စုံတွဲတွေနှစ်အကြာကြီးနေမှ လက်တွဲမပြုတ်စေဖို့

စုံတွဲတွေနှစ်အကြာကြီးနေမှ လက်တွဲမပြုတ်စေဖို့ google.com

လမ်းခွဲလိုက်တာ နှစ်ဦးသဘောတူလို့ ပြောကြပေမယ့် တကယ်တမ်းတော့ လမ်းခွဲခြင်းမှာ နှစ်ဦးသဘောတူတယ်ဆို မရှိပါဘူး။ နှစ်ဦးသဘောတူတဲ့ ရှေ့ဆက်ခြင်းပဲ ရှိတာပါ။

 

ကြည်နူးစရာ အပြည့်နဲ့ ချစ်ချစ်ခင်ခင် စတင်ခဲ့ကြတဲ့ စုံတွဲလေးတွေ နှစ်အကြာကြီး လက်တွဲခဲ့ပြီးမှ လမ်းခွဲကြတာတွေ အများကြီးရှိပါတယ်။ လမ်းခွဲလိုက်တာ နှစ်ဦးသဘောတူလို့ ပြောကြပေမယ့် တကယ်တမ်းတော့ လမ်းခွဲခြင်းမှာ နှစ်ဦးသဘောတူတယ်ဆို မရှိပါဘူး။ နှစ်ဦးသဘောတူတဲ့ ရှေ့ဆက်ခြင်းပဲ ရှိတာပါ။ ဘယ်သူကမှတော့ နှစ်အကြာကြီး ချစ်လာကြပြီးမှ လမ်းမခွဲချင်ကြပါဘူး။ နှစ်အကြာကြီးနေပြီးမှ လက်တွဲဖြုတ်လိုက်ရတာတွေ မဖြစ်စေဖို့အတွက် လုပ်ဆောင်သင့်တာလေးတွေ ရှိပါတယ်။

 

 

ခွင့်မလွှတ်နိုင်တဲ့အမှားတွေ

 

သမီးရည်းစားတွေ တစ်ယောက်နဲ့ တစ်ယောက် စိတ်ဆိုးကြ၊ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဖြစ်ကြတာ သဘာဝဖြစ်တဲ့အပြင် ချစ်စရာလည်း ကောင်းပါတယ်။ ဒါပေမယ့်လည်း စိတ်ဆိုးရတဲ့ အကြောင်းအရာက ခွင့်မလွှတ်နိုင်တဲ့ ပြဿနာ၊ အမှားတွေ ဖြစ်ရင် မကောင်းပါဘူး။ ကိုယ့်ချစ်သူကို လိမ်ညာပြီး မပြောပါနဲ့။ အမှန်တရားဆိုတာ အချိန်အကြာကြီး ဖုံးကွယ်ထားလို့ မရပါဘူး။ လိမ်ထားတာ သိသွားတဲ့တနေ့မှာ ပြဿနာ တက်မှာပါပဲ။ ရှင်းပြလိုက်လို့ ပြေလည်သွားတယ်ဆိုရင်တော့ ဒါဟာ တခဏပါပဲ။ ရေရှည်မှာ အရင်လို ယုံကြည်မှုမျိုး မရရှိနိုင်တော့ဘဲ မေးခွန်းတွေ များလာပြီး သံသယတွေ များလာမှာပါ။

 

 

နွေးထွေးပါ

 

