သတို့သမီးလေးတို့အတွက်အလိုက်ဖက်ဆုံးလက်ဝတ်ရတနာကိုဆင်မြန်းနိုင်ဖို့

သတို့သမီးလေးတို့အတွက်အလိုက်ဖက်ဆုံးလက်ဝတ်ရတနာကိုဆင်မြန်းနိုင်ဖို့ google.com

ပုလဲတို့ စိန်တို့ဆိုတာ အနောက်တိုင်းပုံစံ မင်္ဂလာဝတ်စုံနဲ့ပဲ ဖြစ်ဖြစ်၊ မြန်မာထိုင်မသိမ်း ဝတ်စုံနဲ့ပဲ ဖြစ်ဖြစ် လိုက်ဖက်တဲ့ လက်ဝတ်ရတနာတွေ ဖြစ်ပါတယ်။လှပခြင်းမှာ အဖိုးတန် ထည်ဝါခြင်းတွေ ထည့်ပေါင်းပြီး တင့်တင့်တယ်တယ် လှနိုင်ဖို့အတွက် လိုအပ်တာကတော့ သတို့သမီးလေးတို့ ဆင်မြန်းမယ့် လက်ဝတ်ရတနာတွေပါ။

 

 

သတို့သမီးလေး ဆင်မြန်းထားတဲ့ ရတနာ ပစ္စည်းတွေက မင်္ဂလာမောင်နှံရဲ့ဂုဏ်သိက္ခာနဲ့ အရှိန်အဝါကို ဖော်ကျူးပေးတဲ့အပြင်သတို့သမီးလေးတို့ရဲ့အလှတွေကိုပါပိုမိုထင်ရှား ပေါ်လွင်စေနိုင်တဲ့ ဖြည့်စွက် ပစ္စည်းတွေပါ။သတို့သမီး ဝတ်စုံတိုင်းအတွက် အဆင်ပြေတဲ့ ရတနာတစ်မျိုးကတော့ ပုလဲပဲ ဖြစ်ပါတယ်။

 

လက်ဝတ်ရတနာတွေကို အဖိုးတန်တာတွေ ရွေးချယ်သင့်သလိုသတို့သမီးလေးတို့နဲ့ လိုက်ဖက်ပြီး ဖက်ရှင်ကျနေမယ့် လက်ဝတ်ရတနာမျိုးကိုလည်း ရွေးချယ်ဖို့ လိုပါတယ်။ အဖိုးအတန်ဆုံး ကျောက်မျက်ကတော့ စိန်ဖြစ်ပြီး စိန်ထည်တွေ ဆိုတာကလည်း ဘယ်လိုမိန်းကလေးမျိုးနဲ့ မဆိုလိုက်ဖက်တဲ့အပြင် မင်္ဂလာဝတ်စုံတိုင်းနဲ့အဆင်ပြေတဲ့လက်ဝတ်ရတနာလည်း ဖြစ်ပါတယ်။ ပုလဲတို့ စိန်တို့ဆိုတာအနောက်တိုင်းပုံစံ မင်္ဂလာဝတ်စုံနဲ့ပဲ ဖြစ်ဖြစ်၊ မြန်မာထိုင်မသိမ်း ဝတ်စုံနဲ့ပဲ ဖြစ်ဖြစ် လိုက်ဖက်တဲ့ လက်ဝတ်ရတနာတွေ ဖြစ်ပါတယ်။ ဘယ်အချိန်ဖြစ်ဖြစ် မရိုးသွားတဲ့ ဆင်မြန်းမှုတွေ ဖြစ်သလို ဘယ်အသက်အရွယ်ရှိတဲ့ မိန်းကလေးတိုင်းနဲ့ မဆိုလည်း လိုက်ဖက်ပါတယ်။

 

jewellery

 

ဒါကြောင့် ပုလဲနဲ့စိန်ကို ပေါင်းစပ်ထားတဲ့ လက်ဝတ်ရတနာတွေကတော့ သတို့သမီးလေးတို့အတွက် အလိုက်ဖက်ဆုံး လက်ဝတ်ရတနာတွေ ဖြစ်နေတာပါ။သတို့သမီးလေးတို့အနေနဲ့ကိုယ်နဲ့ လိုက်ဖက်တဲ့ လက်ဝတ်ရတနာမျိုး၊ မင်္ဂလာဝတ်စုံနဲ့ လိုက်ဖက်မယ့် လက်ဝတ်ရတနာမျိုးကို အထူးတလည် မစဉ်းစားတတ်ဘူးဆိုရင် ပုလဲနဲ့စိန် ပေါင်းထားတဲ့ ရတနာမျိုးကိုသာ ရွေးချယ်လိုက်ပါ။ ဘယ်လို ဝတ်စုံပုံစံမျိုး၊ ဘယ်လိုအရောင်မျိုးနဲ့မဆိုလိုက်ဖက်တဲ့လက်ဝတ်ရတနာတွေ ဖြစ်တာကြောင့်သတို့သမီးလေးတို့အရွေးမမှားနိုင်ပါဘူးနော်။

 

 

Credit;Marry

Read times Last modified on Tuesday, 18 September 2018 16:01
Rate this item
(1 Vote)