ကိုယ့်ကိုယ် တကယ်ချစ်၊ မချစ် သိစေနိုင်တဲ့အချက်များ

ကိုယ့်ကိုယ် တကယ်ချစ်၊ မချစ် သိစေနိုင်တဲ့အချက်များ google.com

ကိုယ့်ချစ်သူက ကိုယ့်ကိုယ်တကယ် ချစ်၊ မချစ်နှင့် ကိုယ့်ကိုယ်မချစ်ဘဲ

ချစ်ဟန်ဆောင်နေတာလားဆိုတာ သိစေနိုင်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

အဆက်အသွယ်မလုပ်ခြင်း

ကိုယ့်ချစ်သူက ကိုယ့်ကိုယ် တစ်နေ့လုံး ဘာလုပ်နေလဲဆိုပြီး မမေးမြန်းခြင်းမျိုးဖြစ်ပါတယ်။ တစ်နေ့လုံး သူ့ဘက်က အလုပ်ရှုပ်နေတာမျိုးဆိုရင်တော့ ကိုယ်ကနားလည်ပေးသင့်တာပေါ့။

ဒါပေမယ့် ကိုယ့်ချစ်ရတဲ့သူက ကိုယ့်ရဲ့တစ်နေတာကိစ္စတွေကို စိတ်မ၀င်စားကြသလို အဆက်အသွယ်မလုပ်ရင်လည်း ကိုယ့်ကိုယ်တကယ်ချစ် မချစ် စိတ်ပူကြတာ သဘာဝဖြစ်ပါတယ်။



ကျေနပ်ပျော်ရွှင်မှုမရှိခြင်း

ကိုယ့်ကိုယ်ကိုယ်ကျေနပ်ပျော်ရွှင်မှုမရှိခြင်းတိုတာ သင့်ချစ်သူအပေါ်မှာ မူတည်နေပါတယ်။ ကိုယ့်ချစ်သူဆီကနေ စိတ်ကျေနပ်ရလောက်အောင် ဂရုစိုက်မှုတွေကို သင်မရလို့ပဲဖြစ်ပါတယ်။

ချစ်သူဆီက ဂရုစိုက်မှုအပြည့်အ၀ရနေတယ်ဆိုတဲ့ ကောင်မလေးကတော့ ယခုလိုစိတ်မျိုးတွေ ၀င်စရာအကြောင်း တစ်စက်မှမရှိနိုင်ပါ။

 

သံသယ၀င်မိခြင်း

တစ်ယောက်နဲ့တစ်ယောက် ချစ်သူဖြစ်မိပြီဆိုရင် ယုံကြည်မှုက အရေးပါပါတယ်။ သူ့ကို မယုံကြည်ဘဲ သံသယ၀င်ခဲ့တဲ့အကြိမ်တွေ များနေမယ်ဆိုရင်တော့ သူတကယ်မချစ်ကြောင်းဆိုတာ သိသာထင်ရှားပါတယ်။

သူတကယ်ချစ်ရင် ကိုယ့်ရဲ့ ယုံကြည်မှုအပေါ် အလေးထားပြီး စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရအောင် အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမှာဖြစ်ပါတယ်။

 

အပြန်အလှန်မရှိခြင်း


ဒီလိုအပြုကတော့ တကယ်မချစ်တာကို အရမ်းသိသာတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ကိုယ့်ဘက်ကချည်း သူ့အတွက် လုပ်ပေးနေ၊ စဉ်းစားနေပေမယ့် သူ့ဘက်က အပြန်အလှန်မရှိတာမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။

ကိုယ့်အပေါ် အသိအမှတ်ပြုတာ၊ အပြန်အလှန် ပြန်လုပ်ပေးတာမျိုး မရှိပဲ ကိုယ့်ဆီက အယူချည်းသက်သက်ဆို ရင်တော့ ကိုယ့်ကိုယ်တကယ်မချစ်မှန်း သိသာထင်ရှားနေပါတယ်။

 

ကိုယ့်ကိုတကယ်မချစ်ခြင်း

သူကိုယ့်ကိုတကယ်ချစ်ကောချစ်ရဲ့လား၊ မချစ်ဘူးလားလို့ သံသယတွေဝင်နေမယ်ဆိုရင်တော့ သူက တကယ်မချစ်တာဖြစ်နိုင်ပါတယ်။

သူက သင့်နဲ့ပတ်သက်တာတွေကို အလေးအနက်မထားခြင်း၊ လိမ်ပြောခြင်းတွေပြုလုပ်နေတယ်ဆိုရင်တော့ သူ ကိုယ့်ကို တကယ်မချစ်တာ သေချာနေပါတယ်။

ဒီလိုချည်းပဲဆက်ဖြစ်နေမယ်ဆိုရင်တော့ ပြတ်ပြတ်သားသား နှစ်ဦးသား လမ်းခွဲလိုက်တာအကောင်းဆုံး ဖြစ်ပါတယ်။


Read times Last modified on Wednesday, 19 September 2018 17:42
Rate this item
(2 votes)