ချစ်သူကို မပြောသင့်တဲ့အချက်များ

ချစ်သူကို မပြောသင့်တဲ့အချက်များ google.com

ကိုယ်ရွေးချယ်လိုက်တဲ့ ချစ်သူကို အမြဲတမ်းမဟုတ်ရင်တောင်မှ

တစ်ခါတစ်လေလေး စိတ်ချမ်းသာအောင်တော့ ထားသင့်ပါတယ်။ ဒါမှလည်း ရေရှည်မှာ တစ်ယောက်နဲ့တစ်ယောက်သံယောဇဉ်လေးတွေ ရှိလာကြမှာဖြစ်ပါတယ်။

 

ကိုယ်ချစ်လို့လက်ခံထားတဲ့ ချစ်သူကို မင်းသဘောပဲ မင်းစိတ်ကြိုက်လုပ်လို့ စကားပြီး ပြီးရောမပြောသင့်ပေ။ ဘယ်တော့မဆို နှစ်ယောက်သား တိုင်ပင်ပြီး လုပ်ကြရအောင်လို့ ပြောသင့်ပါတယ်။

 

ကိုယ်ချစ်လို့လက်ခံထားတဲ့ ချစ်သူကို မင်းကိုငါစကားမပြောချင်တော့ဘူး ဆိုပြီး မပြောသင့်ပေ။ ဘယ်တော့မဆို အဲဒီကိစ္စအတွက် နောက်နေ့မှ ဆက်ပြောတော့မယ်လို့ ပြောသင့်ပါတယ်။

 

ကိုယ်ချစ်လို့လက်ခံထားတဲ့ ချစ်သူကို မင်းကတော့ မလွယ်ပါဘူး ဆိုပြီး မပြောသင့်ပေ။ မင်းရဲ့အပြုအမူတွေက ကိုယ့်အတွက် နာကျင်အောင်ခံစားရတယ်လို့ ပြောဆိုသုံးနှုန်းသင့်ပါတယ်။

 

ကိုယ်ချစ်လို့လက်ခံထားတဲ့ ချစ်သူကို အိမ်ကလည်းရှုပ်ပွနေတာပဲ မရှင်းထားဘူးလားဆိုပြီး မပြောသင့်ပေ။ တစ်ယောက်တည်းကိုပဲ အပြစ်တင်နေမယ့်အစား နှစ်ယောက်အတူလုပ်လိုက်ရင်လည်း အဆင်ပြေနေတာပဲလို့ ပြောဆိုသင့်ပါတယ်။

 

ကိုယ်ချစ်လို့လက်ခံထားတဲ့ ချစ်သူကို မင်းငါ့ကိုနာကျင်အောင် တမင်လုပ်နေတာလားဆိုပြီး မပြောဆိုသင့်ပေ။ တစ်ယောက်ယောက်ကို အပြစ်တင်နေမယ့်အစား ဒါကမတော်မဆဖြစ်သွားတာပါ။ နာကျင်ဖို့အတွက် တမင်ရည်ရွယ်ထားတာမဟုတ်ပါဘူးဆိုပြီး ဖြေရှင်းသင့်ပါတယ်။

 

Read times Last modified on Wednesday, 19 September 2018 16:37
Rate this item
(2 votes)