မင်္ဂလာအခမ်းအနားအပြင်အဆင်

မင်္ဂလာအခမ်းအနားအပြင်အဆင်

မင်္ဂလာပွဲ ကျင်းပပြုလုပ်တော့မည်ဆိုလျှင် မင်္ဂလာမောင်နှံနှစ်ဦး တိုင်ပင်ရမည်မှာ

မင်္ဂလာအခမ်းအနားတွင် မည်သည့်အရောင်ဝတ်ဆင်မည်ကို ရွေးချယ်ခြင်း ဖြစ်ပါတယ်။

မင်္ဂလာဝတ်စုံအရောင်သည် ၀တ်ဆင်မည့် မင်္ဂလာမောင်နှံကို ကျက်သရေရှိပြီး တင့်တယ်လှပမှုကို ပေါ်လွင်စေမှာ ဖြစ်ပါတယ်။

မင်္ဂလာဝတ်စုံအပြင် အခြားသော ဆင်မြန်းမည့်ပန်း၊ အခမ်းအနားတွင် ပြင်ဆင်ထားမည့်ပန်းများ၊ ဖိတ်စာများနှင့် အခြားသောပစ္စည်းများနှင့်ပါ လိုက်လျောညီထွေမှုရှိရန် အထောက်အကူဖြစ်စေမည့် နည်းလမ်းကောင်းများကို အောက်တွင် ဖော်ပြပေးထားပါတယ်။

ဗေဒင်ဆရာမှရွေးချယ်သည့်အရောင်ဝတ်ဆင်ခြင်း

မြန်မာလူမျိုးများ၏ ဓလေ့ထုံးတမ်းအစဉ်အလာများအတိုင်း မင်္ဂလာအခါတော်ပေးသူ ဗေဒင်ဆရာများက မင်္ဂလာပွဲဆင်နွှဲမည့် မင်္ဂလာမောင်နှံအတွက် နေ့နံနှင့် တွက်ချက်ပြီး ၀တ်ဆင်ရန် သတ်မှတ်ပေးသည့် အရောင်အတိုင်း ၀တ်ဆင်ကြလေ့ရှိပါတယ်။

အခြားသူများ၏ အရောင်များကို လေ့လာ၍ရွေးချယ်ခြင်း

အခြားသောသူများတွင် မြင်ရသောအရောင်များဖြစ်သည့် အရောင်အနု၊ အရင့်၊ အရောင်တွဲစပ်ပုံများကို ကြည့်ရှုပြီး ကြိုက်နှစ်သက်သည့်အရောင်များနှင့် အရောင်တွဲစပ်ပုံများအတိုင်း မိမိမင်္ဂလာဝတ်စုံနှင့် အသုံး အဆောင်များ၊ ဖိတ်စာအရောင်များကိုလည်း ရွေးချယ်အသုံးပြုကြလေ့ရှိပါတယ်။

နေရာပေါ်မူတည်ပြီး ရွေးချယ်ခြင်း

အခမ်းအနားပြုလုပ်မည့်နေရာကို သွားရောက်လေ့လာပြီး ယင်းနေရာတွင် အသုံးအဆောင်ပစ္စည်းများ၊ အဆောက်အဦးအတွင်းအသုံးပြုထားသော ဆေးရောင်၊ လိုက်ကာ၊ ကော်ဇော၊ မီးရောင်အလင်းအမှောင် စသည်တို့နှင့် လိုက်လျောညီထွေသော အရောင်များကို ရွေးချယ်၍ ပွဲကျင်းပသောအခါတွင် မင်္ဂလာမောင်နှံနှစ်ဦး ချောမောလှပပြီး ပေါ်လွင်ထင်ရှားမှု ဖြစ်စေနိုင်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 17:47
Rate this item
(1 Vote)