မင်္ဂလာမောင်နှံအတွက် ပျော်စရာ ဖန်တီးမှုနည်းလမ်းများ

မင်္ဂလာမောင်နှံအတွက် ပျော်စရာ ဖန်တီးမှုနည်းလမ်းများ

သင့်ရဲ့နေ့ထူးနေ့မြတ်ကြီးကတော့ ရောက်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့်

မင်္ဂလာပွဲအတွက် စီစဉ်စရာတွေ ပြီးသွားပြီလို့တော့ ဆိုလို့မရသေးပါဘူး။

သင်တို့နှစ်ယောက် ဆက်ဆံရေးကို ဆွေးနွေးစရာ မလိုဘဲ တိုးတက်စေမည့် နည်းလမ်းများကို ဖော်ပြလိုက်ပါတယ်။

ပြဿနာဖြစ်ချိန်တွင် ရယ်မောလိုက်ပါ

ရယ်မောခြင်းက ကူးစက်တတ်ပါတယ်။ ဒါကြောင့် မကြာခဏ အားရပါးရ ရယ်ပါ။ သင်တို့အိမ်ထောင်ရေးမှာ အရာအားလုံးက ခက်ခဲကြမ်းတမ်းနေရင်တောင်၊ ပြဿနာတွေ တက်နေတဲ့အချိန် သင် ရယ်မောနေနိုင်တယ်ဆိုရင် သင်တို့နှစ်ယောက်လုံးအတွက် အဲဒီပြဿနာတွေဟာ သေးသေးလေးတွေလို့ ထင်မြင်လာစေနိုင်ပါတယ်။ သင်တို့နှစ်ယောက် အတူတကွ ရယ်မောတဲ့အခါ သင်တို့နှစ်ယောက်ကို ပိုပြီးနီးစပ် စေပါတယ်။

တစ်ယောက်အခက်အခဲကို ကူညီပါ

အခက်အခဲတွေကို မဝေမျှဘူးဆိုရင် ဘယ်ဆက်ဆံရေးမဆို တင်းမာမှုတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် သင့်အခက်အခဲတွေကို သူ့ကို ဝေမျှသလို သူ့အခက်အခဲတွေကို ကူညီဖြေရှင်းပေးပါ။ နှစ်ယောက်စလုံး ခံစားရမည့် မကောင်းတဲ့ခံစားချက်တွေကို ဖယ်ရှားပေးပြီး သင်တို့နှစ်ယောက် အတူတူရှိမည့်အချိန် ပိုရလာမှာဖြစ်ပါတယ်။

မှားတဲ့အခါ တောင်းပန်လိုက်ပါ

အမှားကို ၀န်ခံခြင်းက သင့်အချစ်ကို သွယ်ဝိုက်တဲ့နည်းလမ်းဖော်ပြခြင်းပါပဲ။ တောင်းပန်ပါတယ်ဆိုတဲ့ စကားဟာ ချစ်တယ်ဆိုတဲ့ စကားကို ပြောတာနှင့် အတူတူပဲဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 17:48
Rate this item
(3 votes)