လက်ထပ်လက်စွပ်ဝယ်ယူရာတွင် စဉ်းစားသင့်သည့်အချက် - ၆

လက်ထပ်လက်စွပ်ဝယ်ယူရာတွင် စဉ်းစားသင့်သည့်အချက် - ၆

မင်္ဂလာမောင်နှံတွေအနေနဲ့ မင်္ဂလာလက်ထပ်လက်စွပ်လေးဝယ်ဖို့ ဈေးဝယ်ထွက်တဲ့အချိန်မှာ

ရွေးချယ်စရာတွေ များစွာနဲ့ ရှုပ်ထွေးမှုများ ကြုံတွေ့ရနိုင်ပါတယ်။

မင်္ဂလာတရားနဲ့အညီ မင်္ဂလာဆောင်ကြတဲ့ အချိန်မှာ မင်္ဂလာမောင်နှံများဟာ ကတိသစ္စာတရားကို တိုင်တည်သက်သေပြုတဲ့အနေနဲ့ မင်္ဂလာလက်ထပ်လက်စွပ်လေးတွေကို အပြန်အလှန်ဝတ်ဆင်ပေးခြင်း ဖြစ်ပါတယ်။

မင်္ဂလာလက်ထပ်လက်စွပ်အများစုက အသေးစိတ် ဒီဇိုင်းဖော် ပြုလုပ်ထားကြတာဖြစ်ပြီး အဲဒီလက်စွပ်လေးရဲ့ အသေးစိတ်လှပမှုနဲ့ တစ်မူထူးခြားတဲ့ ပုံစံလေးက မင်္ဂလာမောင်နှံတို့ရဲ့ ကိုယ်ပိုင်အမှတ်အသားအဖြစ် လက်ထပ်ပွဲလေးမှာ ဝင့်ကြွားထင်ရှားနေမှာ ဖြစ်ပါတယ်။

ထို့ကြောင့် လက်ထပ်လက်စွပ်၏ ထင်ရှားပေါ်လွင်မှုအပေါ် ရွေးချယ်တတ်ဖို့လိုပါလိမ့်မယ်။

အမှတ်မထင် ထားလို့ရတဲ့ အရာမဟုတ်ဘဲ မင်္ဂလာမောင်နှံရဲ့ လက်ချောင်းလေးတွေမှာ လှပဝင့်ကြွားစွာနဲ့တည်ရှိနေမယ့် အရာဖြစ်တာကြောင့် ထည်ဝါတောက်ပမှုနဲ့အတူ မင်္ဂလာမောင်နှံတို့ရဲ့ ကျက်သရေကို တိုးစေမှာဖြစ်ပါတယ်။


Read times Last modified on Wednesday, 19 September 2018 17:44
Rate this item
(1 Vote)