Monday, 26 October 2020 13:07

ချစ်သူစုံတွဲတွေ ဘာကြောင့်ကမ်းခြေခရီး သွားသင့်တာလဲ

ချစ်သူဘဝမှာ ခရီးထွက်တာက တစ်ယောက်နဲ့ တစ်ယောက်ပိုမို ရင်းနှီးမှုရစေသလို တစ်ယောက်အကြောင်းလည်း တစ်ယောက်ပိုပြီး လေ့လာသိရှိခွင့်ရမှာဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကြားမှာ အချစ်တွေ မမေ့နိုင်စရာ အမှတ်တရတွေလည်း တိုးစေတာကြောင့် စုံတွဲတွေအနေနဲ့ ချစ်သူရည်းစားဘဝမှာ အနည်းဆုံး တစ်ခေါက်လောက်တော့ ခရီးတစ်ခုကို အတူတူသွားသင့်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ချစ်သူနဲ့အတူတူ ခရီးတစ်ခါမှမသွားဘူးသေးတဲ့ စုံတွဲတွေ ၊ ကိုဗစ်ကြီးပြီးရင် ခရီးသွားဖို့ ရည်ရွယ်ထားကြတဲ့ စုံတွဲတွေ အနေနဲ့ ပင်လယ်ကမ်းခြေခရီးကို ဘာကြောင့်သွားသင့်လဲဆိုတဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

 

(၁) သဘာဝကို အနီးကပ်ခံစားနိုင်တယ်

 

Sea_Waves_Men_Couples_in_love_Water_Beach_Two_566256_1280x854.jpg

 

ပင်လယ်ကမ်းခြေဆိုတာ မြို့ပြရဲ့မွန်းကျပ်မှုတွေနဲ့ဝေးရာ ၊ တိတ်ဆိတ်အေးချမ်းတဲ့နေရာ ၊ မျက်စိတစ်ဆုံးလှတဲ့ပင်လယ်ပြင်ကြီးနဲ့ သဘာဝတရားကြီးရဲ့အလှတရားတွေကို အနီးကပ်ထိတွေ့ ခံစားခွင့်ရရှိနိုင်တဲ့ အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။ အပြာရောင် ပင်လယ်ပြင်ကြီးကိုဖြတ်ပြီး တိုက်ခတ်လာတဲ့ လတ်ဆတ်တဲ့ လေထုကိုတစ်ဝကြီးရှုရှိုက်ပြီး ငြိမ်းချမ်းတဲ့သဘာဝရဲ့အရသာကို ချစ်သူနှစ်ဦးအတူတူ ခံစားခွင့်ရနိုင်ပါတယ်။

 

(၂) ရိုမန်တစ်ဆန်တယ်

 

Planning To Visit Goa Anytime Soon? Must Explore These Places For A  Romantic Dinner

 

ချစ်သူစုံတွဲတွေအတွက် ကမ်းခြေမှာ ဒိတ်လုပ်တယ်ဆိုတာ တော်တော်လေးကို ရိုမန်တစ်ဆန်တဲ့ ခံစားမှုကိုရစေမှာဖြစ်ပါတယ်။ ငွေရောင်သဲသောင်ပြင်ပေါ်မှာ လမ်းလျောက်မယ် ၊ ညနေ နေဝင်ဆည်းဆာအလှကို အတူတူထိုင်ကြည့်မယ် ၊ ဝိုင်လေးသောက်ရင်း သို့မဟုတ် အုန်းရည်လေးသောက်ရင်း စကားတွေပြောမယ် ၊ ညဘက်မီးပုံလေးဘေးမှာ ဂစ်တာတီးပြီး သီချင်းတွေအတူတူဆိုမယ် ၊ ပင်လယ်ပြင်ကြီးကိုမျက်နှာမူပြီး ကိုယ့်ချစ်သူကို ဘယ်လောက်ချစ်ကြောင်း အကျယ်ကြီးအော်ပြောကြည့်မယ်။ ဒီလိုမျိုး ရိုမန်တစ်ဆန်တဲ့အရာလေးတွေကို ကမ်းခြေမှာပဲလုပ်လို့ရနိုင်မှာဖြစ်ပါတယ်။

