတယ်။ ရှိတဲ့ချစ်သူအပေါ်သစ္စာရှိပြီး ဂရုစိုက်တတ်ကြပါတယ်။

 

ဗုဒ္ဓဟူးသားသမီးတွေဆောင်သင့်တဲ့အဆောင်ကျောက်လေးကတော့ မြ သို့မဟုတ် ပြောင်ခေါင်းစိမ်းကျောက်ဖြစ်ပါတယ်။

 

ကြာသာပတေး

 

သူတို့ကတော့သစ္စာတရားကိုတန်ဖိုးထားတယ်။ ခေတ်မီပြီးစတိုင်ကျတဲ့သူကိုသဘောကျတတ်လေ့ရှိတယ်။ အချစ်ရေးမှာကံကောင်းကြတယ်။

 

ကြာသာပတေးသားသမီးတွေဆောင်သင့်တဲ့အဆောင်ကျောက်ကတော့ ဥဿဖရားကျောက်ပဲဖြစ်ပါတယ်။

 

သောကြာ

 

သောကြာသားသမီးတွေကတော့ ဥစ္စာပစ္စည်းတော့လောဘမကြီးပေမဲ့ အချစ်ကိုတော့အရမ်းကိုလောဘကြီးပါတယ်တဲ့နော်။

 

အချစ်အရမ်းကြီးတယ်။ ဒါမဲ့သူတို့ချစ်သူကသူတို့ကိုအမြဲခံစားရအောင်လုပ်ပေမဲ့ သူတို့ကအရမ်းကိုအနစ်နာခံနိုင်ပါတယ်။

 

သောကြာသားသမီးတွေဆောင်သင့်တဲ့အဆောင်ကျောက်ကတော့ စိန်ပဲဖြစ်ပါတယ်။

 

စနေ

 

စနေသားသမီးတွေကမာနအရမ်းကြီးကြပါတယ်။ သူတို့ကချစ်မိပြီဆိုလည်းအရမ်းကိုချစ်ပြီး

 

မုန်းပြီဆိုလည်းလုံးဝကိုလှည့်မကြည့်တော့ပါဘူး။

 

စနေသားသမီးတွေဆောင်သင့်တဲ့ကျောက်ကတော့ နီလာပဲဖြစ်ပါတယ်။

 

Myanmar Wedding Guide

 

3

Wednesday, 24 July 2019 16:53

ရာသီခွင်လိုက် မိန်းကလေးတွေသူတို့ချစ်သူအပေါ်ဘယ်လောက်ချစ်လဲသိနိုင်မည့်အချက်များ

ရာသီခွင်အလိုက်ချစ်သူအပေါ်ဘယ်လောက်ချစ်လဲဖော်ပြတတ်တဲ့ မိန်းကလေးတို့ရဲ့အမူအကျင့်များကိုဖော်ပြပေးလိုက်ပါတယ်။

Wednesday, 24 July 2019 11:02

မိုင်ပေါင်း ၁၅၀၀ ကနေ ၁၅၀၀ အချစ်အတွက်သက်သေပြဖို့ကြိုးစားခဲ့သူရဲ့မျှော်လင့်မထားတဲ့ရလဒ်

လူငယ်တွေရဲ့အချစ်ရေးနဲ့ပက်သတ်ပြီး တွစ်တာနဲ့ ဖေ့စ်ဘုတ်တွေမှာ ဟိုးလေးတစ်ကျော်ကျော်ဖြစ်သွားခဲ့တဲ့ဖြစ်ရပ်တစ်ခုက

 

ဇူလိုင်လ ၂၃ ရက်နေ့လောက်ကစပြီး သတင်းတစ်ခုအနေနဲ့ပျံ့နှံ့လာခဲ့ပါတယ်။

 

ဖြစ်ပုံကတော့ Long Distance Relationship (အဝေးရောက်ချစ်သူ) နှစ်ယောက်ကြားမှာ ကောင်လေးရဲ့သူ့ချစ်သူကို

 

အံ့သြသွားစေတဲ့လုပ်ရပ်ကစတာပဲဖြစ်ပါတယ်။

 

 

အကွာအဝေး မိုင်းပေါင်း ၁၅၀၀ နီးပါးဖြစ်တဲ့ ကီလိုမီတာ ၂၄၀၀ အကွာအဝေးလောက်ကနေ ချစ်သူမိန်းကလေးဆီကို

 

မသိအောင်ရုတ်တရက်လာခဲ့တယ်။ ချစ်သူမိန်းကလေးမြင်သွားရင် အံ့အောဝမ်းသာသွားမယ်ဆိုတာ သူ့အထင် ပေါ့။

 

အမှတ်မထင်တွေ့ခဲ့ရင် ချက်ခြင်းမှတ်မိမှာစိုးလို့ အနားအထိကပ်လို့ရအောင် ၀က်ဝံရုပ်ကြီးကိုတောင် ၀တ်ဆင်ထား လိုက်ပါသေးတယ်။

 

ဒါပေမယ့် သူ့ချစ်သူကိုမြင်လိုက်တဲ့အခါမှာတော့ သူမျှော်လင့်ထား၊ တွေးထားတာတွေနဲ့တစ် ခြားစီဖြစ်သွားခဲ့ပါတယ်။

 

သူ့ချစ်ကိုမုန့်ဆိုင်တစ်ဆိုင်ရှေ့မှာ အခြားကောင်လေးတစ်ယောက်က ဖက်ထားပြီးကြည်နူးနေတဲ့မြင်ကွင်းက

 

သူ့ အတွက်တော့ တော်တော်လေးဗလောင်ဆူသွားစေမှာအမှန်ပါပဲ။

 

