မင်္ဂလာပွဲအတွက်အချိန်ယူစီစဉ်ခြင်း

မင်္ဂလာပွဲအတွက်အချိန်ယူစီစဉ်ခြင်း google.com

အချိန်ယူရန်

မင်္ဂလာဆောင်ဖို့အတွက် အချိန်တစ်နှစ်ခွဲလောက်ယူ၍ အစီအစဉ်ဆွဲနေခဲ့ကြပြီး ဒီလိုကြိုတင်အစီအစဉ်ဆွဲတာက စိတ်ဖိစီးမှုကို အမှန်ပဲ လျော့ချစေပါတယ်။

 

လုပ်စရာအတော်များများ စောစောစီးစီးပြီးသွားသလို ကျွန်မတို့တကယ်ဆနရှိတဲ့အရာတွေအတွက် အချိန်ပေးနိုင်ကြပါတယ်။

 

သင့်အနေနဲ့ သင့်မင်္ဂဆောင်အတွက် တစ်ခါပဲ စီစဉ်ရမှာမို့ စိတ်ဖိစီးစရာမဖြစ်စေပဲ ပျော်စရာအချိန်တစ်ခုဖြစ်ဖို့ သေချာလုပ်စေချင်ပါတယ်။

 

အချိန်တိုင်းကို လက်မလွှတ်စေမိပါစေနှင့်

 

သင့်ရဲ့မင်္ဂလာအချိန်မှာ ချစ်ခြင်းမေတ္တာ၊ ပျော်ရွှင်ခြင်းနဲ့ ပီတိသောမနဿတွေထဲတွင် ပျော်မွေ့လိုက်ပါ။

 

မင်္ဂလာမောင်နှံနှစ်ဦး သီးသန့်အချိန်ယူ၍ တွေ့ဆုံခြင်း

 

ကျွန်တော်တို့မင်္ဂလာဆောင်အစီအစဉ်တွေထဲက အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကင်မရာဆရာနဲ့ ဗီဒီယိုရိုက်ကူးသူတွေ ပူပေါင်းပြီး နံနက်ခင်းရဲ့ ဆူညံမှုတွေနဲ့ဝေးရာ ချောင်ကျကျနေရာတစ်ခုကို ကျွန်တော်တို့အတွက် ရှာပေးခဲ့ပါတယ်။

 

ဒီလိုနေရာမှာ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ပထမဆုံးအကြိမ် အချိန်ပေး ဂရုစိုက်နိုင်ကြပါတယ်။ ပင့်သက်ရှိုက် အနားယူရင်း တစ်နေ့လုံးအာရုံထဲမှာ စွဲထင်နေမယ့် အချိန်လေးကို ကျွန်တော်တို့ ဖန်တီးနိုင်ခဲ့ကြပါတယ်။

 

သင်ဘယ်လိုပဲဆုံးဖြတ်ပါစေ၊ သင်တို့ဇနီးမောင်နှံအတွက် မှန်ကန်တဲ့အရာကို ရွေးချယ်လုပ်ဆောင်တာက အရေးကြီးဆုံးပါပဲ။

 

ပြီးပြည့်စုံနေဖို့ မလိုအပ်

 

ဒီလိုပွဲမျိုးက မိမိကိုယ်ကို ပွဲထုတ်ရတဲ့ ပွဲမျိုးဖြစ်ပေမယ့် သင့်အနေနဲ့ အမြဲဒီလိုဖြစ်နေရမယ်လို့ မဆိုလိုပါဘူး။ ဒါက အစပဲရှိပါသေးတယ်။

 

တကယ်တော့ ကျွန်တော်တို့အတွက် အကောင်းဆုံး အခိုက်အတန့်တွေဆိုတာက သစ်ရွက်တွေ၊ ဖုံတွေ ကပ်နေတဲ့ မင်္ဂလာအဝတ်အစားနဲ့ ရိုက်လိုက်မိတဲ့ ဓါတ်ပုံလိုမျိုး ကိုယ်ကြိုတင်မစီစဉ်လိုက်ရတဲ့ အချိန်မျိုးတွေ ဖြစ်တတ်ပါတယ်။

 

ဒီလိုအချိန်တွေက ရှုပ်ယှက်ခတ်နေနိုင်ပြီး လက်ထပ်မင်္ဂလာ မဂဇင်းတွေထဲမှာ မြင်တွေ့ရလေ့မရှိတဲ့ အခြေအနေမျိုးဖြစ်နေမှာပါ။

 

ဒါပေမယ့် ဒီလိုအခိုက်အတန့်တွေကပဲ ရိုးရှင်းပြီး ပျော်စရာ ကောင်းနေတတ်တာပါ။ မမျှော်လင့်တာတွေနဲ့ တစ်ဦးအယူအဆကို တစ်ဦးလက်ခံပြီး မင်္ဂလာအခမ်းအနားတစ်ခုလုံးရဲ့ ပုံရိပ်ကို ကိုယ်မတတ်နိုင်မယ့် စံတွေနဲ့ မပျက်စီးမိပါစေနဲ့။

 

ဒီလိုအရာတွေထဲမှာ ယခုမှစ အနာဂတ်အထိ နှစ်ကိုယ်တူ ရွှေလက်တွဲသွားကြရမှာပါ။

 

ကြိုးစားသမျှ အရာထင်မယ်လို့ယုံကြည်ခြင်း

 

မင်္ဂလာမဆောင်ခင်မှာ ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်က သူမလက်ထပ်တဲ့နေ့က သူမအတွက် အကောင်းဆုံးနေ့ဖြစ်တယ်လို့ဆိုပါတယ်။

 

ကျွန်မလည်း မကြာခင်မှာ ကျွန်မမင်္ဂလာဆောင်အတွက် သူ့လိုပဲခံစားချင်မိခဲ့တယ်။ နေ့တိုင်းလုပ်စရာတွေနဲ့ ရှည်ကြာလှတဲ့ မင်္ဂလာဆောင်ကြိုတင်စီစဉ်မှုတွေကြားထဲမှာ ကျွန်မရောက်တော့ ခံစားရတဲ့စိတ်ဖိစီးမှုကြောင့် အဲဒီနေ့ဘယ်တော့မှ ရောက်တော့မှာမဟုတ်ဘူးလို့တောင် ခံစားမိခဲ့တယ်။ 

 

ဒါပေမယ့် တဖြည်းဖြည်းနဲ့ ရောက်လာတာပါပဲ။ အချိန်ရောက်တော့ ကျွန်မအိပ်ရာကထ၊ မင်္ဂလာခန်းမထဲ မင်္ဂလာသတို့သမီးတစ်ယောက်အနေနဲ့ ဝင်ရောက်ချိန်အထိ ကျွန်မအကောင်းဆုံးကြိုးစားခဲ့တယ်။

 

မင်္ဂလာဆောင်မယ့် အခြားသတို့သားနဲ့ သတို့သမီးတို့ကိုလည်း ဒီလိုပဲလုပ်ဖို့ ကျွန်မတိုက်တွန်းမှာပါ။

Read times Last modified on Wednesday, 19 September 2018 16:36
Rate this item
(4 votes)