သူငယ်ချင်းအဆင့်ထက်ပိုနေကြောင်းသိနိုင်မယ့် အချက် (၁၀)ချက်

သူငယ်ချင်းအဆင့်ထက်ပိုနေကြောင်းသိနိုင်မယ့် အချက် (၁၀)ချက် google.com

ကိုယ့်မှာအခင်ရဆုံး ယောက်ျားလေးသူငယ်ချင်းရှိလား။ တစ်ခါတလေ သူက ကိုယ့်အပေါ် သာမန်မဟုတ်တဲ့ ဂရုစိုက်မှုလေးတွေပေးတယ်လို့ရော ခံစားဖူးလား။

 

 

ခင်မင်မှုနဲ့ ချစ်ခြင်းမေတ္တာဆိုတဲ့ ကြားမှာ စည်းတစ်ခုကတော့ အမြဲရှိပါတယ်။ အစပိုင်းမှာတော့ ရုပ်ရည်ရူပကာ ဆွဲဆောင်မှုတွေပေါ် မူတည်လို့ တစ်ဦးနဲ့တစ်ဦး အပေါင်းအသင်းဖြစ်သွားကြပေမဲ့ ခင်မင်မှုအတိုင်းအတာ တစ်ခုရောက်ပြီဆိုရင် ရုပ်ရည်လက္ခဏာတွေကို သိပ်အရေးမထားတော့ပါဘူး။ အချစ်ဆိုတာကလည်း ရှုပ်ထွေးဆန်းကြယ်တယ်လေနော်။ ကိုယ့်ဘေးနားက ခင်ပါတယ်ဆိုတဲ့ယောက်ျားလေးသူငယ်ချင်းကကိုယ့်ကို ချစ်နေပါပြီဆိုတဲ့ အရိပ်အမြွက်ပြလာတဲ့အခါ မသိလိုက်မရှိရလေအောင် ဒီအချက်လေးတွေသိထားဖို့တော့လိုမယ်နော်....

 

 

၁။ကိုယ့်ကိုလက်ထပ်မယ့်အကြောင်း ဟာသလုပ်ပြောမယ်

 

တစ်နေ့နေ့မှာငါတို့လက်ထပ်ကြမယ်လို့ပြောလာရင် ဒါကဟာသမဟုတ်ပါဘူး သူ့ရဲ့စိတ်ရင်းအစစ်အမှန်ကိုဟာသနှောပြီးပြောနေတာပါ။

 

 

၂။ကိုယ့်နားမှာရှိနေတိုင်းသူဟာစိတ်လှုပ်ရှားနေမယ်

 

သူငယ်ချင်းစိတ်ပဲရှိတဲ့သူက ဒီလိုစိတ်လှုပ်ရှားစရာ အကြောင်း မရှိဘူးလေနော်။ သူကကိုယ့်အနားမှာရှိရင် စိတ်လှုပ်ရှားပြီး ကိုးရို့ကားရားဖြစ်နေတယ်ဆိုရင် ဒါကသူငယ်ချင်းအဆင့်ထက်ပိုနေတယ်ဆိုတာ ပြသတာပါပဲ။

 

 

၃။ မျက်လုံးအကြည့်

 

အကြည့်ချင်းဆုံ ရင်ခုန်တယ်ဆိုတာမျိုးပေါ့။ တခြားသူစိမ်းယောက်ျားလေးဆိုရင်တော့ ဒီလိုစူးစိုက်ကြည့်တာက ကြက်သီး မွေးညှင်းထစရာ ကောင်းနိုင်ပေမဲ့ သူနဲ့ကျတော့ ဒီလိုစူးစိုက်ကြည့်တာက မထူးဆန်းတော့သလို ဖြစ်နေမယ်။ ဒါဆိုရင်တော့သူကယောင်းကိုသူငယ်ချင်းအဆင့်ထက်ပိုနေပါပြီ။

 

 

၎။ အထိအတွေ့တွေက နွေးထွေးနေမယ်

 

သူငယ်ချင်းတွေကြားထဲ တစ်ခုခုဆိုယောင်ယမ်းလက်ဆွဲတာတွေဘာတွေက ရှိတတ်ပေမဲ့ ဒီအပြုအမူတွေမှာ ချစ်စနိုးတွေ၊ နွေးထွေးတဲ့ ခံစားမှုလေးတွေ ပါနေပြီဆိုရင်တော့ဒါဟာမရိုးသားတော့ပါဘူး။ သူငယ်ချင်းတွေကြားထဲ ဒီလိုနွေးထွေးရင်ခုန်စေတဲ့ ခံစားချက်မျိုး ဘယ်မှာ ရှိလို့လဲနော်...

 

 

၅။ ခရီးတူတူသွားမယ်

 

သူငယ်ချင်းတွေ ခရီးသွားတာလည်း မဆန်းပါဘူး။ ဒါပေမဲ့ ခရီးသွားဖို့ ရင်ခုန်နေရင်၊ လိုတာထက် ပြင်ဆင်နေမယ်ဆိုရင်တော့… ခရီးထွက်တဲ့အခါမှာလည်း နှစ်ယောက်တူတူ ခရီးထွက်ရတာက သက်တောင့်သက်သာရှိသလိုကိုယ်ရဲ့အမူအကျင့်လေးတွေကသူနဲ့အံဝင်ခွင်ကျဖြစ်ပြီး သာမန်ထက်ပိုပြီး ပျော်ရွှင်နေရပြီဆိုရင်နှစ်ယောက်ကြားမှာ ခင်မင်မှုတစ်ခုတည်း မဟုတ်တော့ပါဘူး။

 

 

Credit;For Her Myanmar

Read times Last modified on Tuesday, 18 September 2018 15:53
Rate this item
(1 Vote)