ကိုယ့်ရဲ့ဘဝလက်တွဲဖော်ထံမှ မှတ်သားစရာများ

ကိုယ့်ရဲ့ဘဝလက်တွဲဖော်ထံမှ မှတ်သားစရာများ google.com

တစ်ခါတစ်ရံတွင် အိမ်သူသက်ထားတွေက ကိုယ့်ကိုယ်ကိုယ်

သူတို့ရဲ့အမျိုးသားတွေထက် ပိုတတ်တယ်၊ ပိုသိတယ်လို့ ထင်မြင်ယူဆတတ်ပါတယ်။

 

သူတို့သိထားရမှာကတော့ အမျိုးသားတွေဆီကနေ သင်ယူရမယ့် အချက်တွေ ရှိနေသေးပါလားဆိုတာ မသိသေးတာပါပဲ။

 

ပွင့်လင်းစွာပြောဆိုခြင်း

အိမ်သူသက်ထားအများစုဟာ သူတို့ရဲ့အိမ်ထောင်ဦးစီးအပေါ် အလိုမကျဖြစ်ရင်လည်း စိတ်ထဲမှာသိမ်းထားလေ့ရှိကြပါတယ်။

 

အမျိုးသားအများစုကတော့ ကိစ္စတစ်ခုခုဖြစ်တယ်ဆိုရင်လည်း စိတ်ထဲမှာ မျိုသိပ်မထားဘဲ ပွင့်လင်းစွာ ပြောဆိုကြပါတယ်။ ပွင့်လင်းခြင်းက စိတ်ကိုပေါ့ပါးစေပါတယ်။

 

အမြင်ကျယ်ခြင်း

အိမ်သူသက်ထားအများစုက ကိစ္စတစ်ခုကို မလုပ်ခင်ကတည်းက ကြိုတင်၍ တွေးတော ပူပန်တတ်ကြပါတယ်။ ကြိုတင်၍စိတ်ပူပန်ခြင်းဟာ ဘယ်တော့မှမကောင်းပါဘူး။

 

အမျိုးသားအများစုကတော့ စိတ်ပူပန်ခြင်းမရှိဘဲ စိတ်ပူစရာတွေ၊ အသေးစိတ်ကိစ္စတွေကို မတွေးမိတဲ့အခါ ကျတော့ သူတို့ စိတ်ထဲ လွတ်လပ်ပေါ့ပါးစွာ နေရတယ်လို့ ခံစားရပါတယ်။

 

ဒေါသတွေကို မျိုသိပ်ထားခြင်း

ကိုယ့်အိမ်ထောင်ဘက်က အခါ တစ်ရာတောင်းပန်နေရင်တောင်မှ ဒေါသမီးတွေက အတွင်းမှာ တောက်လောင်နေတာကြောင့် ခွင့်မလွှတ်နိုင်ဖြစ်ခဲ့ရတာကို လူအများကြုံဖူးကြမှာပါ။

 

အမျိုးသားတွေက ဒေါသဖြစ်ရင် ပေါက်ကွဲလိုက်၊  မှားသွားရင်လည်း ပြန်တောင်းပန်လိုက် ကြပါတယ်။ ဒေါသဆိုတာမျိုးက ကောင်းတာဘာမှမပေးပါဘူး။

 

Read times Last modified on Wednesday, 19 September 2018 17:42
Rate this item
(1 Vote)