 

(၃) စွန့်စားခန်းဖွင့်လို့ရတယ်

 

 

စွန့်စားမှုတွေပြုလုပ်ရတာ နှစ်သက်တဲ့ချစ်သူစုံတွဲတွေအတွက်တော့ ပင်လယ်ကမ်းခြေကအသွားသင့်ဆုံး ခရီးတစ်ခုဖြစ်စေမှာပါ။ ရွက်လှေစီးခြင်း ရေပေါ်ဆိုင်ကယ်ခြင်း ပင်လယ်ရေအောက်ငုပ်ခြင်း Parasailing လို့ခေါ်တဲ့ ပင်လယ်ပြင်မှာ လေထီးစီးခြင်း စသည်ဖြင့် စွန့်စားရတဲ့အရာတွေများစွာကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ အကယ်၍ စွန့်စွန့်စားစားလုပ်ရတာတွေ မကြိုက်ဘူးဆိုရင်လည်း သောင်ပြင်ပေါ်မှာ စက်ဘီးနင်းတာ မြင်းစီးတာ စတဲ့အန္တရာယ်မများတဲ့ Activities လေးတွေလည်းလုပ်လို့ရပါတယ်။

 

(၄) ဓာတ်ပုံလှလှလေးတွေရိုက်လို့ရတယ်

 

 

Couple Photo လှလှလေးတွေရိုက်ချင်တဲ့ စုံတွဲအတွက်တော့ ကမ်းခြေက အလှဆုံးဓာတ်ပုံလေးတွေ ရစေမှာဖြစ်ပါတယ်။ တချို့စုံတွဲတွေဆိုရင် တကူးတကကမ်းခြေအထိလာပြီး Pre wedding အတွက် ဓာတ်ပုံလာရိုက်ကြတာမျိုးလည်း ရှိပါတယ်။ ဟုတ်ပါတယ် ပင်လယ်ကမ်းခြေက ရင်သပ်ရှုမောဖွယ်အလှတရားတွေနဲ့ ပြီးပြည့်စုံတဲ့အမှတ်တရ ပုံရိပ်လေးတွေဖန်တီးနိုင်မှာဖြစ်တာကြောင့် အကယ်၍ကမ်းခြေသွားတဲ့အခါ Couple Photo လေးတွေအများကြီး ရိုက်ခဲ့ဖို့လည်း မမေ့ပါနဲ့နော်။

 

 

 

Ref: Kwee

 

Wednesday, 14 October 2020 13:19

နှစ်ပေါင်းများစွာ တွဲလာတဲ့ အတွဲတွေ ဘာကြောင့် ပြတ်သွားကြရတာလဲ?

အချစ်ခရီးတစ်ခုမှာ နှစ်ကြာလာလေလေ အချစ်တွေလျော့ပြီး သံယောဇဉ်တွေသာ တိုးလာတတ်ပါတယ်။

Monday, 12 October 2020 18:17

ချစ်သူ‌ကောင်းတစ်ယောက်နှင့်တွေ့ဆုံနိုင်အောင် ကူညီပေးမယ့်နည်းလမ်း (၆)ခု

ကိုယ့်အပေါ် မကောင်းတဲ့လူတစ်ယောက်ကြောင့် အသဲတွေကွဲသလို ခံစားရပြီးတဲ့အခါ နောက်ထပ်ချစ်ဖို့တောင် ကြောက်နေတတ်ပါတယ်။