SURPRISE 1

 

အံ့အားသင့်ရုံသာမက မှင်တက်သွားတဲ့သူ့အနေနဲ့ ရုတ်တရက်ဆိုသလိုပဲ သူ့ရဲ့ဝက်ဝံခေါင်းဆောင်းကို ချွတ်ချ လိုက်တဲ့အချိန်မှာတော့

 

ကောင်မလေးကသူ့ကိုမြင်သွားပြီး သူ့နောက်ကိုပြေးလိုက်ခဲ့ပါတယ်။

 

SURPRISE 2

 

 

ဒီအချိန်မှာတော့ သူ့အနေနဲ့ခေါင်းဆောင်းကိုပြန်တက်ပြီး စကားတစ်ခွန်းမှမပြောပဲ ပြန်ထွက်လာခဲ့ပါတယ်။

 

ဒီလို ခေါင်းဆောင်ကို ပြန်တပ်လိုက်ရခြင်းက သူ့မျက်ရည်တွေကိုဖုံးကွယ်ဖို့လားဆိုတာကတော့ အသေအချာမသိရသေးပဲ

 

ယူဆမှုအနေနဲ့ပဲရှိနေပါတယ်။

 

SURPRISE 3

 

 

ကောင်မလေးအနေနဲ့လည်း အမှီလိုက်ပြီးပွေ့ဖက်ထားခဲ့ပေမယ့် ကျောက်ရုပ်တရုပ် လိုငြိမ်ကျသွားတာကတော့

 

SURPRISE 4

 

သူဘယ်လောက်ခံစားသွားရသလဲဆိုတာကို အထင်းသားမြင်တွေ့ရမှာပါ။ ဒါကို ပုံတစ် ပုံတစ်ပုံချင်းစီနဲ့ တွစ်တာပေါ်တင်ခဲ့သူကတော့

 

@T_Radiosonde ဆိုသူပဲဖြစ်ပါတယ်။ အဆိုပါပို့စ်အတွက် Like 81K နဲ့ retweet 20K လောက်အထိကိုရှိခဲ့ပါတယ်။

 

SURPRISE 5

 

Myanmar Wedding Guide

 

3

Thursday, 18 July 2019 14:21

ကိုယ့်အိမ်ထောင်ဖက်အပေါ်ထားသင့်တဲ့ကျေးဇူးတရား

ချစ်သူဘ၀မှ အိမ်ထောင်ဘက်ရောက်သွားပြီဆိုရင်တော့ ကိုယ်နဲ့ပတ်သက်ရတော့မယ့်သူအပေါ်ဂရုစိုက်သင့်ပါတယ်။

 

Friday, 05 July 2019 14:59

ကိုယ့်ရဲ့ အိမ်ထောင်ရေးလေးပိုပြီးသာယာစေဖို့

ချစ်ရတဲ့သူနဲ့စတင်လိုက်တဲ့ဘဝရဲ့နေ့ရက်လေးတွေတိုင်းကို ကြည်နူးစရာပန်းခင်းလမ်းလေးအဖြစ်ပဲ ပုံဖော်ချင်တာကတော့အိမ်ထောင်သည်တိုင်းရဲ့ မျှော်လင့်ချက်ပါပဲ။

Wednesday, 03 July 2019 14:24

မိန်းကလေးတွေ တစ်ဘဝလုံးလက်တွဲသွားချင်တဲ့ယောက်ျားလေးဆိုတာ

မိန်းကလေးတွေဘဝမှာ တစ်သက်မှာတစ်မင်္ဂလာဆိုတဲ့တိုင်း ကိုယ့်ရဲ့ဘဝတစ်ခုလုံးကို ကိုယ်ချစ်တဲ့သူနဲ့သာ ကုန်ဆုံးချင်ကြတာသဘာဝပါနော်...

Tuesday, 02 July 2019 15:38

ချစ်သူချင်း အချေအတင်ဖြစ်တဲ့အခါ ဖြေရှင်းနည်း

ချစ်သူချင်းအဆင်မပြေတဲ့အခါဆိုတာရှိကြမှာဘဲလေနော်…….

Thursday, 27 June 2019 14:47

ယောင်္ကျားလေးတွေ လူသိမခံတဲ့ အချက်များ

ယောကျာ်းလေးတွေ မပြောပြချင်တဲ့ လှို့ဝှက်လေးတွေကို သိချင်ကြလား။ အခုပြောပြပေးမယ့် ယောကျာ်းလေးတွေရဲ့ လူသိမခံချင်တဲ့ အချက်လေးတွေက

Thursday, 27 June 2019 13:18

ချစ်သူတွေထားရှိတဲ့ ကတိသစ္စာဆိုတာ

လက်ထပ်တဲ့အခါမှာ ကတိသစ္စာပြုရတဲ့ ပုံစံမျိုးလေးတွေဟာ အခု နောက်ပိုင်းမှာ ခေတ်စားလာခဲ့ပါတယ်။ အမှန်က ဒီ ယဉ်ကျေးမှုက ဟိုး နှစ်ပေါင်းများစွာကတည်းက ထွန်းကားလာခဲ့တဲ့ ပုံစံ ဖြစ်ပါတယ်။

Tuesday, 25 June 2019 15:24

ချစ်သူသက်တမ်း ရှည်စေမယ့် လက္ခဏာများ

ချစ်သူတွေအချင်းချင်း ချစ်သက်တမ်းရှည်ချင်ကြပါလိမ့်မယ်။ ရည်ရွယ်ချက်မရှိဘဲ ချစ်သူဖြစ်လာတဲ့သူတွေ အဖို့တော့ဇာတ်လမ်းတစ်ခုကို

Page 7 of 86