Interview: Ko San Htun, MC

Interview: Ko San Htun, MC

မေး။  မင်္ဂလာဆောင် အခမ်းအနားမှူးလုပ်ရတဲ့ ရည်ရွယ်ချက်လေးသိချင်ပါတယ်။

ဖြေ။   မင်္ဂလာဆောင်တိုင်း မည့်သည့် အခမ်းအနားမဆို MC သို့မဟုတ် ပွဲထိန်းသူတစ်ယောက်ကောင်း ဖြစ်ချင်တဲ့ ရည်ရွယ်ချက် ရှိပါတယ်။

မေး။  မင်္ဂလာဆောင် အခမ်းအနားမှူးလုပ်တဲ့ အတွေ့အကြုံလေးသိချင်ပါတယ်။

ဖြေ။   မင်္ဂလာအခမ်းနားမှူးအလုပ်က အရမ်းဂုဏ်တင့်ပါတယ်။ ပွဲကတော့ နည်းပါသေးတယ် ခင်ဗျ။ မနှစ်ကမှ စလုပ်ဖြစ်တာပါ။ ကျောင်းတစ်ဖက်နဲ့ဆိုတော့ မလုပ်ဖြစ်သေးတာပါ။ အခုတော့ ကျောင်းက မြန်မာစာအဓိကနဲ့ ကျောင်းပြီးထားပါတယ်။ Talent and Model Co. Ltd. ဆရာမတင်မိုးလွင်ဆီမှာ MC သင်တန်းဆင်းထားပါတယ်။

မေး။  မင်္ဂလာဧည့်ခံပွဲနဲ့ စုလျားရစ်ပတ် မင်္ဂလာပွဲအတွက် ဘယ်လိုမျိုးတွေ ကွာခြားချက်ရှိပါသလဲ။

ဖြေ။   ကွာခြားပါတယ်ခင်ဗျ။ မင်္ဂလာဧည့်ခံပွဲကတော့ သမရိုးကျစီစဉ်မူပါပဲ။ ဒါပေမယ့် ငွေကုန်ကြေးကျတတ်နိင်ရင်တော့ ပိုပြီးခမ်းနားအောင် လုပ်လိုရပါတယ် ခင်ဗျ။ စုလျားရစ်ပတ် မင်္ဂလာပွဲအတွက်ကကော အခမ်းနားမှူး စကားအသုံးအနူန်း အခမ်းအနားအပြင်အဆင် နေရာထိုင်ခင်း သတို့သားနှင့် သတို့သမီးတို့ဧ။် အဝတ်အစား အပြင်အဆင်နှင့် ထုံးဖွဲ့ပုံ ကွာပါတယ်။ ဥပမာ- သတို့သားဆိုပါက မောင့်ကျက်သရေခေါင်းပေါင်း၊ ရင်ဖုံး၊ တိုက်ပုံ တောင်ရှည်၊ ကတ္တီဘာဖိနပ် တို့ ၀တ်ဆင်ရပါတယ်။  

        သတိုးသမီးဆိုပါက ခုနှစ်တောင်ရှည်သောပုဝါ၊ ဆံထုံးတွင် ဆံမြိတ်၊ ပန်းပန်ဆင်ပြီး အိနြေ္ဒရှိသော မြန်မာထိုင် မသိမ်းကိုဝတ်ဆင်ရပါတယ်။ ပွဲထွက်ရင်လဲ အခါတော်ပေးကာ မိဘများခြံရံလျက် သတို့သားနင့် သတို့သမီးယှဉ်ကာ မထွက်ပဲ သတ်သတ်စီ ပွဲထုတ်ရပါတယ် ခင်ဗျာ။

မေး။  မင်္ဂလာပွဲဧည့်ခံပွဲ ဖိတ်ရင် လူရွေးပြီးသွားလား။

ဖြေ။   လူရွေးပြီး မသွားပါဘူးခင်ဗျာ။ ကိုယ့်ကို ရင်နှီးခင်မင်လို့ ဖိတ်စာနဲ့တကွ ဖိတ်တဲ့အတွက်ကြောင့် ပွဲတိုင်းသွား ဖြစ်ပါတယ်။ ဘုန်းကြီးကျောင်းမို့လို့၊ ခန်းမသေးလို့ မရှိပါဘူး။ ကိုယ်သွားတဲ့ပွဲမှာ ပြောကြားတဲ့ အခမ်းနားမှူးရဲ့ ပြောပုံဆိုပုံများလည်း မှတ်သားခဲ့ပါတယ်။

မေး။  မင်္ဂလာဆောင်အချိန်ကာလမှာ အလုပ်များတဲ့ကြားက မင်္ဂလာပွဲရှိရင်ကော လိုက်ဖြစ်လား။

ဖြေ။   အချိန်နှင့်ပွဲမတိုက်ရင် သင်တန်းအားရက်တွေဆို သွားဖြစ်ပါတယ်။ မဖြစ်နေသွားရမယ်ဆို သင်တန်းဖျက်ပြီး လည်းသွားပါတယ်။ အကယ်လို့ အရမ်းအဆင်မပြေဘူး ဆိုရင်တော လက်ဖွဲ့ကို အိမ်ကို ကိုယ်တိုင်အရောက်ပို့ကာ မလာနိုင်ကြောင်း ပြောဖြစ်ပါတယ် ခင်ဗျ။

