အဝေးရောက်ချစ်သူတွေ သိသင့်တဲ့အချက်များ

အဝေးရောက်ချစ်သူတွေ သိသင့်တဲ့အချက်များ google.com

ကိုယ့်ချစ်သူက အဝေးတစ်နေရာရောက်နေရင် ဘာတွေဖြစ်တတ်သလဲဆိုတာကို

အောက်တွင်ဖော်ပြပေးထားပါတယ်။

 

စိတ်ကသာရောက်နေပေမယ့် ကိုယ်ကတော့ အနေဝေးနေတဲ့အတွက် အဆင်မပြေလှပါဘူး။ ဖုန်းထဲကနေပြောရတဲ့အရသာနဲ့ အပြင်မှာတွေ့ရတဲ့ခံစားချက်နဲ့ မတူဘူး။

 

အဝေးရောက်နေတဲ့အတွက် ချစ်သူကို တစိမ့်စိမ့်ထိုင်ကြည့်ပြီး ပြောရတဲ့အရသာလောက် လက်တွေ့မှာ မခံစားရပါဘူး။

 

ရည်းစားရယ်လို့ ဖြစ်လာပြီဆိုရင် စိတ်ဆိုးစိတ်ကောက်ကတော့ ရှိလာပါတယ်။ ဖုန်းထဲကနေ တောင်းပန်ရတာကလည်း အဆင်မပြေဖြစ်တတ်ပါတယ်။

 

အဝေးရောက်နေတဲ့အတွက် ချစ်သူဘ၀ကြင်နာမှုဆိုတာမျိုးက လက်တွေ့ဘ၀လောက် မကောင်းပါဘူး။

 

ကိုယ်တကယ်ချစ်တဲ့ချစ်သူဆိုရင် ခွဲနေရရင် ခံစားရမှာဖြစ်ပြီး တကယ်မချစ်ရင် ဘာမှခံစားရမှာမဟုတ်ပါဘူး။

 

အခုခေတ်နည်းပညာ ဖွံ့ဖြိုးတိုးတက်လာတဲ့အတွက် အွန်လိုင်းကနေ လွယ်လင့်တကူ စကားပြောဆိုနိုင်ပြီး ဓာတ်ပုံတွေကိုလည်း အပြန်ပို့လို့ရတဲ့အတွက် ချစ်သူအဝေးရောက်ပေမဲ့လည်း အဆင်ပြေလာကြပါတယ်။

 

အဝေးရောက်နေတဲ့အတွက်ကြောင့် ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်အောင် ကြိုးစားနိုင်ပါတယ်။ အောင်မြင်လာမှ နှစ်ဦးနီးစပ်ဖို့ အခွင့်အရေးပိုများသွားမှာ ဖြစ်ပါတယ်။

 

Read times Last modified on Wednesday, 19 September 2018 16:43
Rate this item
(3 votes)