လက်ရှိချစ်သူက သင့်ရဲ့ဘဝတလျှောက်လုံးအနားမှာရှိမယ့်သူဆိုတာသိနိုင်တဲ့အချက်(၅)ချက်

လက်ရှိချစ်သူက သင့်ရဲ့ဘဝတလျှောက်လုံးအနားမှာရှိမယ့်သူဆိုတာသိနိုင်တဲ့အချက်(၅)ချက် google.com

ဘယ်သူမဆို ကိုယ့်ချစ်သူနဲ့ တစ်သက်လုံးမခွဲဘဲ လက်တွဲသွားချင်ကြတာ ချည်းပါပဲ။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲခဲ့ကြရတာမျိုးလည်း ရှိကြပါတယ်။ ဒါဆို အခုလက်ရှိချစ်သူက သင့်အတွက်စစ်မှန်တဲ့သူတစ်ယောက်လား။

 

သင့်ဘ၀နောက်ဆုံးအချိန်အထိလက်တွဲသွားနိုင်မယ့်သူတစ်ယောက်လား ဆိုတာကို သိချင်မိမှာပါပဲ။ အခုဖော်ပြမယ့်အချက်တွေနဲ့တိုက်ဆိုင်နေတယ်ဆိုရင်တော့ ဒီတစ်ယောက်က သင့်အတွက် သေချာပေါက်နောက်ဆုံးအချိန်အထိအတူရှိမယ့်သူမျိုးလို့လက်ခံလို့ရပါပြီ။

 

 

() ကိုယ်ကသူ့ရဲ့ ပထမဦးစားပေး ဖြစ်နေပြီဆိုရင်

 

ဘယ်အချိန်၊ ဘယ်နေရာရောက်ရောက်၊ ဘာကိစ္စတွေပဲဖြစ်ဖြစ် သူ့ရဲ့ပထမဦးစားပေးက ကိုယ်ပဲဖြစ်နေတယ်ဆိုရင် သေချာပေါက်နောက်ဆုံးအချိန်ထိအတူရှိမယ့်လူကသူပါပဲ။

 

 

() ကိုယ့်ကိုအရမ်းနားလည်နေတယ်ဆိုရင်

 

ကိုယ့်မျက်နှာကိုကြည့်တာနဲ့ဘာဖြစ်နေမှန်းသိနေတာမျိုး၊ ကိုယ့်ရဲ့လေသံကိုနားထောင်တာနဲ့ဘာလိုချင်မှန်းသိနေတာမျိုး၊ ကိုယ့်ရဲ့ အချစ်နဲ့အပြစ်တွေကို နားလည်ပေးနေတာမျိုးဆိုရင်တော့ ဘ၀လက်တွဲဖော်က သူကလွဲရင်ဘယ်သူမှမရှိနိုင်တော့ပါဘူးနော်။

 

 

() သူနဲ့ရှိချိန်တိုင်းစိတ်မပင်ပန်းဘူးဆိုရင်

 

သူနဲ့အတူတူရှိတဲ့အချိန်တိုင်းမှာ စိတ်ကသက်တောင့်သက်သာဖြစ်နေမယ် ၊ စိတ်ညစ်တာတွေ စိတ်တင်းကြပ်တာတွေမဖြစ်ဘူး၊ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သိကျွမ်းခဲ့သလိုခံစားချက်မျိုးဖြစ်နေမှာပါ။

 

 

() ကိုယ့်ကိုပိုကောင်းတဲ့သူတစ်ယောက်ဖြစ်လာစေရင်

 

သူဟာ ကိုယ့်ရဲ့အားနည်းချက်၊ အားသာချက်အားလုံးကိုလက်ခံပြီး ပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေချနိုင်အောင် အမြဲတမ်းလမ်းပြပေးပါတယ်။ ကိုယ့်အမှားကိုမြင်အောင်လည်းအကြံပေးတတ်တဲ့သူပါ။

 

 

() နေရာတကာအလိုမလိုက်ဘူး

 

မိန်းကလေးတွေက ချစ်ရင်အလိုလိုက်ရမှာပဲလို့မှတ်ယူထားတတ်ကြပါတယ်။ တကယ်တမ်းသင့်အတွက်စစ်မှန်တဲ့သူတစ်ယောက်ဆိုရင် သင့်ကိုနေရာတကာအလိုလိုက်ပြီး မကောင်းတဲ့ကိစ္စတွေကိုလုပ်ဖို့ခွင့်ပြုမှာမဟုတ်ပါဘူး။ မိသားစုဝင်တွေလိုပဲ သင့်ကိုဆုံးမစကားပြောပါလိမ့်မယ်။

 

 

Credit;Aunty May

Read times Last modified on Tuesday, 18 September 2018 15:52
Rate this item
(3 votes)