ဘ၀လက်တွဲဖော်အဖြစ်ရွေးချယ်သင့်သည့်အချက်များ

ဘ၀လက်တွဲဖော်အဖြစ်ရွေးချယ်သင့်သည့်အချက်များ google.com

မိသားစုက ကိုယ့်ဘေးနားမှာ တစ်သက်လုံးရှိနေမှာမဟုတ်ပါဘူး။ ကိုယ့်ဘ၀ရဲ့

လက်ကျန်ရက်တွေကို တစ်ယောက်တည်းဖြတ်သန်းဖို့ဆိုတာ မလွယ်ကူလှပါဘူး။

 

ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်ဖို့ရာကလည်း အတော်ကို စဉ်းစားရပါလိမ့်မယ်။ အချစ်ကို ဦးစားပေးနေရုံနဲ့ စိတ်ချမ်းသာရမယ်လို့ မထင်ပါနဲ့။

 

ကိုယ့်ချစ်သူက ကိုယ်လိုချင်တာ၊ ကိုယ်လိုအပ်တာ ဘာလဲဆိုတာကို သိထားဖို့လိုသလို သူ့ဘက်ကရော ဘယ်လိုသဘောထားသလဲဆိုတာ နားလည်ထားရပါမယ်။

 

တစ်ယောက်ကိုတစ်ယောက်ရန်ငြှိုးမထားခြင်း

 

လူတစ်ယောက်နဲ့တစ်ယောက်ပေါင်းဖက်ခြင်းဟာ အဆင်ပြေလောက်တဲ့အရာမဟုတ်ပါဘူး။ နှစ်ဦးစကားများ ရန်ဖြစ်တယ်ဆိုတာ စုံတွဲတိုင်းမှာ ရှိတတ်ကြပါတယ်။

 

ရန်ဖြစ်ပြီးသွားတဲ့အခါ ကိုယ့်ဘက်ကရော သူ့ဘက်ကပါ အရင်ဆုံး ပြန်ခေါ်ပြီး အငြှိုးအတေးတွေ မထားကြဘူးဆိုရင်တော့ ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်သင့်တဲ့အချက်ထဲမှာ ပါဝင်ပါတယ်။

 

နှစ်သက်သဘောကျစေခြင်း

 

ကိုယ့်မိသားစုတောင် တစ်ခါတစ်လေ ကိုယ့်ကို ပျော်အောင်ထားဖို့ခက်ခဲပါတယ်။ သို့ပေမယ့် သူ့ကြောင့် ကိုယ် ပျော်ရွှင်ရတယ်ဆိုရင် ကိုယ့်လောက်ကံကောင်းတဲ့လူရှိမှာမဟုတ်ပါဘူး။

 

ထို့အပြင် ကိုယ့်ရဲ့အပြုအမူတွေကို သူက နှစ်သက်သဘောကျပြီး ကိုယ့်ကြောင့် သူပျော်ရွှင်ရတယ်ဆိုရင်လည်း နေ့ရက်တိုင်းအတွက် သူလည်း ကံကောင်းတဲ့လူဖြစ်စေမှာ ဖြစ်ပါတယ်။

 

တစ်ယောက်ကိုတစ်ယောက်နားလည်မှုရှိခြင်း

 

တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်နှင့် သံသရာလည်နေပြီး နောက်ဆုံး နားလည်မှု အပြည့်အ၀ရသွားရင်တော့ သင့်ကို တကယ်ချစ်တဲ့လူနဲ့ သင်တွေ့နေတာဖြစ်ပါတယ်။ ထို့ကြောင့် သူ့ကို သင့်လက်တွဲဖော်အဖြစ် ရွေးချယ်သင့်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 15:26
Rate this item
(1 Vote)