မင်္ဂလာပွဲကျင်းပမည့်နေရာရွေးခြင်း

မင်္ဂလာပွဲကျင်းပမည့်နေရာရွေးခြင်း

အောက်ပါအချက်များနှင့် မေးခွန်းများက သင်၏ မင်္ဂလာပွဲကျင်းပမည့်နေရာ

ရွေးချယ်ရာတွင် ကူညီပေးပါလိမ့် မယ်။ အားလုံးသေချာရေးမှတ်ထားရမှာဖြစ်လို့ အဖြေတွေကို မှတ်သားထားနိုင်ဖို့ မှတ်စုစာအုပ် သို့မဟုတ် အသံဖမ်းစက်တစ်ခုခုရှိထားဖို့ မမေ့ပါနှင့်။

-  ရွေးချယ်ချင်တဲ့နေရာမှာ လူဘယ်နှစ်ယောက်ကို ဧည့်ခံနိုင်မလဲ။

-  နေရာငှားရမ်းခဘယ်လောက်ဖြစ်ပြီး ဘယ်အရာတွေကဒီငှားရမ်းခထဲမှာ အကျုံးဝင်သလဲ။ ရက်သတတစ်ပတ်လုံးမှာ လျှော့ဈေးနဲ့ ငှားရမ်းနိုင်တဲ့ နေ့ရှိသလား။

-  စရံဘယ်လောက်ပေးရမလဲ၊ ဘယ်အချိန်မှာပေးရမလဲ၊ အဆင်မပြေရင် ငွေပြန်အမ်းပေးသလား။ ကျသင့်ငွေ အားလုံးကို ဘယ်လိုအစီအစဉ်နဲ့ ပေးလို့ရသလဲ။

-  သတို့သမီးအ၀တ်အစားလဲလို့ ရမယ့်နေရာရှိသလား။

-  Rehearsal အတွက် အချိန်ဘယ်လောက် သတ်မှတ်ထားသလဲ။

-  အစီအစဉ်ဖျက်ခဲ့ရင် ဘယ်လိုလုပ်ပေးမလဲ။ မှတ်ချက်- အချို့နေရာများတွင် တို့ငှားရမ်းနိုင်ဖို့ လုံလောက်သောအချိန်ရရှိရန် သင် ကြိုတင်၍ အကြောင်းကြားလျှင် စရံငွေအများစုကို ပြန်ချေပေးပါ သည်။ အချိန်ကြာသွားခဲ့လျင်တော့ သင့်ကိုငွေပြန်အမ်းမည်မဟုတ်ပါ။

-  မြက်ခင်းပြင်မှာ မင်္ဂလာပွဲကျင်းပဖို့ ရာသီဥတုနဲ့ အဆင်ပြေပါ့မလား။

-  အချိန်ဘယ်လောက်ကြာကြာငှားမှာလဲ။ အချိန်ပို ငှားရမ်းကြေးပေးရမလား။ အနည်းဆုံးနဲ့ အများဆုံး ငှားရမ်းချိန် ကန့်သတ်ချက်ဘယ်လိုရှိသလဲ။

Read times Last modified on Wednesday, 19 September 2018 17:47
Rate this item
(0 votes)