ကိုယ့်ချစ်သူကို လက်မလွှတ်သင့်တဲ့အချက်များ

ကိုယ့်ချစ်သူကို လက်မလွှတ်သင့်တဲ့အချက်များ

တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံဖို့ဆိုတာ ခက်ခဲပါတယ်။ အများအမြင်မှာတော့

လွယ်သလိုရှိပေမယ့် ကိုယ်နဲ့ ရေစက်ရှိမှ ဆုံစည်းရတာဖြစ်ပါတယ်။ ကိုယ့်အပေါ်မှာ အကောင်းမြင်တဲ့ ကိုယ့်ချစ်သူကိုတော့ လက်မလွှတ်သင့်ပါနဲ့လို့ ဆိုပါရစေ။

 

ကိုယ့်ကို ယုံကြည်ပေးခြင်း

 

ကိုယ်နဲ့ သူငယ်ချင်းများ ပေါင်းသင်းဆက်ဆံရတဲ့အခါတွင် ကိုယ့်ကို စသလို နောက်သလိုနဲ့ ယုံကြည်မှုတွေ ပျက်ယွင်းစေနိုင်ပါတယ်။ ဒီလိုလူတွေနဲ့ နေတာကြာရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့နည်း စေမှာဖြစ်ပါတယ်။

 

အဲလိုမဟုတ်ဘဲ ကိုယ့်ကိုကောင်းကွက်တွေပဲမြင်ပြီး အားပေးတတ်သူ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ် တိုးလာစေမယ်ဆိုရင်တော့ လက်မလွှတ်သင့်ပါဘူး။

 

လမ်းကြောင်းအမှန်တည့်ပေးခြင်း

 

ကိုယ့်ကို ကိစ္စတိုင်းတွင် အဆင်သင့် အစစအရာရာ လုပ်ဆောင်ပေးတာမျိုးမဟုတ်ဘဲ၊ ကိုယ့်အစွမ်းအစရှိပြီး အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်အောင် တွန်းတင်ပေးတတ်သူမျိုးဆိုရင်တော့ လက်မလွှတ်သင့်ပါဘူး။

 

တစ်ခါတစ်ရံ သူပြောတဲ့စကားတွေက ကိုယ့်အတွက် ခါးခါးသီးသီး ရှိနိုင်ပါတယ်။ သို့ပေမယ့် သူ့စေတနာဟာ ကိုယ့်အတွက် စစ်မှန်တာကြောင့် လက်မလွှတ်သင့်ပါဘူး။

 

မိဘကျေးဇူးသိစေခြင်း

 

မိဘကျေးဇူးကို သိမြင်တဲ့သူမျိုးဆိုရင် မိတ်ဆွေကောင်းဖြစ်သလို ဘဝကြင်ဖော်ကောင်းအဖြစ်နဲ့လည်း လက်တွဲနိုင်ပါတယ်။

 

ချစ်သူကြောင့် မိသားစုကိုပိုပြီး တန်ဖိုးထားတတ်လာတယ် အေးမြတဲ့မေတ္တာတရားကို ခံစားတတ်လာတယ်ဆိုရင် အဲဒီလိုလူမျိုးကို လက်လွှတ်မခံသင့်ပါဘူး။

 

Read times Last modified on Wednesday, 19 September 2018 16:38
Rate this item
(7 votes)