ပျိုမေများအတွက် Palmolive Shampoo မှ Miss Palmolive Myanmar 2018 ရွေးချယ်ပွဲ

ပျိုမေများအတွက် Palmolive Shampoo မှ Miss Palmolive Myanmar 2018 ရွေးချယ်ပွဲ

အမျိုးသမီးများအတွက် မြန်မာနိုင်ငံ၏ဆံကေသာစောင့်ရှောက်မှု ထိပ်တန်းထုတ်ကုန်များအနက် တစ်ခုအပါအဝင်ဖြစ်တဲ့ Palmolive က

Miss Palmolive Myanmar ၂၀၁၇ ကိုမဇင်ဝင်းနန္ဒာနွယ်မှဆွတ်ခူးခဲ့ပြီးနောက်၂၀၁၈ ခုနှစ်အတွက် စစ်မှန်တဲ့မြန်မာ့အလှနှင့်ရင်သပ်ရှုမောဖွယ် ဆံကေသာအလှပိုင်ရှင်ကို ရှာဖွေနေကြောင်းသိရပါတယ်။

 

Palmolive ကို ကိုယ်စားပြုသောနက်ရှိုင်းသော သဘာဝအလှတရားနှင့်သန်စွမ်းလှပသော ဆံကေသာပိုင်ရှင်ကိုတစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ရှာဖွေနေပြီး Final Prize အတွက် ဆယ်သိန်းနှင့်အခြားဆုများအပါအ၀င်သိန်းနှစ်ဆယ်ကျော်ကိုချီးမြှင့်မှာဖြစ်ပါတယ်။

 

အမျိုးသမီးငယ်လေးများက MC သဇင်နွယ်ဝင်းနှင့်ရွှေအိမ်စည်တို့နဲ့အတူ စက်တင်ဘာ ၄ ရက်နေ့က Junction City ဈေးဝယ်စင်တာတွင်ဆုံတွေ့ခဲ့ပြီးပါဝင်ယှဉ်ပြိုင်သူများအနေဖြင့် Palmolive ဆံသားအလှပြုပြင်ခြင်းနှင့်အထူးဓာတ်ပုံရိုက်ကူးမှုများ ပြုလုပ်ခဲ့ပါတယ်။

 

ဒုတိယအကြိမ်မြောက်ရွေးချယ်ခံရသော Miss Palmolive Myanmar အနေဖြင့် အောက်တိုဘာလ ပြိုင်ပွဲအဆုံးအဖြတ်အပြီးတွင် ဆုငွေကျပ် ဆယ်သိန်းရရှိပြီး Palmolive Myanmar Facebook page မှာ အထူးဖော်ပြခြင်းခံရမှာဖြစ်ပါတယ်။

 

ယခုနှစ်တွင် ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် Miss Palmolive Myanmar ဖြစ်လာနိုင်ရန် Palmolive’s Myanmar Facebook page (www.facebook.com/PalmoliveMyanmar) ကို Like လုပ်ပြီး မိမိ၏မကြာသေးမီကရိုက်ထားသော မြန်မာဆန်ဆန်ရှည်လျားပြီးကျန်းမာသန်စွမ်းသောဆံကေသာအလှကို ပေါ်လွင်စေမည့်ပုံကို ၎င်း page တွင်တင်ရမှာဖြစ်ပါတယ်။

 

ကဲ Miss Palmolive Myanmar ဖြစ်ဖို့အတွက်ကျွန်မတို့ Myanmar Wedding Guide မှဖော်ပြပေးလိုက်ပါတယ်နော်.....

 

 

Myanmar Wedding Guide

Read times Last modified on Tuesday, 18 September 2018 15:40
Rate this item
(1 Vote)
Tagged under