ကောင်မလေးကို သဘောကျတဲ့အခါ

ကောင်မလေးကို သဘောကျတဲ့အခါ google.com

ကောင်လေးတစ်ယောက်က ကိုယ့်ကို သဘောကျတယ်ဆိုတာကို ကောင်လေးရဲ့

အမူအရာကို ကြည့်ခြင်းဖြင့် မေးစရာမလိုဘဲ သိနိုင်ပါတယ်။ သူပြုမူတဲ့အချက် တော်တော်များများကိုက်ညီနေတယ်ဆိုရင်တော့ သင့်ကို သဘောကျနေတယ် လို့ ဆိုချင်လည်း ဆိုနိုင်ပါတယ်။

 

တစ်စုံတစ်ယောက်ကို စိတ်လှုပ်ရှား ရင်ခုန်တာဖြစ်ဖြစ် သဘောကျနှစ်သက်လို့ပဲဖြစ်ဖြစ် သူ့အလိုလိုဖြစ်လာတဲ့ အမူရာတွေဖြစ်ပါတယ်။

 

အမူအယာပြခြင်း

 

ကောင်မလေးရှေ့တွင် ကောင်လေးက သူ့ဆံပင်ကို ပုံစံအမျိုးမျိုးဖြင့် မကြာမခဏ ပြုလုပ်ခြင်း သူ့အကျကိုလည်း ဆွဲဆန့်ခြင်းတို့ပြုလုပ်ပြီး သူ့ကိုယ်သူ ယုံကြည်မှုရအောင် ပြုလုပ်ခြင်းဖြစ်ပါတယ်။

 

၎င်းအမူအယာများပြုလုပ်နေတယ်ဆိုရင်တော့ ကောင်လေးက ကောင်မလေးကို သဘောကျတယ်လို့ မြင်နိုင်ပါတယ်။

 

အိုက်တင်လုပ်ပြခြင်း

 

ကောင်လေးက ကောင်မလေးရှေ့တွင် ခါးထောက်ခြင်း သို့မဟုတ် ဘောင်းဘီအိတ်ထဲ လက်ထည့်ထားခြင်းသည် အိုက်တင်အမူအယာလုပ်နေခြင်းဖြစ်ပါတယ်။

 

သူ့ကိုယ်သူ ယောက်ျားပီသတယ်၊ ကြည့်ကောင်းတယ်ဆိုတဲ့သဘောကို ကောင်မလေးအား ပြသချင်လို့ဖြစ်ပါတယ်။

 

စကားများများပြောခြင်း

 

ကောင်မလေးဆီကနေ အာရုံစိုက်မှု ရချင်တဲ့အတွက် ကောင်းလေးတွေက စကားများများပြောခြင်း၊ ဟာသတွေပြောခြင်းဖြင့် နီးစပ်ဖို့ ကြိုးစားကြပါတယ်။

 

ကိုယ်လုပ်သလိုလိုက်လုပ်ခြင်း

 

ကောင်လေးက တစ်ခါတစ်လေ ကောင်မလေးလုပ်သလို နောက်ကလိုက်လုပ်တတ်ပါတယ်။

 

ရည်ရွယ်ချက်မရှိပေမဲ့လည်း ကောင်လေးစိတ်က ကောင်မလေးထံ ရောက်နေတဲ့အတွက်ကြောင့် သူ့အပြုအမူကိုတောင်မသိဘဲနှင့် ကောင်မလေးလုပ်သလို လိုက်လုပ်ခြင်းဖြစ်ပါတယ်။

 

Read times Last modified on Wednesday, 19 September 2018 16:39
Rate this item
(2 votes)