ပြည်တွင်း ပျားရည်ဆမ်းခရီးစဉ်များ

ပြည်တွင်း ပျားရည်ဆမ်းခရီးစဉ်များ

မင်္ဂလာမောင်နှံများ မင်္ဂလာဆောင်ပြီးအချိန်တွင် ခရီးသွားခြင်းဖြင့် ဒေသန္တရ

ဗဟုသုတလည်း ရရှိနိုင်သလို၊ ကမ္ဘာအရပ်ရပ်မှ နိုင်ငံများ၏ လူနေမှုအကြောင်းအရာများ လေ့လာနိုင်သည့် အတွက်ကြောင့် အသိအမြင်များလည်း ရရှိနိုင်ပါတယ်။

မင်္ဂလာမောင်နှံ လက်ထပ်ထိမ်းမြားပြီး နောက်ပိုင်းတွင် ပျားရည်ဆမ်း အပျော်ခရီးထွက်ကြခြင်းသည် ခေတ်စားလာပါတယ်။ သို့သော်လည်း ယနေ့ခေတ် မင်္ဂလာမောင်နှံများအတွက် ရေပန်းစားလာသည့် ပျားရည်ဆမ်းခရီးစဉ် ကဏ္ဍသည် စိတ်ဝင်စားစရာများ ဖြစ်လာခဲ့ပါတယ်။

ပြည်တွင်းသို့ အသွားများသော ခရီးစဉ်များကို အောက်တွင် ဖော်ပြပေးထားပါတယ်။

ပြည်

ရင်သပ်ရှုမောစရာ ကျောက်နံရံထွင်း ဘုရားဆင်းတုများ၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ကြည့်ရှုနိုင်မည့် အကောက်တောင်၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်သမိုင်းဝင် သရေခေတ္တရာမြို့ဟောင်း အစရှိသည့်နေရာများသို့ ကိုယ်ပိုင်ကားဖြင့် သွားလျှင် ၃ သိန်း  ခန့် ကုန်ကျမှာဖြစ်ပါတယ်။

ကလော - အင်းလေး

တောင်တန်းများ၊ ကန်ရေပြင်၏ သဘာဝအလှရှုခင်းများ၏လှပမှုမြင်ကွင်းများကို ကြည့်ရှုနိုင်ပါတယ်။ ကိုယ်ပိုင်ကားဖြင့် သွားလျှင် ၄ သိန်း ခန့် ကုန်ကျမှာဖြစ်ပါတယ်။

ချောင်းသာ - ငွေဆောင်

ပင်လယ်စာအစားအသောက်များ စားသောက်ခြင်း၊ ကမ်းခြေ၏ သဘာဝအလှရှုခင်းများကို ကြည့်ရှုနိုင်ပါတယ်။ ကိုယ်ပိုင်ကားဖြင့် သွားလျှင် ၃ / ၄ သိန်း ခန့် ကုန်ကျမှာဖြစ်ပါတယ်။

ငပလီ

ကမ်းခြေ၏ သဘာဝအလှရှုခင်းများ၊ ပင်လယ်စာအစားအသောက်များ စားနိုင်ပါတယ်။ လေယာဉ်ဖြင့် သွားလျှင် ၁၀ သိန်း ခန့် ကုန်ကျမှာဖြစ်ပါတယ်။

မြိတ်

ကော့သောင်း၊ သူဌေးကျွန်း၊ ရေအောက်ရှိ သတ္တ၀ါများကို လေ့လာနိုင်ပါတယ်။ လေယာဉ်ဖြင့် သွားလျှင် ၁၅-၂၀ သိန်း ခန့် ကုန်ကျမှာဖြစ်ပါတယ်။

 

Read times Last modified on Wednesday, 19 September 2018 17:47
Rate this item
(1 Vote)