လက်ထပ် ထိမ်းမြားခြင်း

လက်ထပ် ထိမ်းမြားခြင်း

ယောက်ျားလေး တစ်ယောက်နှင့် မိန်းကလေး တစ်ယောက် အချိန်တန် အရွယ်ရောက်၍ လူလား မြောက်သောအခါတွင်

အိမ်ထောင် ပြုကြသည်မှာ လောကဓမ္မတာ တစ်ခုဖြစ်ပါတယ်။

 

ထိုသို့ အရွယ်ရောက်သော ယောက်ျား တစ်ယောက်နှင့် အရွယ်ရောက်သော မိန်းကလေး တစ်ယောက် အိမ်ထောင် ပြုသည်ကို မြန်မာတို့က ထိမ်းမြား မင်္ဂလာဆောင်သည်ဟု ခေါ်ဝေါ်ကြလေ့ရှိပါတယ်။

 

ထိုအခါ မျိုးများတွင် မင်္ဂလာအခမ်းအနားများကို ကျင်းပလေ့ရှိကြပါတယ်။ မင်္ဂလာပွဲမကျင်းပမီ လူကြီးများက ကိုယ့်သားသမီးများကို မင်္ဂလာဆောင်မည့်ရက်ရွေးဖို့အတွက် ဗေဒင်ဆရာနှင့် တိုင်ပင်ဆွေးနွေးကြလေ့ရှိပါတယ်။

 

မင်္ဂလာဆောင်ရန် လ ရွေးနည်း

 

တန်ခူးလ၊ ကဆုန်လတွေမှာ အိမ်ထောင်ပြုရင် ပြည့်စုံကြွယ်ဝ ချမ်းသာမယ်။

 


နယုန်လမှာ အိမ်ထောင်ပြုရင် မိတ်ဆွေအပေါင်းအသင်း ဆွေမျိုးတွေရဲ့ချစ်ခင်လေးစားမှု၊ ကူညီဖေးမမှုတွေ ခံရပါမယ်။

 


သီတင်းကျွတ်လမှာ အိမ်ထောင်ပြုရင် ဥစ္စာပစ္စည်း ရွှေ၊ ငွေ စီးပွားပေါများကြွယ်ဝပြီး သားကောင်း၊ သမီးကောင်း ထွန်းကားပါလိမ့်မယ်။

 


တန်ဆောင်မုန်းလမှာ အိမ်ထောင်ပြုရင် ဥစ္စာပစ္စည်း အသုံးအဆောင်တွေနဲ့ ပြည့်စုံပါလိမ့်မယ်။

 


တပို့တွဲလမှာ အိမ်ထောင်ပြုရင် ရတနာသုံးပါး ကိုင်းရှိုင်းပြီး ဥစ္စာပစ္စည်းတွေနဲ့ ပြည့်စုံကြွယ်ဝ
ချမ်းသာလိမ့်မယ်လို့ ဗေဒင်ဆရာများ၏ ပြောကြားချက်အရ သိရပါတယ်။

 

Read times Last modified on Wednesday, 19 September 2018 16:22
Rate this item
(3 votes)