ချစ်သူကို မပြောသင့်တဲ့အချက်များ - ၂

ချစ်သူကို မပြောသင့်တဲ့အချက်များ - ၂ google.com

ကိုယ်ရွေးချယ်လိုက်တဲ့ ချစ်သူကို အမြဲတမ်းမဟုတ်ရင်တောင်မှ တစ်ခါတစ်လေလေး

စိတ်ချမ်းသာအောင်တော့ ထားသင့်ပါတယ်။

 

ဒါမှလည်း ရေရှည်မှာ တစ်ယောက်နဲ့တစ်ယောက်သံယောဇဉ်လေးတွေ ရှိလာကြမှာဖြစ်ပါတယ်။

 

ကိုယ်ချစ်လို့လက်ခံထားတဲ့ ချစ်သူကို မင်းက ငါ့ကို နာကျင်အောင် တမင်လုပ်နေတာလား ဆိုပြီး မပြောဆိုသင့်ပေ။ ဒါကတော့ မတော်တဆဖြစ်သွားလို့ပါ ငါနာကျင်အောင်မင်းကို တမင်ရည်ရွယ်ပြီး လုပ်တာမဟုတ်ပါဘူးလို့ ပြောဆိုသင့်ပါတယ်။

 

ကိုယ်ချစ်လို့လက်ခံထားတဲ့ ချစ်သူကို မင်းက အစားကိုလျှော့မစားဘဲ ၀ိတ်မကျချင်နေပါလို့ မပြောဆိုသင့်ပေ။ အဲဒီလိုပြောမယ့်အစား မင်း ၀ိတ်ကျဖို့ဆိုတာ မလွယ်ဘူး။ မင်း အားကစားခန်းမမှာ အချိန်ပေးပြီး ကစားရင်တော့ မင်း ၀ိတ်ကျနိုင်တယ်လို့ ဖြေသိမ့်စကား ပြောဆိုသင့်ပါတယ်။

 

ကိုယ်ချစ်လို့လက်ခံထားတဲ့ ချစ်သူကို မင်းက အဲ့ဒီလိုဖြစ်မယ်လို့ ငါပြောခဲ့သားပဲလို့ မပြောဆိုသင့်ပေ။ အဲဒီလိုပြောမယ့်အစား နှစ်ဦးအတူ ဒီထက်ပိုပြီး အဆင်ပြေအောင် ကြိုးစားကြမယ်လို့ ပြောဆိုသင့်ပါတယ်။

 

ကိုယ်ချစ်လို့လက်ခံထားတဲ့ ချစ်သူကို မင်းက ဘယ်တော့မှ စည်းကမ်းမရှိဘူး၊ အမြဲတမ်း ပစ္စည်းပျောက် နေတာပဲ လို့ မပြောဆိုသင့်ပေ။ နှစ်ဦးအတူ မင်းဘယ်နေရာမှာ အထားမှားတယ်ဆိုတာကို သေချာ စဉ်းစားပြီး ရှာကြရအောင်လို့ ပြောဆိုသင့်ပါတယ်။

 

ကိုယ်ချစ်လို့ လက်ခံထားတဲ့ချစ်သူကို မင်းကို တခြားလူဆိုရင် သည်းခံမှာမဟုတ်ဘူး၊ ငါမို့လို့ သည်းခံနေတာလို့ မပြောဆိုသင့်ပေ။ အဲဒီလိုပြောမယ့်အစား မင်းက ကိုယ့်အတွက် အကောင်းဆုံး အတော်ဆုံး ချစ်သူပါလို့ ပြောဆိုသင့်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 16:37
Rate this item
(2 votes)