ချစ်သူကို မေးသင့်တဲ့မေးခွန်းများ

ချစ်သူကို မေးသင့်တဲ့မေးခွန်းများ google.com

ချစ်သူစုံတွေတွေ့ဆုံတိုင်း နှစ်ဦးဆက်ဆံရေး တိုးတက်စေချင်ရင် ကိုယ့်ချစ်သူကို

ဒီလိုမေးခွန်းလေးတွေ မေးတတ်ရပါတယ်။ အဲဒီမေးခွန်းလေးတွေက နှစ်ဦးဆက်ဆံရေးကို ပိုမိုရင်းနှီးနွေးထွေးလာစေဖို့အတွက် ပဲဖြစ်ပါတယ်။

 

အဆင်ပြေလား

ချစ်သူကို ဒီနေ့အိမ်နဲ့အဆင်ပြေရဲ့လား၊ အလုပ်လုပ်ရတာအဆင်ပြေရဲ့လား ဆိုတာကို သူ့မျက်နှာကို သေသေချာချာကြည့်ပြီး မေးမြန်းသင့်ပါတယ်။ သူ့မျက်နှာကတစ်မျိုးဖြစ်နေရင်တော့ သူ့လက်မောင်း သို့မဟုတ် ပခုံးလေးကို ကိုင်ပြီး ဂရုတစိုက်မေးမြန်းသင့်ပါတယ်။

 

ကိုယ်လုပ်ပေးနိုင်တဲ့ အရာများ ရှိသလား

ချစ်သူက အလုပ်တွေရှုပ်နေမယ်ဆိုရင် သင့်အနေနဲ့ ဘာများကူညီပေးနိုင်မလဲဆိုတာလေးတော့ မေးမြန်းသင့်ပါတယ်။ ဘာမှမလုပ်ပေးနိုင်ရင်တောင်မှ သင့်အနေနဲ့ ခုလိုမေးတာမျိုးဆိုရင် သူသဘောကျပါလိမ့်မယ်။ ကူညီပေးနိုင်တဲ့အလုပ်ဆိုရင်လည်း သူကစပြီး သင့်ကို အကူအညီမတောင်းရတဲ့အတွက် ၀မ်းသာကျေနပ်ပီတိဖြစ်နေပါလိမ့်မယ်။

 

သူ့အတွက် အရေးအကြီးဆုံးကဘာလဲ

သင့်ချစ်သူ ဆုံးဖြတ်ချက်ချရတော့မယ့်အချိန်ဆိုရင်တော့ သူ့ကို ဘာအရေးအကြီးဆုံးလဲ။ နောက်တစ်ခုက သူဘာကို တစ်ကယ်လိုချင်တာလဲဆိုတာ သိသွားပါလိမ့်မယ်။ ဒီလိုမေးမြန်းလိုက်ခြင်းက သူတကယ်လိုချင်တဲ့အရာ သို့မဟုတ် သူတန်ဖိုးထားတဲ့အရာကို သင်သိနိုင်ပါလိမ့်မယ်။

Read times Last modified on Wednesday, 19 September 2018 15:23
Rate this item
(1 Vote)