လက်ထပ်လက်စွပ်ဝယ်ယူရာတွင် စဉ်းစားသင့်သည့်အချက်များ - ၃

လက်ထပ်လက်စွပ်ဝယ်ယူရာတွင် စဉ်းစားသင့်သည့်အချက်များ - ၃

မင်္ဂလာတရားနဲ့အညီ မင်္ဂလာဆောင်ကြတဲ့အချိန်မှာ မင်္ဂလာမောင်နှံများဟာ ကတိသစ္စာတရားကို

တိုင်တည်သက်သေပြုတဲ့အနေနဲ့ မင်္ဂလာလက်ထပ်လက်စွပ်လေးတွေကို အပြန်အလှန်ဝတ်ဆင်ပေးခြင်း ဖြစ်ပါတယ်။

ထို့ကြောင့် ဒီလို အချိန်အခါသမယမှာ မောင်နှံတို့အတွက် မင်္ဂလာမှုပြုကြမယ့် ဒီမင်္ဂလာလက်စွပ်လေးတွေ ဟာ အရမ်းကို အဓိပ္ပာယ်ရှိပါတယ်။

မင်္ဂလာမောင်နှံတွေအနေနဲ့ မင်္ဂလာ လက်ထပ်လက်စွပ်လေးဝယ်ဖို့ ဈေးဝယ်ထွက်တဲ့အချိန်မှာ ရွေးစရာတွေ များစွာနဲ့ ရှုပ်ထွေးမှုများ ကြုံတွေ့ရနိုင်ပါတယ်။

တချို့သတို့သား၊ သတို့သမီးတွေဟာ ဒီလို မင်္ဂလာလက်စွပ်လေးကို ရွေးချယ်တဲ့အခါ လှပပြည့်စုံတဲ့ လက်စွပ်လေးတစ်စုံရရှိဖို့အတွက် အချိန်အတိုင်းအတာတစ်ခု ယူတတ်ကြတာကို တွေ့ရပါတယ်။

လက်ထပ်လက်စွပ်တွေကို နိုင်ငံတကာမှာတော့ ရွှေဖြူ၊ ပလက်တီနမ်၊ အဝါရောင်ရွှေ၊ တိုင်တေနီယမ်၊ အဖြိုက်နက်တို့နှင့် ပြုလုပ်၍ ဝတ်ဆင်ကြတာများကြောင်း သိရပါတယ်။

ရွှေဖြူ၊ ပလက်တီနမ်နှင့် အဝါရောင်ရွှေတို့ဟာ အရည်အသွေးမြင့်ပြီး အဆင့်အတန်းရှိပေမယ့် အနောက်တိုင်းနိုင်ငံများမှာ အဖြိုက်နက်နဲ့ တိုင်တေနီယမ်တို့က ပို၍ ခေတ်မီလှပနေကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှာတော့ ရွှေနှင့် ပလက်တီနမ်တို့က ခေတ်မီပြီး ၀တ်ဆင်သူများကြောင်း သိရပါတယ်။

Read times Last modified on Wednesday, 19 September 2018 17:45
Rate this item
(2 votes)