Saturday, 26 September 2020 14:25

ကိုယ့်ချစ်သူကို နေ့တိုင်းပြောသင့်တဲ့အချက်များ

ကျောင်းနေစဉ်အရွယ်ကာလတုန်းကတော့ ချစ်သူနှစ်ဦး တွေ့ရမဲ့အချိန် ပိုများပါတယ်။

Friday, 25 September 2020 12:27

Relationship တစ်ခုမှာ ယောက်ျားလေးတွေကို နာကျင်စေတဲ့အပြုအမူများ

ဘဝမှာ သင့်ချစ်သူ ယောကျ်ားလေးကို စိတ်နာကျင်အောင် ပြုလုပ်မိတဲ့အခိုက်အတန့် အချိန်လေးတော့ အနည်းနဲ့အများ ရှိဖူးကြမှာပါ။

Wednesday, 23 September 2020 15:15

ကိုဗစ်ကာလမှာ အိမ်သူသက်ထား ဇနီးမယားကို ဘယ်လိုရိုမလဲ?

ခုချိန်မှာ လူအားလုံးက အိမ်တွင်းအောင်း၊ အသွားအလာဆင်ခြင်ပြီး ကိုဗစ်ဒုတိယလှိုင်းကို အတူရင်ဆိုင်နေကြတဲ့အချိန်ဖြစ်တယ်ဆိုတာ အားလုံးအသိပါပဲ။

Tuesday, 08 September 2020 18:18

လူတွေကဘယ်လိုအခြေအနေမှာဖောက်ပြန်တတ်ကြလဲ

Relationship တစ်ခုမှာ တစ်ယောက်ကိုတစ်ယောက် သစ္စာရှိမှုဟာ အရေးအကြီးဆုံး အချက်တစ်ခုပါ။ ဖောက်ပြန်ခြင်းဆိုတာဟာ relationship တစ်ခုလုံးဖျက်ဆီးပစ်နိုင်တဲ့ အရာဖြစ်ပြီး အခြေအနေအမျိုးမျိုးနဲ့ ပေါ်ပေါက်လာတတ်ပါတယ်။

Wednesday, 29 July 2020 18:18

ပုရိသတွေအမြင်မှာ စွဲဆောင်မှု ရှိလွန်းနေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အမူအကျင့်များ

ယောကျာ်းလေး တစ်ယောက်နဲ့ တစ်ယောက်က အကြိုက်ချင်းလည်း မတူညီနိုင်သလို အမြင်ချင်းလည်း ကွဲပြားတတ်ကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ မျက်လုံးထဲမှာ တူညီစွာ မြင်တတ်တဲ့အချက်တွေလည်း ရှိပါတယ်။ ယောကျာ်းလေးအများစုက ဒီလိုအမူအကျင့်တွေရှိနေတဲ့ မိန်းကလေးမျိုးတွေကို ပိုပြီးဆွဲဆောင်မှုရှိတဲ့ သူတွေအဖြစ် မြင်တတ်ကြပါတယ်။

Thursday, 23 July 2020 16:50

Wedding ရဲ့ သတို့သား ကိုကို/ မောင်မောင်များအတွက် သုံးသင့်တဲ့ အဖြူရောင်မုသားများ

ချစ်သူရည်းစားတွေကြားမှာ အမှန်တိုင်း ပြောတယ်ဆိုတာကတော့ ကောင်းသင့်သလောက်ပဲ ကောင်းပါတယ်။ ဒါပေမယ့် တစ်ချို့အခြေအနေတွေမှာတော့ အမှန်တိုင်းချည်းပဲ ပြောနေတာ မကောင်းပါဘူး။ ဒါ့ကြောင့်လဲ အဖြူရောင်မုသားဆိုတဲ့ စကားလုံးက ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

Thursday, 16 July 2020 14:38

ကိုယ်ချစ်သူနဲ့အခြေအတင်ဖြစ်တဲ့အခါ အဆင်ပြေစေမဲ့ဖြေရှင်းနည်းလေးများ

ချစ်သူရည်းစားချင်း တခါတလေစကားများတာရှိမှာပါ။ ဒါကိုဘယ်လိုဖြေရှင်းရမလဲ?

Page 1 of 86