သတို့သမီး နုတ်ခမ်းသားစိုပြည်စေဖို့

သတို့သမီး နုတ်ခမ်းသားစိုပြည်စေဖို့

နှုတ်ခမ်းနီဝယ်မယ်ဆိုရင် နှုတ်ခမ်းနီတစ်ခုတွင် ပါဝင်ပစ္စည်း moisturizer ကို နှုတ်ခမ်းသားအတွက်

အစိုဓာတ်ထိန်းပေးမယ့် အရာမျိုးတွေ ပါဝင်ရမှာဖြစ်သလို ပျားဖယောင်းလို စေးကပ်တဲ့အရာတွေနဲ့ အဆီတစ်မျိုးမျိုးလည်း ပါဝင်ရမှာဖြစ်ပါတယ်။

တကယ် အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ အဲဒီနှုတ်ခမ်းနီမှာ SPF လည်း ပါဝင်မှာဖြစ်ပါတယ်။ မိန်းကလေးအများစုကတော့ ကိုယ့်နှုတ်ခမ်းသားတွေကို နေလောင်ခြင်းကနေ ကာကွယ်ရမယ်ဆိုတာကို မေ့နေတတ်ကြပါတယ်။

ဈေးကွက်ထဲမှာ ရှိနေတဲ့ နှုတ်ခမ်းနီတွေက လိုအပ်ချက်တွေကော မလိုအပ်တဲ့ပစ္စည်းတွေပါ ထည့်ပြီး ဖန်တီးထားတာကြောင့် နှုတ်ခမ်းသားအတွက် ကောင်းကျိုးဖြစ်စေတာက နည်းနည်းနဲ့ ဆိုးကျိုးဖြစ်စေတာက များများဖြစ်တတ်ပါတယ်။

နှုတ်ခမ်းနီ ၀ယ်ယူခြင်း

နှုတ်ခမ်းနီဝယ်မယ်ဆိုရင် ရနံ့ပါဝင်တဲ့ နှုတ်ခမ်းနီကို မရွေးချယ်သင့်ပါ။ ရနံ့ပါဝင်တဲ့ နှုတ်ခမ်းနီက နှုတ်ခမ်းသားတွေအတွက် ယားယံခြင်းများ ဖြစ်နိုင်စေနိုင်ပါတယ်။ ရနံ့ပါဝင်မှုများလေ ပိုအန္တရာယ်ရှိလေ ဖြစ်ပါတယ်။ ထို့ကြောင့် ရနံ့သင်းတဲ့ နှုတ်ခမ်းနီကို မ၀ယ်ယူသင့်ပေ။

၎င်းအပြင် နှုတ်ခမ်းနီဝယ်ယူရာတွင် ပူရှိန်းတဲ့ခံစားမှုမျိုးရနိုင်တဲ့ နှုတ်ခမ်းနီကိုလည်း မ၀ယ်ယူသင့်ပေ။ ပူရှိန်းပါတဲ့ နှုတ်ခမ်းနီးကို ရေရှည်အသုံးပြုလို့ရှိရင် နှုတ်ခမ်းသားမဲလာတတ်သောကြောင့် ဖြစ်ပါတယ်။ နှုတ်ခမ်းနီကို ဈေးကြီးကြီးနှင့် အရည်အသွေးကောင်းသော နာမည်ကြီး တံဆိပ်ကိုသာ သုံးသင့်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 17:46
Rate this item
(2 votes)