ဆောင်းဦးရာသီ သတို့သမီးအရံဝတ်စုံ

ဆောင်းဦးရာသီ သတို့သမီးအရံဝတ်စုံ

သဘာဝမြေသားအရောင်ကနေ စိန်ရောင်၊ ရွှေရောင်ရင့်ရင့်တွေအဆုံး အရောင်တွေကြားမှာ ဒီနှစ်၏ဆောင်းဦးရာသီ သတို့သမီးအရံ ဝတ်စုံပုံစံလေးတွေကို သင်နှစ်သက်မိမှာပါ။

လတ်ဆတ်တဲ့ ဆောင်းဦးချိန်ခါက သင့်ရဲ့မင်္ဂလာပွဲနဲ့ သတို့သမီးပွဲထုတ်တဲ့ အခမ်းအနားတွေအတွက် စိတ်ကူးစိတ်သန်းတွေ များစွာဖြစ်ပေါ်လာစေမှာပါ။ သတို့သမီးအရံ ၀တ်စုံအရောင်ရွေးချယ်တဲ့အခါ ဆောင်းဦးကာလ သစ်တော၊ သစ်ရွက်အရောင်တွေကို ထည့်စဉ်းစားသင့်ပါတယ်။ အရောင်ညိုမှိုင်းမှိုင်းတွေကိုပဲ သင်ဝတ်မလား။ ဆန္ဒရှိရင် ဝတ်လို့ရတယ်ဆိုပေမယ့် ပိုမှားသွားနိုင်ပါတယ်။ စိန်ရောင်ရွှေရောင်တွေနဲ့ ရောစပ်တောက်ပနေတဲ့ ၀တ်စုံလောက် ချစ်စရာကောင်းတာမရှိပါဘူး။ အနက်ရောင်ဟာလည်း ဆောင်းဦးရွက်ကြွေတွေနဲ့ ဆန့်ကျင်ပြီး ပနံသင့်စွာ ကြည့်ကောင်းနေမှာပါ။ အမြဲနှစ်သက်စရာကောင်းတဲ့ သတို့သမီးအရံဝတ်စုံပုံစံကို ပြောရရင်  ရင်သပ်ရှုမောဖွယ်ရာ အရောင်အမျိုးမျိုးနဲ့ လွတ်လပ်ပေါ့ပါးတဲ့ ဒီဇိုင်းဝတ်စုံပဲဖြစ်ပါတယ်။

ဒါပေမယ့် ပိုပြီးပေါ့ပါးတဲ့ အဝတ်အစားတွေ ဝတ်ဖို့ မစိုးရွှံ့ပါနှင့်။ အရောင်မနုမရင့်ဖြစ်တဲ့ မြေသားသဘာဝအရောင်က တောဆန်တဲ့ ဆောင်ဦးအချိန်အခါကို ပုံဖော်ပေးမှာပါ။  ဒါ့အပြင် မိမိဝတ်ထားတဲ့ ပြက်ပြက်လက်နေတဲ့ လက်ဝတ်ရတနာအရောင်တွေနဲ့ ပေါင်းစပ်လိုက်ရင် စွဲမက်ဖွယ်အသွင်အပြင် ဖြစ်စေမှာပါ။ ဆောင်းဦးမှာ မင်္ဂလာဆောင်သူတွေအနေနဲ့ -

၁။ မြေသားသဘာဝအရောင်နဲ့ လွတ်လပ်ပေါ့ပါးတဲ့ ဒီဇိုင်းတွေ ရောစပ်ဆင်ယင်ထားတဲ့ ဝတ်စုံတွေဝတ်ဆင်ပါ။

၂။ ကတ္တိပါရောင်ပန်းစည်းတွေနဲ့အတူ ဆင်စွယ်ရောင် ပါးလွှာပေါ့ပါးတဲ့ ပိုးထည်ဝတ်စုံတွေက စိတ်ကူးယဉ်ဆန်တဲ့ မင်္ဂလာပွဲအသွင်အပြင်ဖြစ်စေမှာပါ။

၃။ အရောင်ပြည့်ပြည့်နဲ့ ဘလောက်စ်အင်္ကျီ ၊ ပန်းပွင့်ပုံတွေ ခပ်ထင်းထင်းဖေါ်ထားတဲ့ စကတ်လေးတွေကို တွဲဖက်ဝတ်ဆင်ရင် ခေတ်ဆန်ပြီး သားနားခံ့ညားသလို အဆင့်အတန်းမြင့်ပုံ ပေါ်လွင်စေပါတယ်။

၎။ အေးစိမ့်နေတတ်တဲ့ ဆောင်ဦးလေတွေကြားမှာ ခြုံလွှာလေးတွေကလည်း ကျောတွေကို နွေးထွေးစေသလို သတို့သမီးအရံအတွက် အဆင်တန်ဆာတစ်ခုလို အလှပိုစေမှာပါ။ သိမ်မွေ့တဲ့ အဖြူရောင်ဖျော့ဖျော့၊  မီးခိုးရောင် ခြုံလွှာလေးနဲ့ဆိုရင် ချစ်စရာကောင်းတဲ့ ဝတ်စုံနဲ့ ပန်းစည်းကို ထင်းထင်းပေါ်လွင်စေမှာဖြစ်ပါတယ်။

၅။ နီရဲရဲအရောင်၊ ကတ္တီပါအရောင် နဲ့ စပျစ်ဝိုင်အရောင်တွေက ဆောင်းဦးမင်္ဂလာပွဲကို စိတ်ကူးယဉ်ဆန်စေမှာပါ။

Read times Last modified on Wednesday, 19 September 2018 17:51
Rate this item
(0 votes)