မင်္ဂလာပွဲကျင်းပမည့်နေရာရွေးချယ်ခြင်း - ၂

မင်္ဂလာပွဲကျင်းပမည့်နေရာရွေးချယ်ခြင်း - ၂

အောက်ပါအချက်များနှင့် မေးခွန်းများက သင်၏ မင်္ဂလာပွဲကျင်းပမည့်နေရာ

ရွေးချယ်ရာတွင် ကူညီပေးပါလိမ့် မယ်။ အားလုံးသေချာရေးမှတ်ထားရမှာဖြစ်လို့ အဖြေတွေကို မှတ်သားထားနိုင်ဖို့ မှတ်စုစာအုပ် သို့မဟုတ် အသံဖမ်းစက်တစ်ခုခုရှိထားဖို့ မမေ့ပါနှင့်။

-  ကိုယ်လိုချင်တဲ့ပုံစံဖြစ်အောင် ပစ္စည်းရွှေ့ပြောင်းတာ၊ အလှဆင်တာတွေ လုပ်လို့ရမလား။

-  မင်္ဂလာပွဲနေ့မှာ အခမ်းအနားပြင်ဆင်မှုကို ဘယ်အချိန်မှာ စပြီးလုပ်ဆောင်လို့ရမလဲ။

-  ဟိုတယ်မဟုတ်တဲ့နေရာကို ရွေးဖို့အတွက်ဆိုရင် အစားအသောက်အတွက် တာဝန်ယူချက်ပြုတ် သူတွေကို ရနိုင်မလား။

-  စားပွဲတွေ၊ အခင်းတွေ၊ ကုလားထိုင်တွေ၊ ပန်းကန်တွေ၊ ငွေနဲ့ ဖန်ထည် ဇွန်းခက်ရင်းတွေကို ရနိုင်မလား (သို့) ကိုယ်တိုင် ငှားရမ်းရမလား အပြီးအစီးပါဝင်မလား။

-  တစ်ဦးချင်းစီရဲ့အစားအသောက်အတွက် ဘယ်လောက်ကုန်မလဲ။

-  အပြင်က ကိတ်မုန့်ကို ယူသုံးလို့ရမလား (သို့) သတ်မှတ်ထားတဲ့ ကိတ်ကိုပဲ သုံးရမှာလား။

-  ထုတ်လွင့်ရမယ့် ဂီတအမျိုးအစား (သို့) ထုတ်လွင့်မှုရပ်နားရမယ့် အချိန် ကန့်သတ်ချက်တွေ ရှိသလား။

-  ကားပါကင်အတွက် နေရာရှိသလား။ မရှိရင် ဧည့်သည်တွေရဲ့ ကားတွေ ဘယ်မှာရပ်နားနိုင်မလဲ။ တက္ကစီတွေ လွယ်လင့်တကူ ၀င်လာလို့ရသလား။

 

ဆိုတဲ့ အချက်တွေကို သင်သိထားဖို့လိုအပ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 17:47
Rate this item
(0 votes)