ခင်ပွန်းသည်က ဇနီး လုပ်ရပ်တွေကို မကြိုက်သည့် အချက်များ - ၎

ခင်ပွန်းသည်က ဇနီး လုပ်ရပ်တွေကို မကြိုက်သည့် အချက်များ - ၄ google.com

- ကိုယ့်မိဘဆွေမျိုးသားချင်းတွေနဲ့ ဖုန်းမှာ စကားအကြာကြီး

ပြောဆိုနေတတ်တာကိုလည်း ခင်ပွန်းသည်တွေက မကြိုက်ကြပါဘူး။

 

- ခင်ပွန်းသည်ရဲ့ မိဘဆွေမျိုးသားချင်း၊ အပေါင်းအသင်းတွေကို ကိစ္စတိုင်းမှာ စိတ်မပါ့တပါဆက်ဆံတတ်ခြင်း၊ ဥပေက္ခာပြုတတ်ခြင်းတို့ကိုလည်း ခင်ပွန်းသည်တွေက မကြိုက်ကြပါဘူး။

 

- အမြဲတမ်းလိုလိုရောဂါတစ်ခုခုကို အကြောင်းပြပြီး အိမ်အလုပ်မလုပ်ဘဲ ပစ်ထားမယ်ဆိုရင်လည်း ခင်ပွန်းသည်တွေက မကြိုက်ကြပါဘူး။

 

- ကိုယ့်အိမ်လာတဲ့သူတိုင်းကို ခင်ပွန်းသည်အကြောင်း မဟုတ်ကဟုတ်က အတင်းဖန်တီးပြောဆိုတတ်ရင်လည်း ခင်ပွန်းသည်တွေက မကြိုက်ကြပါဘူး။

 

- အိပ်ရာထဲရောက်တာနဲ့ ခင်ပွန်းသည်တစ်နေ့လုံးလုပ်ခဲ့တဲ့အလုပ်တွေအကြောင်း တန်းစီပြောခိုင်းမယ်ဆိုရင်လည်း ခင်ပွန်းသည်တွေက မကြိုက်ကြပါဘူး။

 

- ရုံးက မောမောပန်းပန်းနဲ့ ပြန်လာတဲ့ခင်ပွန်းသည်ကို အိမ်အလုပ်ကူလုပ်ပေးဖို့မျှော်လင့်နေမယ်ဆိုရင်လည်း ခင်ပွန်းသည်တွေက မကြိုက်ကြပါဘူး။

 

- ကိုယ့်မိဘအိမ်နဲ့ခင်ပွန်းသည်ရဲ့အိမ်ကိုနှိုင်းယှဉ်ပြီး နှိမ့်ချပြောဆိုခြင်းကိုလည်း ခင်ပွန်းသည်တွေက မကြိုက်ကြပါဘူး။

Read times Last modified on Wednesday, 19 September 2018 16:22
Rate this item
(1 Vote)