ချစ်သူသက်တမ်းကြာလာတဲ့အခါမှာ အရင်လိုမျိုး အသေးစိတ် ဂရုစိုက်မှုတွေက နည်းနည်းတော့ လျော့သွားတတ်ပါတယ်။ ဒါက မချစ်တော့တာကြောင့် မဟုတ်တော့ဘဲ နေသားကျသွားတဲ့ပုံလေးပါ။ ကိုယ့်ချစ်သူရဲ့ စကားတိုင်းကို အလေးထားပါ။ ပြောနေကျပဲဆိုပြီး ပစ်မထားသင့်ပါဘူး။ ဂရုစိုက်မှု၊ အလိုလိုက်မှုတွေကို မလျှော့ချလိုက်ပါနဲ့။ ဂရုစိုက်တာက ဘယ်သူမဆို ကြိုက်ပါတယ်။ ကိုယ်က ဂရုစိုက်မှုတွေနည်းလို့ ကြားလူက ဂရုစိုက်တာတွေ ရှိလာပြီဆိုရင် စိတ်ယိုင်နဲ့ပြီး သစ္စာမရှိတာတွေ၊ လမ်းခွဲတာတွေ ဖြစ်လာနိုင်ပါပြီ။ ဒါကြောင့် ဂရုတစိုက် ထွေးပွေ့ထားဖို့ လိုပါတယ်။

 

 

သံသယတွေ လျှော့ပါ

 

သမီးရည်းစားတွေ ပြတ်စဲရခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ သံသယတွေ ရှိနေခြင်းပါ။ ကိုယ့်ကို ချစ်မှ ချစ်ရဲ့လား၊ သူ့မှာ နောက်တယောက်ရှိနေပြီလား အစရှိသဖြင့် သံသယတွေ ဖျောက်ထားပါ။ တခြားအတွဲတွေ ပြတ်စဲတဲ့အသံကြားလို့ ကိုယ်တွေရော ပြတ်နိုင်မလားလို့ တွေးပူတာတွေလည်း လျှော့ပါ။ လူတိုင်းမှာ အမှောင်ခြမ်းဆိုတာ ရှိပါတယ်။ ကောင်းတဲ့အချက်နဲ့ မကောင်းတဲ့အချက်ပါ။ ကောင်းတဲ့အချက်တွေကိုလည်း ကြိုက်တယ်ဆိုရင် မကောင်းတဲ့အချက်တွေကိုလည်း နားလည်ပေးရင်း တတ်နိုင်သလောက်လေး ပြုပြင်ပေးကြည့်ပါ။

 

 

သစ္စာရှိပါ

 

စုံတွဲတွေမှာ ဒီအချက်ဟာ အရမ်းကို အရေးပါတဲ့ အချက်တစ်ချက်ပါ။ တစ်ယောက်နဲ့ တစ်ယောက် သစ္စာရှိဖို့ဆိုတာ စိတ်မယိုင်ဖို့ လိုပါတယ်။ ကိုယ့်ချစ်သူ မဟုတ်တဲ့ တခြားသူတွေဆီ နည်းနည်းလေးမှ စိတ်မရောက်ဖို့ပါ။ စိတ်ရောက်ခဲ့တယ်ဆိုရင်တောင် ရှေ့ဆက်ဖို့ မကြိုးစားသင့်ပါဘူး။ ကိုယ့်ချစ်သူလောက်တော့ ကိုယ့်အပေါ်မှာ တခြားသူက မကောင်းနိုင်ပါဘူး။ ကိုယ်နဲ့အဆင်ပြေလို့သာ နှစ်အကြာကြီးချစ်ခဲ့ကြတာ မဟုတ်လားနော်။ သစ္စာရှိပါ။ နောက်တစ်ယောက်ဆီ သွားချင်လို့ လမ်းခွဲတာမျိုး မဖြစ်ပါစေနဲ့။ ဒါက နှစ်ဦးနှစ်ဖက်အတွက် ခံစားရစေနိုင်ပါတယ်။

 

စုံတွဲလေးတို့ နှစ်အကြာကြီးတိုင်အောင် ချစ်ခြင်းမေတ္တာတွေ ပြည့်ဝနေစေဖို့ဆိုရင် သစ္စာရှိပါ၊ မလိမ်ညာပါနဲ့၊ သံသယတွေလျှော့ရမယ့်အပြင် နွေးနွေးထွေးထွေး ဆက်ဆံပါနော်။

 

 

Credit;Marry

Read times Last modified on Tuesday, 18 September 2018 15:53
Rate this item
(2 votes)