မင်္ဂလာပွဲကျင်းပမည့်သူများ ကုန်ကျစရိတ်အတွက် UAB ဘဏ်တွင်ချေးငွေထုတ်ယူနိုင်ပြီ

မင်္ဂလာပွဲကျင်းပမည့်သူများ ကုန်ကျစရိတ်အတွက် UAB ဘဏ်တွင်ချေးငွေထုတ်ယူနိုင်ပြီ google.com

မင်္ဂလာပွဲကျင်းပပြုလုပ်ရာတွင် ကုန်ကျမည့် ကုန်ကျစရိတ်များကို ချေးငွေရယူနိုင်ရန် UAB Signature Wedding Package ကို UAB ဘဏ်က ဇူလိုင်လ ၁၂ရက်တွင် စတင်မိတ်ဆက်ခဲ့ကြောင်းသိရပါတယ်။

မင်္ဂလာဆောင် ကုန်ကျစရိတ်ချေးငွေကိုရယူလိုပါက မင်္ဂလာမောင်နှံများအနေဖြင့် Signature weddings & Event Planning ကုမ္ပဏီသို့ ဆက်သွယ်ရမည်ဖြစ်ပြီး Signature weddings & Event Planning မှ ထောက်ခံချက်ရရှိမှသာ ချေးငွေထုတ်ချေးမည်ဖြစ်ကြောင်း သိရသည်။

 

UAB ဘဏ်က ကျွန်မတို့Signature weddings & Event Planning ကို ဆက်သွယ်လာတယ်၊မင်္ဂလာမောင်နှံတွေ မင်္ဂလာဆောင်တဲ့ ကုန်ကျစရိတ်ကို ချေးငွေထုတ်ချေးပေးချင်တယ်ဆိုပြီး ဆက်သွယ်လာပါတယ်။ ဒါကြောင့် ချေးငွေလျှောက်ထားလိုတဲ့ မင်္ဂလာမောင်နှံများက ကျွန်မတို့နဲ့ ဆက်သွယ် ဆွေးနွေးရမယ်။ အဆင်ပြေတယ်ဆိုရင် ချေးငွေထုတ်ပေးဖို့ ကျွန်မတို့က UAB ဘဏ်ကို ချိတ်ဆက်ပေးမှာပါ” ဟု Signature weddings & Event Planning မှ ဒေါ်အေးသီတာဝင်းကပြောကြားခဲ့ပါတယ်။

 

UAB Signature Wedding Packageကို လျှောက်ထားမည့် မင်္ဂလာမောင်နှံများအနေဖြင့် အသက်၂၁နှစ်အထက် ဖြစ်ရမည်ဖြစ်ပြီး၊ နှစ်ဖက်မိဘများ၏ ထောက်ခံချက်၊ နှစ်ဖက်မိဘများ၏ ၀င်ငွေနှင့် လျှောက်ထားသူနှစ်ဦး၏ ၀င်ငွေနှစ်ဦးကို တင်ပြရမည်ဖြစ်ကြောင်း သိရပါတယ်။

 

ကျွန်မတို့ UAB ဘဏ်က ဘာမှမကန့်သတ်ထားပါဘူး။ လျှောက်ထားသူက အသက်၂၁အထက်ဖြစ်ရမယ်။ မြန်မာလူမျိုး ဖြစ်ရပါမယ်။ နှစ်ဖက်မိဘရဲ့ ဝင်ငွေကို တင်ပြရမယ်။ ဒါမှလည်း ချေးငွေထုတ်ချေးဖို့အတွက် တွက်ချက်နိုင်မှာပါ။ မင်္ဂလာဆောင်ရင် တစ်ပွဲကို သိန်းတစ်ရာ၊ နှစ်ရာကုန်တဲ့အတွက် ဒီအချက်အလက်တွေကို တောင်းယူတာဖြစ်ပါတယ်”ဟု UAB Bank မှ Head-Premier Banking ဒေါ်လုလုလှိုင်ကပြောကြားခဲ့ပါတယ်။

 

UAB Signature Wedding Package အတွက် ပြန်ဆပ်ကာလမှာ ၁နှစ် မှ ၃နှစ် အတွင်း ပြန်လည်ပေးဆပ်ရမည်ဖြစ်ပြီး အတိုးနှုန်းအနေဖြင့် ရယူထားသည့် ချေးငွေပမဏ၏ ၈%ကို အတိုးနှုန်းအနေဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

ထို့ပြင် ဇူလိုင်လ ၂၁ရက် နှင့် ၂၂ရက်တို့တွင် ကျင်းပမည့် The First Wedding Show တွင် UAB Signature Wedding Package နှင့် ချိတ်ဆက်၍ မင်္ဂလာပွဲကျင်းပမည့်သူများအနက်မှ စုံတွဲ ၃တွဲ ကို ကံထူးရှင်အဖြစ် ရွေးချယ်သွားမည်ဖြစ်ပြီး ကံထူးရှင် စုံတွဲ ၃တွဲ အနေဖြင့် တစ်နှစ်အတိုးကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရပါတယ်။

 

UAB ဘဏ်သည် ၂၀၁၀ ခုနှစ်၌ ပုဂ္ဂလိကပြည်တွင်းဘဏ်အဖြစ် စတင်တည်ထောင်ခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံတ၀ှမ်းလုံးတွင် ဘဏ်ခွဲပေါင်း(၇၆) ဘဏ်ဖွင့်လှစ်၍ ၀န်ဆောင်မှုပေးလျှက်ရှိပါတယ်။

 

 

 

Credit;Myanmar Bussiness Today

Read times Last modified on Tuesday, 18 September 2018 16:04
Rate this item
(1 Vote)