ကွာရှင်းပြတ်စဲကြတော့မယ်ဆိုရင်ဒီမေးခွန်းလေးတွေကိုသတိရပါ

ကွာရှင်းပြတ်စဲကြတော့မယ်ဆိုရင်ဒီမေးခွန်းလေးတွေကိုသတိရပါ google.com

ဘယ်သူမဆို ကိုယ်လက်ထပ်ထားတဲ့လူနဲ့ တစ်သက်လုံးအတူနေသွားချင်ကြမှာပဲနော်။ ဒါပေမဲ့ အရမ်းစိတ်ညစ်လာရတဲ့အခါ၊ ကြားလူကြောင့် အနှောင့်အယှက်တွေပေါ်လာတဲ့အခါ၊ ဘယ်လိုမှတည်ဆောက်ဖို့မဖြစ်နိုင်ဘူးလို့ ထင်လာတဲ့အခါ စိတ်လိုက်မာန်ပါမလုပ်ခင် အောက်ကအချက်လေး () ချက်ကို ဆန်းစစ်စေချင်ပါတယ်။

 

 

ဒါလည်း ဆုံးဖြတ်ပြီးရင် ပြန်ပြင်မရတော့တဲ့ထဲပါတယ်မဟုတ်လား….

 

 

() ငါဒီအိမ်ထောင်ရေးကိုပြုပြင်ဖို့ ကြိုးစားခဲ့ပြီးပြီလား?

 

ကွာရှင်းတာက တစ်ခုတည်းသောအဖြေလား? အကယ်၍ အခုအခြေအနေက အကြမ်းဖက်တာမျိုးမရှိဘဲ ပျော်ရွှင်နိုင်စရာလမ်းတစ်စက်မှ မမြင်တော့တဲ့အခါ တကယ့်အဓိကအကြောင်းအရာတွေကို သေချာလေးချရေးပြီး ဆန်းစစ်ကြည့်ပါ။ စကားပြောရဆိုရခက်ခဲနေတာဆိုရင်လည်း သူ့ကိုအိမ်ထောင်ဦးစီးဆိုတဲ့အတွေးကို ဖျောက်ပြီး ကိုယ့်ရဲ့ခံစားချက်တွေကို သူသိအောင်လုပ်ဖို့ကြိုးစားကြည့်ပါ။ နောက်ပြဿနာတွေကရော ခဏတာလား၊ ဖြေရှင်းလို့မရတော့တာလား သေချာခွဲခြားပါ။

 

 

() ငါတစ်ယောက်ထဲနေတဲ့အခါ လုံခြုံပါ့မလား?

 

အိမ်ဆိုတာလုံခြုံမှုတွေ၊ နွေးထွေးမှုတွေ လိုချင်လို့နေတာလေ။ ကိုယ်တစ်ယောက်ထဲနေတဲ့အခါမှာ မမြင်ရတဲ့ပြဿနာတွေကြုံလာတတ်ပါတယ်။ ကိုယ့်ရဲ့အဖော်ကလည်း အကြမ်းဖက်တာမျိုး လာလုပ်နိုင်ပါသေးတယ်။ ဒါကြောင့် တစ်ယောက်ထဲအရင်မနေသေးဘဲ အမျိုးနဲ့အတူတူနေတာမျိုးဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ နေတာဖြစ်ဖြစ်လုပ်သင့်ပါတယ်။ သူကအစထဲက အိမ်မှာနေတတ်တဲ့သူ မဟုတ်ရင်တော့ ဒီကိစ္စက အရေးတော့သိပ်မကြီးပါဘူး။ သူရှိနေမှဆိုတာထက် ပတ်ဝန်းကျင်က အန္တရာယ်တွေကြောင့် စိုးရိမ်စရာရှိပါတယ်။

 

 

() ရှေ့နေနဲ့ စကားပြောပြီးပြီလား?

 

ကွာရှင်းဖို့ဆိုရင် ရပိုင်ခွင့်တွေ၊ ကလေးအုပ်ထိန်းခွင့်တွေ၊ ပိုင်ဆိုင်မှုတွေအားလုံးကို နားလည်တတ်သိတတ်တဲ့ ရှေ့နေနဲ့ အရင်တိုင်ပင်သင့်ပါတယ်။ ဒီအတိုင်း စိတ်လိုက်မာန်ပါကောက်လုပ်လိုက်ရင် ကိုယ့်ဘက်က ရသင့်ရထိုက်တာတွေကိုပါ ဆုံးရှုံးသွားနိုင်တာမို့ပါ။ ကိုယ်မေးချင်တဲ့ မေးခွန်းအားလုံးကို သေသေချာချာနဲ့ ပွင့်ပွင့်လင်းလင်းမေးပါ။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ ခြိမ်းခြောက်မှုတွေလဲ ဖြစ်လာနိုင်တာမို့ ဒါတွေအားလုံးအတွက်လည်း ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။

 

 

() ကွာရှင်းမှဖြစ်တော့မှာလား? အကုန်လုံးရောပြင်ဆင်ပြီးပြီလား?

 

ကွာရှင်းမှဖြစ်တော့မယ်ဆိုရင်တော့ နာမည်ပေါက်အိမ်၊ မြေဂရမ်တွေအားလုံးကို သက်ဆိုင်ရာတွေနဲ့ ခွဲယူတာဖြစ်စေ၊ သားသမီးရှိခဲ့ရင်လည်း အုပ်ထိန်းခွင့်အခြေအနေ၊ ဘဏ်အကောင့်ကို တူတူဖွင့်ထားခဲ့ရင်လည်း ကိုယ့်ဖာသာအသစ်ဖွင့်တာ စသည်ဖြင့် ကြိုတင်ပြင်ဆင်ထားရပါမယ်။ ဒါတွေအားလုံးကို သက်ဆိုင်ရာလူကြီးတွေ ရှေ့မှာပဲလုပ်သင့်ပါတယ်။ နှစ်ယောက်ထဲကြိတ်တိုင်ပင်တာတွေက တရားမဝင်ဘဲ သူ့ဘက်ကညစ်ပတ်တာတွေဖြစ်တတ်လို့ပါနော်။

မင်္ဂလာဆောင်ဖို့ မလွယ်သလို ကွာရှင်းတဲ့ ကိစ္စကလည်း ပေါ့သေးသေးလုံးဝမဟုတ်ပါဘူး။ လုံးဝညှိနှိုင်းမရလို့ ကွာရှင်းကြသည့်တိုင် ရပိုင်ခွင့်လေးတွေတော့ထိုက်တန်သလောက် တရားဝင်ယူရပါမယ်။ ကိုယ်ငှားတဲ့ရှေ့နေကလဲ သေချာနားလည်တတ်ပြီး ဥပဒေဘောင်ထဲက အကုန်ကာကွယ်ပေးနိုင်တဲ့လူမျိုးဖြစ်ဖို့လည်း မမေ့နဲ့နော်။

 

 

Credit;For Her Myanmar

Read times Last modified on Tuesday, 18 September 2018 15:53
Rate this item
(1 Vote)