အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်လာပြီဆိုရင်

အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်လာပြီဆိုရင် google.com

အိမ်ထောင်ဦးစီးဆိုတာ ဇနီးမယား၏အားကိုးရာဖြစ်သလို သားသမီးများအတွက်စံနမူနာပုဂ္ဂိုလ် ဖြစ်တဲ့အတွက်ကြောင့် ကိုယ်ကျင့်တရားကောင်းဖို့တော့လိုအပ်ပါတယ်။

 

အိမ်ထောင်ဦးစီးတစ်ယောက်ပြုလုပ်သင့်တဲ့ ဒီအချက်တွေနဲ့နေထိုင်သင့်ပါတယ်...

 

 

- အလုပ်တစ်ခုကို အတည်တကျ လုပ်ခြင်း

 

- အသုံးနဲ့အဖြုန်းကို နားလည်ခြင်း

 

- မိသားစုအတွက် တတ်နိုင်သမျှ အချိန်ပေးခြင်း

 

- အရက်သေစာ၊ လောင်းကစား၊ အပျော်အပါးများကို တတ်နိုင်သမျှ ရှောင်ကြဉ်ခြင်း

 

- သားသမီးများကို အချိန်ရရင် ရသလို နွေးထွေးမှုပေးပြီး ဆုံးမသွန်သင်ခြင်း

 

- ကိုယ်ကျင့်တရားကို အတတ်နိုင်ဆုံး လုံခြုံအောင် ထိမ်းသိမ်းခြင်း

 

- ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာကို ရိုသေကိုးကွယ်ခြင်း

 

- အသိပညာ မြင့်မားအောင် စာဖတ်ခြင်း

 

- အကောင်းအဆိုးကို ခွဲခြားတတ်ခြင်း

 

- အမြင်ကျယ်ပြီး စိတ်သဘောထားမြင့်မားခြင်း

 

- ဇနီးသည်ကို လေးစားတန်ဖိုးထားခြင်း

 

- အလုပ်ရဲ့ဖိအားကို အိမ်မှာ မပေါက်ကွဲမိစေခြင်း

 

- တည်ကြည်သောစကား၊ နွေးထွေးသော အပြုအမူနဲ့ အိမ်ရှင်မကို ဂရုစိုက်ခြင်း

 

- အိမ်ရှင်မကို ရိုက်နှက်ခြင်းနှင့် စကားကြမ်းကြမ်းပြောဆိုခြင်း တို့ကို မပြုလုပ်သင့်ပါ။

 

 

Myanmar Wedding Guide

Read times Last modified on Tuesday, 18 September 2018 15:52
Rate this item
(0 votes)