မင်္ဂလာပွဲလာ ရွှေဧည့်သည်များရှောင်ရန် - ၆

မင်္ဂလာပွဲလာ ရွှေဧည့်သည်များရှောင်ရန် - ၆

မင်္ဂလာပွဲတွေဆိုတာ အပျော်တွေနဲ့ဖန်တီးထားတဲ့ပွဲမျိုးဆိုတာကို သင်သိထားလို့

သင့်လက်ထဲကို မင်္ဂလာဖိတ်စာရောက်လာတဲ့အခါ ပျော်မိမှာပါ။

မင်္ဂလာပွဲမှာ ခင်းကျင်းဧည့်ခံတဲ့အစားအသောက်ကောင်းတွေ သုံးဆောင်နိုင်မှာဖြစ်သလို၊ မိတ်ဆွေသူငယ်ချင်းဟောင်းတွေနဲ့ တွေ့ဆုံရနိုင်တဲ့ အခွင့်အရေးဖြစ်ပါတယ်။

မင်္ဂလာပွဲမှာ မျက်နှာပျက်စရာတွေ မဖြစ်စေဖို့ ဧည့်သည်တွေအနေနဲ့ အောက်ပါ အမှားများကို ရှောင်ကြဉ်ကြဖို့ လိုပါအပ်ပါတယ်။

သတို့သမီးအရံတွေနဲ့ ၀တ်စုံဆင်တူ မဝတ်မိစေနဲ့  

မင်္ဂလာသတို့သမီး (သို့) သတို့သမီးအရံတွေကို ဘယ်လို ဝတ်စုံနဲ့ အရောင်ဝတ်မယ်ဆိုတာကို ကြိုတင်စုံစမ်းထားသင့်ပါတယ်။ သူတို့နဲ့ အရောင်ခပ်ဆင်ဆင် ဝတ်စုံဝတ်မိရင် အတော်လေး စိတ်အနှောင့်အယှက်ဖြစ်စေမှာ ဖြစ်ပါတယ်။

ဂျင်းဘောင်းဘီ မ၀တ်မိပါစေနဲ့

မိမိနှစ်သက်ရာဝတ်ဆင်ပြီး မင်္ဂလာပွဲကို ဆင်နွှဲလို့ရတယ် ဆိုပေမယ့် ဂျင်းဘောင်းဘီ ဝတ်ဆင်ဖို့ မင်္ဂလာပွဲနဲ့ မလိုက်ဖက်ကြောင်း သတိပြုရပါမယ်။

အပျိုကြီး (သို့) လူပျိုကြီးဖြစ်ကြောင်း မပြောဆိုမိစေနဲ့

သင် အပျိုကြီး (သို့) လူပျိုကြီးတစ်ဦးဖြစ်ကြောင်း လူအများကသိရင် အခြားသူတစ်ဦးဦးနဲ့ အောင်သွယ်ပေးကောင်း ပေးပါလိမ့်မယ်။ ဒါပေမယ့် ဒီလို ကိစ္စတွေက သဘာဝအတိုင်းဖြစ်သွားတာ ပိုသင့်တော်ပါတယ်။

ဖုန်းကို ယူမလာမိစေနဲ့

ဖုန်းကို ချထားပြီး မင်္ဂလာပွဲကို ဆင်နွဲသင့်ပါတယ်။ မင်္ဂလာပွဲလာသူထဲမှာ အသိတစ်ယောက်မျှ မပါရင်လည်း ဖုန်းကိုကိုင်ပြီး ထိုင်နေတာက သင်မအားဘူးလို့ အထင်ရောက်စေပါတယ်။ ဒါကြောင့် အများနဲ့ အဆင်ပြေပြေ စကားပြောနိုင်ဖို့ ဖုန်းကို ခဏဘေးဖယ်ထား သင့်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 17:49
Rate this item
(1 Vote)