မင်္ဂလာမဆောင်ခင် ပြုလုပ်ထားရမည့် အချက်များ

မင်္ဂလာမဆောင်ခင် ပြုလုပ်ထားရမည့် အချက်များ

၁၂ လအလိုတွင်

- နှစ်ဖက်မိဘများ တွေ့ဆုံစေ့စပ်ကြောင်းလမ်းခြင်း


- လက်ထပ်မည့်နေရာရွေးချယ်ခြင်း


- မင်္ဂလာပွဲပုံစံသတ်မှတ်ခြင်း

 

၉ လမှ ၁၂ လအလိုတွင်


- ဗေဒင်မေးပြီး မင်္ဂလာရက်သတ်မှတ်ခြင်း


- တက်ရောက်မည့်နှစ်ဖက်မိဘဆွေမျိုးများစာရင်းပြုစုခြင်း


- ခန်းမငှားရမ်းကုန်ကျစရိတ်တွက်ချက်ခြင်း


- သတို့သား၊ သတို့သမီး၊ အရံ လျာထားခြင်း


- ဓာတ်ပုံနှင့် ဗွီဒီယိုဆရာငှားရမ်းခြင်း


- ဘိသိတ်ဆရာငှားရမ်းခြင်း


- အလှဖန်တီးရှင်ငှားရမ်းခြင်း


- နေရာထိုင်ခင်းရှာထားခြင်း

 

၆ လမှ ၉ လအလိုတွင်


- တီးဝိုင်းနှင့်အဆိုတော်များရွေးချယ်ငှားရမ်းခြင်း


- ခန်းမငှားရမ်းခြင်း


- သတို့သား၊ သတို့သမီး၊ အရံများအတွက် ၀တ်စုံရွေးချယ်ခြင်း


- လက်ထပ်လက်စွပ်ဝယ်ယူခြင်း


- ပျားရည်ဆမ်းခရီးအတွက်ပြင်ဆင်ခြင်း

 

၃ လမှ ၆ လအလိုတွင်


- ဖိတ်စာနှင့် ပြန်အမ်းလက်ဆောင်ပြုလုပ်ခြင်း


- မင်္ဂလာအကြို ဓာတ်ပုံရိုက်ကူးခြင်း


- လက်ဝတ်ရတနာငှားရမ်းခြင်း


- ပျားရည်ဆမ်းခရီးအတွက် ဘိုကင်လုပ်ခြင်း

 

၃ လအလိုတွင်


- ရပ်ဝေးမှ မိတ်ဆွေများအား မင်္ဂလာဆောင်ဖိတ်စာပို့ခြင်း


- သတို့သားနှင့် သတို့သမီးဆံပင်အလှပြုပြင်ခြင်း


- မင်္ဂလာကားစီစဉ်ခြင်း


- မင်္ဂလာပန်းကုံး၊ လက်ထပ်လက်စွပ်ဆင်မြန်းမည့်သူအားရွေးချယ်ခြင်း


- လက်ဖွဲ့ငွေနှင့် လက်ဖွဲ့ပစ္စည်းများ လက်ခံရန် သင့်တော်သူအား ရွေးချယ်ခြင်း

 

ရက်သတ္တပတ်အလိုတွင်


- မိတ်ဆွေများအား ဖိတ်စာပို့ခြင်း


- မင်္ဂလာပွဲတွင် ကူညီမည့်သူစာရင်းပြုစုခြင်း


- မင်္ဂလာဝတ်စုံကို ကြိုတင်မှာယူခြင်း


- ပျားရည်ဆမ်းခရီးအတွက် အထုပ်အပိုးများထည့်ထားခြင်း


- မင်္ဂလာပွဲတွင်ဝတ်ဆင်မည့် ဒေါက်မြင့်ဖိနပ်အား အစမ်းစီးခြင်း


- အသားအရေစို၍ လှပစေရန် ရေများများသောက်ထားခြင်း

Read times Last modified on Wednesday, 19 September 2018 16:22
Rate this item
(2 votes)