မေး။  နေရာပေါ်မူတည်ပြီးတော့ မင်္ဂလာဧည့်ခံပွဲကို သွားသလား။

ဖြေ။   မရှိပါဘူးခင်ဗျာ။ ခုနကပြောသလိုပါပဲ ဘုန်းကြီးကျောင်းမို့လို့၊ ခန်းမသေးလို့၊ ဟိုတယ်ကြီးမို့လို့၊ ဟိုတယ်သေး သေးလေးမို့လို့ မရှိပါဘူး။ ကိုယ့်ကို ဖိတ်စာပို့လာပြီဆို သင့်တင့်လျောက်ပတ်တဲ့ ဝတ်စားဆင်ယင်မှုဖြင့် ချီးမြှင့်ပေးပါတယ်။

မေး။  မင်္ဂလာဆောင် အခမ်းအနားမှူးလုပ်တဲ့အခါ ဘယ်လိုအခက်အခဲမျိုးတွေ ရှိခဲ့ပါသလဲ။

ဖြေ။   အခက်ခဲကတော့ရှိပါတယ်။ အခါတော်ပေးနောက်ကျတဲ့အတွက်  ၁၅မိနစ်၊ နာရီဝက် နောက်ဆုတ်ပြီး ထုတ်ပေးတာမျိုးပါ။ သတို့သမီးဆို မျက်ရည်တောင် ဝဲခဲ့ပါတယ်။ နောက်ပြီး ပွဲစခါနီး လက်စွပ်မြန်းမယ့်သူ ပန်းကုံးချီးမြှင့်မယ့်သူ မလာသေးတာမျိုးလည်း ကြုံခဲ့ပါတယ်။ ၎င်းအပြင် ဘာသာခြားဆိုတာ မပြောထားပဲ နာမည်က မြန်မာနာမည်ပါ မြန်မာစာမတတ်သောသူတို့ ခေါ်မှန်းမသိတဲ့ အခက်ခဲလေးများ၊ ပန်းကုံးကလပ် လက်စွပ်ကလပ်ကိုင်မယ့်သူကို ရွေးချယ်ပြီးမှ မစမီအချိန် အနည်းငယ်မှာ မိန်ကလေးကနေ ယောက်ျာလေး ပြောင်းကိုင်ခိုင်းတာမျိုးပါ။ အဲဒီလိုဆိုတော့ ကျွန်တော်တို့ အခမ်းနားမှူးတွေက စလယ်ဆုံး အကုန်လိုက် ပြောင်းရပါတယ်။

        ကျွန်တော့် မင်္ဂလာပွဲဆိုရင်တော့ ပထမအချက် ပွဲထုတ်ခါနီး လူစစ်ပေးပါမယ်။ ဒုတိယက မိမိအခမ်းနားမှ လိုက်ပါဆောင်ရွက်ပေးမယ့် နာယကကြီးများ ရောက်မရောက်မေးပါတယ်။ နာယကကြီးများရဲ့ နာမည် သက်ဆိုင်ရာ ရာထူး ကုမ္ပဏီများကို ထပ်ခါတလဲလဲထပ်မေးပါတယ်။ တတိယအချက်ကတော့ စင့်မြင်ပေါ်မှာ အရိုသေဂါရဝပြုဖို့ လက်ဆွဲနူတ်ဆက်ရန်နှင့် ရှေ့ထွက်များကို လျှောက်လမ်းမှာ ပန်းကြဲပုံ လမ်းလျှောက်ပုံများ သင်ကြားပေးပါတယ်။ ဒါတွေဆိုတာလည်း ကျွန်တော်တို့ ရှေ့ဆောင် အခမ်းနားမှူးကြီးများဆီက သင်ယူရတာပါပဲ ခင်ဗျာ။ နောက်ပြီး ခန်းမထဲ လူကိုကြည့်ပါတယ်။ မိုးအရမ်းရွာလို့ ခန်းမထဲ လူကျဲနေတယ်ဆို မန်နေဂျာနဲ့ တိုင်ပင်ကာ ၁၀မိနစ်တန်သည်၊ မိနစ်၂၀ တန်သည် နောက်ပွဲနင့် ညှိကာ ပွဲထုတ်ပေးပါတယ်ခင်ဗျ 

        အခမ်းနားမှူးတစ်ယောက်ဆိုတာကတော့ စကားပြောရုံနဲ့ မပြီးဘဲ  မိမိလုပ်တဲ့ အခမ်းအနားမှာ အပြည့်အဝ ပြီးမြောက်ဖို့ ပွဲထိန်းသူတစ်ယောက်ဖြစ်ဖို့လည်း လိုအပ်ပါတယ် ခင်ဗျာ။ ဘယ်အရာမဆို အခက်အခဲဆိုတာ ရှိပါတယ်။ ရလာတဲ့ အခက်အခဲကို အောင်မြင်အောင် ပြုလုပ်နိုင်မယ်ဆို လိုအပ်ပြီးခက်ခဲနေတဲ့အရာတွေဟာ အားလုံးအဆင်ပြေချောမွေ့သွားမှာ ခင်ဗျာ။

မေး။  အနာဂတ် အလားအလာကောင်းများသိချင်ပါတယ်။

        အနာဂတ်ရဲ့အလားအလာကတော့ ကျွန်တော်တို့ ရှေ့ဆောင်အခမ်းနားမှူးကြီးတွေလိုပဲ နာမည်ကျော်ကြားတဲ့ အခမ်းအနားမှူး(MC)ကောင်းတစ်ယောက် ပွဲထိန်းသူတစ်ယောက် ဖြစ်ချင်ပါတယ်။ ဖြစ်အောင်လည်း ကြိုးစားနေပါတယ် ခင်ဗျာ။

Read times Last modified on Wednesday, 19 September 2018 09:48
Rate this item
(4 votes)