လက်ထပ်လက်စွပ်ဝယ်ယူရာတွင် စဉ်းစားသင့်သည့်အချက်များ - ၂

လက်ထပ်လက်စွပ်ဝယ်ယူရာတွင် စဉ်းစားသင့်သည့်အချက်များ - ၂

မင်္ဂလာမောင်နှံများ လက်ထပ်လက်စွပ်ဝယ်ယူဖို့အတွက် ရွေးချယ်စရာများစွာရှိသောကြောင့်

စိတ်ရှုပ် ထွေးစေနိုင်ပါတယ်။

လှပပြီးပြည့်စုံတဲ့ လက်ထပ်လက်စွပ်လေးတစ်စုံရရှိစေရန်အတွက် မင်္ဂလာမောင်နှံများ အချိန်အတိုင်း အတာတစ်ခုကို ယူရပါလိမ့်မယ်။

မင်္ဂလာမောင်နှံတို့အနေနဲ့ လက်ထပ်လက်စွပ်လေးတွေကို အတူဆင်တူလေး ဝတ်ဆင်သင့်ပါတယ်။

ဒါဟာ အတူတကွ ပေါင်းစည်းခြင်းဆိုတဲ့ အမှတ်သင်္ကေတ ဖြစ်တာကြောင့် မောင်နှံတို့အနေနဲ့ အရေးအကြီးဆုံး ဖြစ်သလို ဒီလို လက်စွပ်လေးတွေကို ဆင်တူလေး ဝတ်ဆင်လိုက်ခြင်းဖြင့် ရာသက်ပန်ပေါင်းစည်းရေးအတွက် ကတိသစ္စာကို ဖော်ကျုးရာမှာ ပိုမိုခိုင်မြဲမှုကို ဖြစ်စေပါတယ်။

မင်္ဂလာမောင်နှံအနေနဲ့ မိမိတို့ကြိုက်နှစ်သက်တဲ့ ဒီဇိုင်းကို ကိုယ်တိုင်ရွေးချယ်ပြီး ၀ယ်ယူတာ အကောင်းဆုံးဘဲ ဖြစ်ပါတယ်။

ဒီလို ရွေးချယ်ဖို့အတွက် မိမိရဲ့ကြိုက်နှစ်သက်မှုနဲ့ပတ်သက်ပြီး အသေးစိတ် ဖော်ပြတတ်ဖို့လိုပါတယ်။

ကျောက်မျက်ရတနာလေးတွေ စီချယ်ပြီး ဝတ်ဆင်တတ်တဲ့ အမျိုးသား၊ အမျိုးသမီးတွေအတွက် အရောင် နှစ်မျိုးစပ် လက်စွပ်လေးတွေဟာ တစ်မူထူးခြားပြီး ဆွဲဆောင်မှု ရှိနေတတ်ကြပါတယ်။

ဘာကြောင့်လဲဆိုတော့ သူတို့ဟာ မတူညီတဲ့ ဒီဇိုင်းမျိုးစုံနဲ့ လိုက်ဖက်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။

ဒီအမြင်လေးကို ခံစားပြီး မောင်နှံများအနေနဲ့ လွယ်ကူစွာ စဉ်းစားပြီး အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 17:45
Rate this item
(1 Vote)