ပြည်ပဟန်းနီးမွန်းခရီးစဉ် ဈေးနှုန်းများ

ပြည်ပဟန်းနီးမွန်းခရီးစဉ် ဈေးနှုန်းများ

မင်္ဂလာမောင်နှံအများစုကတော့ ပြည်တွင်းကဟန်းနီးမွန်းထွက်လို့ ကောင်းတဲ့နေရာတွေ

အနည်းနဲ့အများသိရှိကြမှာဖြစ်ပြီး သွားဖူးပြီးကြမှာဖြစ်ပါတယ်။

ယခုဖော်ပြမှာကတော့ နိုင်ငံခြားကိုဟန်းနီးမွန်းထွက်ပြီး တစ်သက်မှာတစ်ကြိမ်သာဖြစ်မယ့် အမှတ်တရနေ့ရက်တွေကို နှစ်ဦးအတူဖြတ်သန်းချင်သူတွေအတွက် လှပတဲ့နေရာအချို့နဲ့ ဟန်းနီးမွန်းခရီးအတွက် စီစဉ်ပေးတဲ့ ခရီးစဉ်အချို့ကို ဖော်ပြပေးခြင်းဖြစ်ပါတယ်။

ဘာလီကျွန်း

ပထမဆုံးညွှန်းချင်တာကတော့ သီးသန့်မီးတောင်သေတွေ၊ ကမ်းခြေတွေနဲ့ အလှကြွယ်နေတဲ့ ဘာလီကျွန်းပါပဲ။ ကျွန်းပေါ်က ရှေးကျပြီးသက်တမ်းရင့်အလှတွေနဲ့ ဘုံကျောင်းတွေ၊ ပြတိုက်တွေကိုလည်း သွားရောက်လည်ပတ်နိုင်ကြ ပါတယ်။ စိမ်းစိုတဲ့ မုတ်သုံသစ်တောတွေဝန်းရံထားတဲ့ သဘာဝကမ်းခြေတွေကလည်း ဇနီးမောင်နှံနှစ်ဦးအတွက် ဆွတ်ပျံ့ကြည်နူးဖွယ် အချိန်တွေကိုဖန်တီးပေးမှာဖြစ်ပါတယ်။

၎ ရက် ၃ ည ခရီးစဉ် -တစ်ဦးလျင် ၅၆၀ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။ လည်ပတ်မည့်အဓိကနေရာများကတော့ ဘေရတန်ရေကန် ၊ တနလုဘုံကျောင်း၊ ပန်ဒါဝါကမ်းခြေ၊ အူလုဝါသုဘုံကျောင်း တို့ပဲဖြစ်ပါတယ်။

 

ဖူးခက်

ဖူးခက်ကျွန်းကတော့ ဟန်းနီးမွန်းခရီးမှတ်တိုင်တစ်ခုအဖြစ် ရှိနေခဲ့တာအတော်ကြာပါပြီ။ ဆိတ်ငြိမ်တဲ့ဝန်းကျင်နဲ့ လှပတဲ့ကမ်းခြေတွေ၊ စုံတွဲနှစ်ဦးအတွက် ပြီးပြည့်စုံတဲ့ ဟန်းနီးမွန်းခရီးဖြစ်စေဖို့ ဖန်တီးပေးမယ့် အပန်းဖြေဟိုတယ်၊ ဝန်ဆောင်မှု၊ အသုံးအဆောင်တွေ၊ Spa တွေ အများအပြားတွေ့နိုင်ပါတယ်။ အဲဒီကနေ ဖီဖီကျွန်းကိုသွားရောက်ပြီးသာယာလှပပြီးရင်သပ်ရှုမောဖွယ်ကောင်းတဲ့ မာယာပင်လယ်အော်၊ လုပ်ဆန်မပင်လယ်အော်၊ ပီလက်ပင်လယ်အော် စတဲ့နေရာတွေကိုသွားပြီးရေကူး၊ ရေငုပ်ခြင်း၊ သန္တာကျောက်တန်းတွေကို ကြည့်ရင်းပင်လယ်ပြာပြာအလှကိုအပြည့်အဝရှုစားနိုင်မယ့် အခွင့်အရေးလည်း ရှိနေပါသေးတယ်။

၅ ရက် ၄ ည ခရီးစဉ်အတွက် တစ်ဦးလျင် ၅၆၀ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။ လည်ပတ်မည့်အဓိကနေရာများကတော့ ဖီဖီကျွန်း ၊ မာယာပင်လယ်အော်၊ လုပ်ဆန်မပင်လယ်အော်၊ ပီလက်ပင်လယ်အော် ၊ Viking ဂူ၊ Monkey ကမ်းခြေ ၊ ခိုင်နုခ်ကျွန်း တို့ပဲဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 17:48
Rate this item
(1 Vote)