မင်္ဂလာမဆောင်ခင် ကြိုတင်မေးမြန်းထားရမယ့် မေးခွန်းများ

မင်္ဂလာမဆောင်ခင် ကြိုတင်မေးမြန်းထားရမယ့် မေးခွန်းများ

မင်္ဂလာမဆောင်ခင်မှာ ကြိုတင်မေးမြန်းထားရမယ့်မေးခွန်းများကတော့ နှစ်ယောက်သဘောတူ

ဘ၀တစ်ခုကို တည်ဆောက်ဖို့အတွက် နှစ်ဦးနှစ်ဘက်ကြား သံသယကင်းရှင်းမှု၊ နှစ်ဘက်မိဘများအဆင်ပြေမှုနဲ့ ငွေရေးကြေးရေး အလုံအလောက်ရှိမှုတို့ပေါ်တွင် မူတည်ပါတယ်။

နှစ်ဦးသဘောတူ လက်ထပ်တော့မယ်လို့ စိတ်ကူးပြီးပြီ၊ ဆုံးဖြတ်ပြီးပြီဆိုရင်တော့ အောက်ပါမေးခွန်းတွေကို မေးမြန်းထားရမှာ ဖြစ်ပါတယ်။

 

နှစ်ဘက်မိဘတွေက ပြည့်စုံမှုရှိရဲ့လား

နှစ်ဘက်မိဘတွေက အလုပ်အကိုင်ရှိ သို့မဟုတ် ငွေရေးကြေးရေးပြည့်စုံနေမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ ဒီလိုမှမဟုတ်ဘဲ သားသမီးကို အားကိုးမှီခိုနေရတယ်ဆိုရင်တော့ တစ်မျိုးစဉ်းစားဖို့လိုအပ်နေပါပြီ။

နှစ်ဦးသဘောတူ လက်ထပ်ပြီးရင် မိဘတွေကို ဘယ်လောက်ထောက်ပံ့မလဲဆိုတာကိုလည်း ကြိုတင်ညှိနှိုင်းထားသင့်ပါတယ်။

 

နှစ်ဘက်မိဘကို ဘယ်လိုထောက်ပံ့မှာလဲ

သူ့ဘက်မိဘတွေက လတိုင်းထောက်ပံ့ငွေ ဘယ်လောက်တောင်းဆိုသလဲဆိုတာ သိထားဖို့နဲ့ ကိုယ့်ဘက်မိဘကိုလည်း ကိုယ်ဘက်လောက်ထောက်ပံ့ရမယ်ဆိုတဲ့အကြောင်းကို နှစ်ဦးနှစ်ဖက် ပွင့်ပွင့်လင်းလင်း တိုင်ပင်ထားသင့်ပါတယ်။

 

နှစ်ဦးစလုံးအကြွေးကင်းရဲ့လား

မင်္ဂလာဆောင်ဖို့အတွက် ရွေးချယ်ထားပြီးပြီဆိုရင် နှစ်ဦးစလုံး အကြွေးရှင်းရဲ့လားဆိုတာ မထိန်ချန်ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ မင်္ဂလာစရိတ်၊ အိမ်ငှားစရိတ်တွေကို ချင့်ချိန်ရမှာဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

မင်္ဂလာဆောင်ပြီးမှ အကြွေးထူမှန်းသိတယ်ဆိုရင် နှစ်ဦးစလုံး ဘယ်လိုမှ ပျော်နိုင်မှာမဟုတ်ပါဘူး။ နှစ်ယောက်စလုံးဝင်ငွေထဲကမှ အကြွေးတွေကို ခွဲဆပ်သင့်ရင် ခွဲဆပ်ရမှာပါ။ ထို့ကြောင့် နှစ်ဦးနှစ်ဘက် ပျော်ရွှင်ဖို့အတွက် အရင်ဆုံး အကြွေးရှင်းရဲ့လားလို့ မေးသင့်ပါတယ်။

 

နှစ်ဘက်မိဘတွေက ဘယ်လိုထောက်ပံ့ပေးမလဲ

နှစ်ဘက်မိဘတွေက ကိုယ်တွေမှာ အရေးပေါ် အသုံးငွေ လိုအပ်လာပြီဆိုရင် ဘယ်လိုထောက်ပံ့ ပေးနိုင်သလဲဆိုတာ သိထားဖို့ လိုအပ်ပါတယ်။

ဒီမေးခွန်းကို ပါးပါးနပ်နပ်နဲ့ ချိုသာစွာ မေးမြန်းပါ။ စကားမှားသွားရင် သူ့ဘက်က စိတ်မကောင်းဖြစ်သွားနိုင်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 17:44
Rate this item
(1 Vote)