ငယ်သူငယ်ချင်းနှင့်လက်ထပ်ခြင်း အကျိုးကျေးဇူးများ - ၃

ငယ်သူငယ်ချင်းနှင့်လက်ထပ်ခြင်း အကျိုးကျေးဇူးများ - ၃ google.com

ကလေးဘ၀ကတည်းက သွားတူ၊ လာတူ၊ စားတူ တစ်ပူးပူး တစ်တွဲတွဲနှင့် နေလာပြီး

အရွယ်ရောက်သည့်အခါတွင်လည်း ငယ်ငယ်ကအတိုင်း တစ်ယောက်နှင့်တစ်ယောက် ပြောမနာ၊ ဆိုမနာ နောက်ပြောင်ရင်း သူငယ်ချင်းတွေကလည်း နှစ်ဦးနီးစပ်အောင် ပြောဆိုရင်းနှင့် သူငယ်ချင်း ချစ်သူဖြစ်လာကြမည့်သူများအတွက် အကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ပါတယ်။

 

ထိုသို့ သူငယ်ချင်း ချစ်သူဖြစ်ခဲ့မယ်ဆိုရင်တော့ နှစ်ဦးစလုံး တစ်ယောက်အကြောင်းတစ်ယောက်သိတဲ့အတွက် လက်ထပ်ဖြစ်ရင် အဆင်ပြေပါလိမ့်မယ်။

 

နှစ်ဘက်မိဘသိရှိခြင်း


ငယ်သူငယ်ချင်းဘ၀မှ ချစ်သူဖြစ်သွားကြတဲ့အတွက် ဘယ်အိမ်မဆို သင့်အတွက် စားအိမ်သောက်အိမ် ဖြစ်သလို သူတို့မိဘတွေကလည်း သင့်ကို ကိုယ့်သား၊ ကိုယ့်သမီး အရင်းတစ်ယောက်လို စောင့်ရှောက်ကြမှာဖြစ်ပါတယ်။

 

နှစ်ဘက်မိဘများသိရှိပြီးတဲ့ အတွက်ကြောင့် ဘယ်သူမှကြောက်စိတ်မ၀င်ခြင်း၊ စိုးရိမ်ပူပင်မှုရှိခြင်းတို့လည်း ဖြစ်စရာမလိုပါ။

 

အရေးပါခြင်း

 

နှစ်ယောက်စလုံးက တစ်ဦးကိုတစ်ဦး ကူညီထောက်ပံ့ခဲ့ကြရင်းနှင့် တစ်ယောက်နဲ့တစ်ယောက် ကိုင်းကျွန်းမှီ ကျွန်းကိုင်မှီဖြစ်ခဲ့ကြပါတယ်။

 

သင့်ဘ၀အစိတ်အပိုင်း တော်တော်များများမှာ သင်ဟာ အရေးပါ အရာရောက်သူ ဖြစ်သလို၊ သင့်ဘ၀မှာလည်း သူက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါလိ့မ်မယ်။

 

ပျော်ရွှင်မှုကိုခံစားရခြင်း

 

ငယ်သူငယ်ချင်းကနေ အိမ်ထောင်ဘက်ရွေးချယ်ဖြစ်သွားတဲ့အတွက် အခြားအချစ်ဆုံး သူငယ်ချင်းတွေနဲ့ ပြန်ဆုံခဲ့ကြရင် ငယ်ငယ်ကဘ၀ကို ပြန်ရောက်သွားသလို ခံစားရပါတယ်။

 

အချစ်ဆုံး ငယ်သူငယ်ချင်းတွေက သင့်ကို အမြဲတမ်း ပျော်ရွှင်မှုတွေ ပေးပြီး လက်တွဲဖော်အဖြစ်ရွေးချယ်တဲ့အခါတွင်လည်း ဘ၀တစ်လျှောက်လုံး သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ခံစားရမှာဖြစ်ပါတယ်။

 

 

Read times Last modified on Wednesday, 19 September 2018 16:40
Rate this item
(2 votes)